ကျွန်တော်တို့ အားလုံးဟာ နေ့တိုင်းနေ့တိုင်းမှာ ပိုကောင်းလာဖို့ ကြိုးစားကြ ရပါတယ်။ ဘဝမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို ဖမ်းဆုပ်ဖို့ စိတ်အားထက်သန်တယ်ဆိုရင် နေ့တိုင်းရက်မှာ ကောင်းမွန်တဲ့အလေ့အထအချို့ကို ပြောင်းဖို့လိုမှာပါ။ ဒီတစ်ခေါက်ပြောပြပေးမှာက သင့်ဘဝကို ယခုထက်ပိုမိုကောင်းမွန်အောင် ပြောင်းလဲစေနိုင်တဲ့ ဆုံးဖြတ်ချက် သံဓိဋ္ဌာန်တွေအကြောင်းပါ။
(၁) အသစ်တစ်ခုခု သင်ယူဖို့ ဆုံးဖြတ်ချက်ချပါ
Photo : Open University
လေ့လာစူးစမ်းလိုစိတ်က အောင်မြင်မှုအတွက် ခြေလှမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ နေ့ရက်တိုင်းမှာ အသစ်တစ်ခုခုကို သင်ယူနေခြင်း လေ့လာနေခြင်းဟာ သင့်ဘဝကို တစ်စထက်တစ်စ တိုးတက်ပြောင်းလဲနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး သင့်ရဲ့နေ့ရက်တိုင်းမှာ အသစ်သစ်သောအရာကို သင်ယူဖို့ ဆုံးဖြတ်ချက်ချထားပါ။
(၂) ဖန်တီးနိုင်စွမ်း ပိုကောင်းအောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချပါ
Photo : InfoTx.my.id
တီထွင်ဖန်တီးမှုစွမ်းရည်ဟာ အောင်မြင်မှုအတွက်အရေးပါတဲ့ ထိပ်တန်းအရည်အချင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းတွေ တိုးတက်အောင်လုပ်ဆောင်လုပ်ဆောင်တာနဲ့အမျှ ဆန်းသစ်တဲ့စိတ်ကူးစိတ်သန်းကောင်းတွေ နိုးကြားလာမှာဖြစ်ပြီး ကောင်းမွန်တဲ့ဘဝဆီသို့တိုးတက်ပြောင်းလဲလာမှာပါ။ ဖန်တီးနိုင်စွမ်း ပိုကောင်းအောင် ဆိုရင်အရှိုးရှင်းဆုံးနည်းလမ်းက ဝါသနာပါတဲ့အရာတွေကို အချိန်ပေးလုပ်ဆောင်တာပါပဲ။
(၃) စာအုပ်ပုံမှန်ဖတ်ဖို့ ဆုံးဖြတ်ချက်ချပါ
Photo : The Jakarta Post
စာဖတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ စိတ်ဓာတ်တက်ကြွမှုကို တိုးတက်စေပါတယ်။ စာအုပ်တွေထဲက သင့်အတွက် ဗဟုသုတနဲ့ ဉာဏ်အလင်းတွေအပြင် လက်တွေ့ ဘဝမှာ တိုးတက်ပြောင်းလဲဖို့အတွက်အသုံးဝင်စေမယ့် လမ်းညွန်မှုတွေကိုလည်း ရရှိစေမှာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့ရက်တိုင်းမှာ အားလပ်ချိန်လေးတွေရလာတိုင်း စာအုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားပါ။
(၄) ကျေးဇူးတင်စိတ်မွေးဖို့ ဆုံးဖြတ်ချက်ချပါ
Photo : Dreamstime
ကျေးဇူးတင်တက်စိတ်ဟာ သင့် Personality ကိုမြင့်တက်စေပြီး ပေါင်းသင်းဆက်ဆံရေးအတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေ ရရှိစေနိုင်ပါတယ်။ ဘဝကို ကောင်းစွာရှင်သန်နိုင်ဖို့ ကျေးဇူးတင်တတ်တဲ့စိတ်က အရေးကြီးဆုံးလို့ပြောရင်လည်း မမှားနိုင်ပါဘူး။ တခြားသူတွေအပေါ် ကျေးဇူးတင်တက်တာဟာ ကိုယ့်ရဲ့တန်ဖိုးထားမှုကို ဖော်ပြပေးရာရောက်သလို ဘဝမှာပိုပြီးနေပျော်လာစေမှာလည်း ဖြစ်ပါတယ်။
(၅) ဘယ်အရာကိုမဆို လွယ်လွယ်လက်မလျော့ဖို့ ဆုံးဖြတ်ချက်ချပါ
Photo : Clubsweat.ca
ဘဝဆိုတာ တစ်ခါတစ်ရံ ခက်ခဲကြမ်းတမ်းနိုင်တယ် တစ်ခါတစ်ရံ ကိုယ့်အစီအစဉ်တွေ မအောင်မြင်နိုင်ဖြစ်တက်ပါတယ်။ ဒါပေမယ့် ဒါဟာလမ်းဆုံးမဟုတ်ပါဘူး။ ဘဝမှာရွေးချယ်စရာတွေ အမြဲရှိနေပါလိမ့်မယ်။ အဓိကလွယ်လွယ်လက်မလျော့လိုက်ဖို့ပါပဲ။ ဒါဆိုတစ်နေ့မှာသင်မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေပြည့်ဝလာမှာပါ။ ဒါကြောင့် သင်ဟာ လွယ်လွယ်လက်မလျော့တက်သူတစ်ယောက်အဖြစ် နေ့တိုင်း ကိုယ့်ကိုကိုယ်အမြဲသတိပေးနေသင့်ပါတယ်။
Featured Photo : One Country