လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက်က တစ်နှစ်မှာ လေးကြိမ်လောက် ဝိတ်ချဖို့ ကြိုးစားလေ့ရှိခြင်းပါပဲ။ ဒါပေမဲ့ လူအယောက်တစ်ရာမှာ တစ်ယောက်ကသာ အောင်မြင်စွာ ဝိတ်ချနိုင်ခဲ့တာပါ။

စာဖတ်သူလည်း ဝိတ်ကျချင်တဲ့သူဆိုရင် ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲဆိုတာ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ဇွဲရှိရပါမယ်။

Source: freepik.com

အသင့်စားအစားအစာတွေ၊ အရသာရှိတဲ့ သရေစာမုန့်တွေ၊ အဆီအဆိမ့်တွေ စားရာကနေ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ပြောင်းစားရခြင်းက တကယ်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ရက်၊ နှစ်ရက်လောက် အစားအသောက်ဆင်ခြင်ရမှာမဟုတ်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒမဖြစ်မြောက်မချင်း အလေ့အကျင့်တစ်ခုအနေနဲ့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ မိမိကိုယ်ကို အလိုမလိုက်မိဖို့ ကြိုးစားပါ။

တိုးတက်မှုဖြစ်စဉ်တွေကို မှတ်သားထားပါ။

Source: boredpanda.com

ဝိတ်စလျော့တဲ့နေ့က ပုံကို ဓာတ်ပုံရိုက်ထားပြီး တစ်လအကြာမှာ ဓာတ်ပုံပြန်ရိုက်ကြည့်ပြီး ကိုယ့်ရဲ့တိုးတက်မှုအခြေအနကို စောင့်ကြည့်ပါ။ ကိုယ်အလေးချိန် ချိန်ကြည့်ပြီး ဝိတ်ဘယ်လောက်ကျသွားလဲဆိုတာ မှတ်သားထားပါ။ မိမိရဲ့ တိုးတက်မှုဖြစ်စဉ်ကို မှတ်သားထားခြင်းက သင့်ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ခွန်အားတွေပေးပါလိမ့်မယ်။

လှုပ်လှုပ်ရှားရှားနေပါ။

Source: freepik.com

အစားအသောက်ဆင်ခြင်ခြင်းနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဝိတ်ကျချင်တဲအိပ်မက်က အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းမဟုတ်ရင်တောင် နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကလည်း ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။

သင့် သူငယ်ချင်းနဲ့ မိသားစုဝင်များထံမှ အားပေးစကားရယူပါ။

Source: freepik.com

မိမိ ဝိတ်ချနေတယ်ဆိုတာ သူတို့သိအောင် ပြောပြထားပါ။ အဲ့ဒါဆိုရင် သင့်အရှေ့မှာ အရသာရှိတဲ့မုန့်စားပြနေတာမျိုး၊ မစား စားချင်အောင် ဆွဲဆောင်နေတာမျိုး စတဲ့အပြုအမူတွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပေးပါလိမ့်မယ်။

ဝိတ်ချချင်သူတွေအနေနဲ့ ဘယ်လိုအစားအစာတွေကို စားသောက်သင့်သလဲ။

Source: fitnessandwellnessnews.com

ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ ဆော်လမွန်ငါး၊ ကြက်သွန်ဖြူ၊ တူနာငါး၊ အမဲသား၊ ကြက်ရင်အုံသား၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များ၊ ပဲအမျိုးမျိုး စတဲ့ အစားအစာတွေကို ဈေးဝယ်ထွက်တိုင်း ဦးစားပေးဝယ်ယူဖို့ မမေ့ပါနဲ့။