အာဟာရမျှတစွာပါဝင်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့အစားအစာများသည် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး ဝမ်းဗိုက်ရှိအဆီပိုများကို ဖယ်ရှားပေးကာ ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။ သင့်အနေနဲ့ ဝမ်းဗိုက်ရှိအဆီပိုများကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖျော်ရည်လေးတွေက ကူညီပေးနိုင်ပါတယ်။

Green Tea

green tea for men

Green Tea ဖျော်ရည်သည် ခေါင်းမာလွန်းပြီး ချေဖျက်ရခက်သော အဆီပိုများကို ဖယ်ရှားပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ Green Tea ပုံမှန်သောက်သုံးခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေကာ ဗိုက်မှာစုနေတဲ့အဆီပိုတွေကို ဖယ်ရှားပေးနိုင်တယ်လို့ သိရှိရပါတယ်။

ပျားရည်နှင့် သစ်ကြမ်းပိုးခေါက်ဖျော်ရည်

cinnamon and honey for men

ဒီဖျော်ရည်သည် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အဆီပိုတွေကို လျင်မြန်စွာ လျော့ချပေးပါတယ်။ ရေနွေးနွေးတစ်ခွက်ထဲသို့ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ပျားရည် အနည်းငယ်ထည့်ပြီးနောက် သမအောင် ရောမွှေလိုက်ပါ။ မနက်နိုးလင်းတိုင်း သောက်သုံးပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်

apple cider vinegar for men

မနက်အိပ်ရာနိုးပြီး ဗိုက်ထဲအစာ မရှိခင်မှာ ရေနွေးနွေးတစ်ဖန်ခွက်ထဲ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် မွှေကာ သောက်သုံးလိုက်ပါ။ ထိုဖျော်ရည်သည် သင့်တစ်နေ့တာလုံးမှာ အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးပြီး အစား အလွန်အကျွံ စားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။

နာနတ်သီးဖျော်ရည်

pineapple juice for men

သင့်အနေနဲ့ ဖျော်ရည်ချဉ်ချဉ်လေး သောက်ချင်တယ်ဆိုရင်တော့ နာနတ်သီးဖျော်ရည်က အသင့်တော်ဆုံးပါပဲ။ နာနတ်သီးဖျော်ရည်ထဲမှာ ပါဝင်တဲ့ Bromelain သည် အဆီပိုများကို ဖယ်ရှားပေးဖို့ရန်အတွက် လုပ်ဆောင်ပေးပါတယ်။

နံနံပင်ဖျော်ရည်

celery juice for men

အခြားသော ဖျော်ရည်များကဲ့သို့ပင် ဒီဖျော်ရည်သည်လည်း ဗိုက်ကယ်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းမှ ကာကွယ်ပေးပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ကယ်လိုရီများကို လောင်ကျွမ်းစေကာ ဆီး၊ ဝမ်းမှန်စေပါတယ်။

Source: Food.ndtv.com