ကျွန်တော်တို့ အမျိုးသားအများစုရဲ့ ပျိုပြစ်နုပျိုခြင်းတွေဟာ ကြာရှည်မခံဘူးလို့ ဆိုရမှာပါ။ ဘာလို့ဆို အိုမင်းရင့်ရော်မှုမြန်စေတဲ့ နေထိုင်မှုပုံစံတွေကို ပိုလုပ်မိတက်ကြလို့ပါပဲ။ အသားအရေ ထိန်းသိမ်းခြင်းမှာအားနည်းသလို အစားအသောက် အနေအထိုင်အမှားတွေကြောင့်လည်း မြန်မြန်ဆန်ဆန် ရုပ်ရင့်လာစေနိုင်တာပါ။

ဒီတစ်ခေါက်ပြောပြပေးမှာက အမျိုးသားတွေအနေနဲ့ အသက်အရွယ်ရလာသည်တိုင်အောင် နုပျိုတဲ့အသွင်ပြင်ကို ထိန်းထားနိုင်ဖို့ လိုက်နာရမယ့် အချက်တချို့အကြောင်းဖြစ်ပါတယ်။

(၁) အားကစား မှန်မှန်လုပ်ပါ

Man Workout at Home

Photo : Flipboard

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး တက်ကြွဖျက်လက်တဲ့ လူငယ်တစ်ယောက်အသွင်ကို ရဖို့ အားကစားက မဖြစ်မနေလုပ်ဖို့ လိုပါတယ်။ အားကစားမှန်မှန်လုပ်တာက ငယ်ရွယ်နုပျိုစေတဲ့ လျို့ဝှက်ချက်တစ်ခုပါ။ အရွယ်လေးရလာတဲ့အထိ ဆယ်ကျော်သက်တစ်ယောက်လိုကျန်းမာနုပျိုနေဖို့ နေ့စဉ်ပုံမှန် အားကစားပုံမှန်လိုက်စားဖို့ အကြံပြုပါရစေ။

(၂) အသားအရေ ထိန်းသိမ်းပါ

man daily skincare routine

Photo : Forbes

နုပျိုချင်တယ်ဆိုရင်တော့ အသားအရေထိန်းသိမ်းဖို့အတွက်လည်း မပျင်းသင့်ပါဘူး။ အသားအရေထိန်းသိမ်းဖို့ ထွေထွေထူးထူးမလုပ်နိုင်ဘူးဆိုရင်တောင် daily skincare routine လေးတွေတော့ လုပ်ပေးဖို့ လိုပါတယ်။ စနစ်တကျမျက်နှာသစ်ခြင်း ၊ Moisturizer သုံးခြင်း ၊ Eye Cream လိမ်းခြင်း ၊ နေရောင်အောက်ထွက်တဲ့အချိန် Sunscreen သုံးခြင်း စတဲ့အချက်လေးတွေ လုပ်ပေးရမှာဖြစ်ပါတယ်။

(၃) ဆံပင်စတိုင်လ် ဂရုစိုက်ပါ

Man Fixing Hair

Photo : Ape To Gentleman

ဆံပင်ပုံစံကလည်း လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ကို များစွာပြောင်းလဲစေနိုင်ပါတယ်။ သပ်သပ်ရပ်ရပ်ရှိပြီး ကိုယ့်မျက်နှာကျနဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကို သေချာလေးရွေးချယ်ဖို့လိုပါတယ်။ နောက်ပြီး အမျိုးသားတွေအနေနဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ဆံပင်ဖြူတာ ဆံသားပါးတာတွေဖြစ်နိုင်တာကြောင့် ဈေးပေါတဲ့ Hair Care Products တွေရှောင်ကြဉ်သင့်ပါတယ်။

(၄) ဖက်ရှင်ချယ်မှုကို အလေးထားပါ

young man wearing sky blue T-Shirt

Photo : Goodwear USA

ဖက်ရှင်ရွေးချယ်မှုမတက်ရင် ငယ်ရွယ်တဲ့သူတစ်ယောက်ကိုတောင်မှ အသက်ကြီးတဲ့ပုံပေါက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဖက်ရှင်နဲ့ပတ်သတ်ပြီး ကြုံရာဝတ်မယ့်အစား နုပျိုစေမယ့် ဖက်ရှင်ပုံစံတွေ အရောင်ခပ်လွင်လွင် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၅) အိပ်ချိန်ပြည့်ပြည့် ဝဝအိပ်ပါ

Man Sleeping on Bed

Photo : Dreamstime

အိပ်စက်ခြင်းက ကျန်းမာရေးအတွက်သာမက သင့်အသားအရေအတွက် အရေးကြီးပါတယ်။ ညဘက်အိပ်နေချိန်မှာ အရေပြားဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားပေးတဲ့အတွက် ကျန်းမာတဲ့အသားအရေနဲ့ နုပျိုတဲ့အသွင်ရစေဖို့ ကောင်းစွာအိပ်စက်အနားယူ ပေးရမှာဖြစ်ပါတယ်။ နောက်ပြီးအိပ်ရေးဝမယ်ဆိုရင် စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး အသားအရေတင်းတင်းရင်းရင်းနဲ့ ပိုမိုငယ်ရွယ်တဲ့ပုံပေါက်စေမှာပါ။ အကောင်းဆုံးကတော့ တစ်ရက်ကို ၇ နာရီ သို့မဟုတ် ၈ နာရီ လောက်အိပ်စက်ပေးဖို့ပါပဲ။

Featured Photo : Coco Ruby Skin