လူတစ်ယောက်စတိုင်ကျတယ်ဆိုရာမှာ အဓိကအချက်က သူဝတ်ဆင်ထားတဲ့ အဝတ်အစား အသုံးအဆောင်တွေနဲ့ လိုက်ဖက်လို့ ဖြစ်ပါတယ်။ Stylish ဖြစ်အောင် ပံ့ပိုးနိုင်တဲ့ Accessories ဆိုတာ ဝတ်လိုက်ရင် စိတ်ရောလူပါ သက်တောင့်သက်သာရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့ ဖက်ရှင်တွေပါပဲ။ ဒီတစ်ခေါက်မှာ ယောင်္ကျားတစ်ယောက်ကို ယုံကြည်မှု ပိုရှိစေပြီး စတိုင်ကျအောင် ကူညီနိုင်မယ့်အသုံးအဆောင်ပစ္စည်းလေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Dress Shoes ကောင်းတစ်ရံ

Photo: Unsplash
ဖိနပ်တစ်ရံဟာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ စိတ်အခြေအနေကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ Shoes တွေဟာ ဖက်ရှင်ဆိုတာထက် ပိုတဲ့ Lifestyle နဲ့ Personality ပြ ကိရိယာတွေလို့ ဆိုကြပါတယ်။ အလုပ်အကိုင်နဲ့ အခြေကျနေတဲ့ လူတစ်ယောက်အတွက် Formal ကျကျ ဝတ်ဆင်နိုင်မယ့် Dress Shoes ကောင်းတစ်ရံ ပိုင်ဆိုင်ထားဖို့ လိုပါတယ်။ Dress Shoes ပုံစံတွေ အမျိုးမျိုးရှိတဲ့အထဲမှာ ရိုးရှင်းတဲ့ Minimal ဒီဇိုင်းနဲ့ ထိပ်ဦးဝိုင်းတဲ့ Oxford Dress Shoe အနက် ဒါမှမဟုတ် အညိုမျိုး ဝယ်တာကတော့ မှားစရာ မရှိပါဘူး။
(၂) Classic Watch

Photo: Unsplash
ပွဲတက်စရာ ရှိလို့ပဲ ဖြစ်ဖြစ် ပုံမှန်နေ့စဉ် ထသွားလာသွားအတွက် ဖြစ်ဖြစ် ယောင်္ကျားတစ်ယောက်မှာ နာရီကောင်းတစ်လုံးတော့ အနည်းဆုံး ရှိထားသင့်ပါတယ်။ နာရီအိမ် ရိုးရိုးရှင်းရှင်းနဲ့ Classic ကျတဲ့ ဒီဇိုင်းမျိုးက ဘယ်တော့မှ မရိုးတဲ့ဖက်ရှင် ဖြစ်သလို Functional အရရော Style အရပါ အမြဲတမ်းအတွက် လိုအပ်တဲ့ အသုံးအဆောင်ဖြစ်ပါတယ်။ တန်ဖိုးကြီး နာရီမျိုး ပိုင်ဆိုင်မှ မဟုတ်ပါဘူး။ လယ်သာကြိုးရိုးရိုးနဲ့ နာရီအိုး ဝိုင်းဝိုင်း ခပ်ရိုးရိုးနဲ့ လှပြီး ဈေးတန်တဲ့ ယောင်္ကျားပတ်နာရီတွေလည်း အများကြီးပါပဲ။ အဓိကအချက်က ကိုယ့်လက်မှာ ပတ်ထားချိန် ယုံကြည်မှုတိုးပြီး ကြည့်ကောင်းနေဖို့ပါပဲ။
(၃) Sport Jacket

Photo: Unsplash
Formal Suit ဆိုတာ ခဏခဏ ဝတ်စရာမလိုလို့ ချောင်ထိုးထားရတဲ့ တန်ဖိုးကြီးအထည်ထဲမှာ ပါပါတယ်။ Sport Jacket ကတော့ ဘာနဲ့ ဝတ်ဝတ်အဆင်ပြေသလို Simple & Stylish ဖြစ်လို့ ပေါ့ပေါ့ပါးပါး ဝတ်စရာအဖြစ် သင့်ဗီရိုမှာ ထည့်ထားသင့်ပါတယ်။ အခုနောက်ပိုင်းဆို တော်ရုံတန်ရုံ ပွဲတွေမှာတောင် Sports Jacket ကို Jeans ဖက်ရှင်နဲ့ ဝတ်ဆင်နေကြပါတယ်။ ဒီဖက်ရှင်ကလည်း စတိုင်ကျတဲ့ လူကြီးလူကောင်းဖက်ရှင်တစ်ခုလို ဖြစ်လာနေပါတယ်။
(၄) Wallet

Photo: Unsplash
အခုနောက်ပိုင်း Minimal ဒီဇိုင်း ပိုက်ဆံအိတ်ရှင်းရှင်းလေးတွေ လူကြိုက်များလာနေပါတယ်။ ပိုက်ဆံအိတ်ဆိုပေမယ့် အခုခေတ်မှာ Mobile Money တွေ အလုပ်ပိုဖြစ်ကြတာမို့ Credit Cards နဲ့ ATM Cards လောက်ပဲ ပိုက်ဆံအိတ်ထဲမှာ အများဆုံး ထည့်လာကြပြီး ငွေသားကို နည်းနည်းပဲ ထည့်လာကြပါတယ်။ ပိုက်ဆံအိတ် Wallet ဒီဇိုင်းကတော့ နှစ်ခေါက်ချိုး Bifold သုံးခေါက်ချိုး Trifold ဆိုပြီး ကိုယ်ကြိုက်ရာဒီဇိုင်း ဝယ်နိုင်ပါတယ်။
(၅) နေကာမျက်မှန်

Photo: Unsplash
နွေရာသီမှ မဟုတ်ပါဘူး။ နေကာမျက်မှန်တွေက ယောင်္ကျားတစ်ယောက်ကို ရာသီမရွေး UV Rays ကနေ မျက်လုံးမထိအောင် ကာကွယ်ဖို့ ဆောင်ထားသင့်တဲ့ ဖက်ရှင်ပစ္စည်းထဲမှာ ပါပါတယ်။ မျက်နှာပုံစံလိုက်ပြီး နေကာမျက်မှန်တွေကို ရွေးနိုင်ပါတယ်။ မျက်နှာလေးထောင့်ဆို ဘဲဥပုံမျက်မှန် ဒါမှမဟုတ် ပိုင်းလော့တွေ ဆောင်းတဲ့ Aviator မျက်မှန်မျိုး ရွေးသင့်ပြီး အသဲပုံမျက်နှာမျိုးဆို မှန်ခပ်ဝိုင်းဝိုင်းမျိုး ရွေးချယ်သင့်ပါတယ်။
Featured Photo: Unsplash
 
											
				 
									 
	 
	 
	 
	 
	 
	