ဆီအမျိုးမျိုးဟာ အကျိုးကျေးဇူးအမျိုးမျိုး ပေးပါတယ်။ သစ်ရွက် ၊ ပင်စည် ၊ အခေါက် ၊ အပွင့် ၊ အမြစ် တွေကနေ ထုတ်ယူထားတဲ့ သဘာဝအဆီတွေဟာ စိတ်ဖိစီးမှု သက်သာစေပြီး သွေးလည်ပတ်မှု ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ Essential Oils တစ်ချို့ကို စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ ခေါင်းကိုက်မှုနဲ့ နာကျင်ကိုက်ခဲမှုကနေ လျော့ပါးသက်သာစေဖို့ သုံးကြပါတယ်။

Essential Oil တွေကို အကူဆီလို့ ခေါ်တဲ့ အုန်းဆီ ၊ သံလွင်ဆီနဲ့ အယ်မွန်ဆီတွေ ရောသုံးဖို့ လိုပါတယ်။ Essential Oil ၅ စက်ကို Carrier Oil ၁ အောင်စနဲ့ ရောသုံးရမှာပါ။ သတိထားရမှာက Essential Oil တွေကို ဦးရေပြားနဲ့ တိုက်ရိုက်သုတ်လိမ်းတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

(၁) Peppermint Oil

Source : Listovative

ခေါင်းတစ်ခြမ်းကိုက်သူတွေကို ကုစားရာမှာ ပရုတ်အဆီကို အသုံးများပါတယ်။ ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာပြေလျော့စေတဲ့ Menthol ပါဝင်တဲ့ Peppermint Oil ကို Carrier Oil နဲ့ တွဲပြီး လိမ်းပေးရမှာပါ။

(၂) Rosemary Oil

Photo: Heathline

Rosemary Oil ဟာ ‌ယောင်ရမ်းနာကျင်မှုနဲ့ ကိုက်ခဲမှုကို တိုက်ဖျက်နိုင်တဲ့ စွမ်းရည် ရှိပြီး နှစ်ရာပေါင်းများစွာကတည်းက စိတ်ဖိစီးမှုလျော့ပါးစေပြီး သွေးလည်ပတ်မှု လည်ပတ်စေခြင်း နဲ့ အကိုက်အခဲသက်သာစေခြင်း အတွက် အသုံးပြုလာခဲ့တာပါ။၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရ Rosemary Oil ကို အိပ်မပျော်ခြင်းအတွက်ပါ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ခေါင်းကိုက်နေတဲ့ နေရာကို Rosemary Oil ဆီ နည်းနည်း နဲ့ အုန်းဆီဖြစ်ဖြစ် ရောစပ်ပြီး နှိပ်ပေးလို့ရပါတယ်။

(၃) Lavender Oil

Photo: organicauthority

စိတ်ဖိစီးမှု သက်သာဖို့နဲ့ အကြောအချဉ်ပြေလျော့စေဖို့အတွက် Lavender Oil တွေ သုံးကြပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း ကုထုံးတစ်ခုအဖြစ် သုံးနိုင်ပါတယ်။ Lavender Oil ကို ၁၅ မိနစ်လောက် ရှုပြီးရင် သိသာတဲ့ အကြောပြေလျော့မှုကို ခံစားရတယ်လို့ ဆိုပါတယ်။

(၄) Chamomile Oil

Source : 123RF.com

စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းအုံခေါင်းကိုက်ခြင် ၊ စိတ်ရှုပ်ထွေး တင်းကြပ်ပြီး အိပ်မပျော်ဖြစ်ခြင်းတွေကို ကုစားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိလို့ မသုံးသင့်ပါဘူး။ Carrier Oil တစ်မျိုးမျိုးနဲ့ ရောစပ်ပြီး ရေနွေးပူပူထဲ ထည့်သွင်းပြီး အငွေ့ရှုနိုင်ပါတယ်။ ရေခပ်နွေးနွေးထဲ ထည့်ပြီး ချိုးပေးရင်လည်း အကျိုးများပါတယ်။

(၅) Eucalyptus

Source : Dr. Weil

ယူကလစ်ဆီဟာ နှာခေါင်းလမ်းကြောင်းနဲ့ ဆိုင်တဲ့ ဝေဒနာတွေကို သက်သာစေတဲ့ ဆေးတစ်ပါးပါ။ ခေါက်ကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောအချဉ်တင်းမာမှုပါ ပြေလျော့စေပါတယ်။ နှာရည်ယို နှာပိတ်တာအတွက် ရင်ဘတ်မှာ Carrier Oil နဲ့ ရောပြီး သုတ်လိမ်းပေးသင့်ပါတယ်။ ရေနွေးပူပူထဲ ထည့်ပြီး ထွက်လာတဲ့ အငွေ့ကို ရှုရှိုက်နိုင်ပါတယ်။