ဘယ်လောက်တော်တဲ့ သူဖြစ်ဖြစ် ရောက်လေရာ အရပ်မှာ အောင်မြင်မှုရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အောင်မြင်စေဖို့အတွက် အကြောင်းတရားကောင်းတွေ ၊ အရည်အသွေးတွေ ပြည့်ဝနေတဲ့သူကတော့ ဘယ်နေရာရောက်ရောက် အထက်တန်းရောက်နိုင်ပါတယ်။

(၁) ရည်မှန်းချက်

Source: ShutterStock

အောင်မြင်ဖို့အတွက် အခြေခံအကျဆုံး Skill တစ်ခုက ရည်မှန်းချက်ပါ။ စီးပွားရေးပဲ လုပ်လုပ် ၊ ပညာပဲသင်သင် ဦးတည်ချက်ပြတ်သားသူက ခရီးပိုရောက်ပါတယ်။ ကိုယ်ဘယ်ကို သွားမလဲ ၊ ဘယ်လို အခက်အခဲတွေ ကြုံမလဲဆိုတာကို ကြိုတင်တွက်ချက်ထားပြီး ခရီးသွားတဲ့သူက ခရီးဖြောင့်တန်းပြီး ပိုလည်း ခရီးတွင်မှာပါ။

(၂) လေ့လာလိုစိတ်

Source: theconversation.com

ပတ်ဝန်းကျင်က အသံတွေ နားထောင်တတ်ခြင်းကလည်း အရေးပါပါတယ်။ ကိုယ့်ဗီဇစိတ်နဲ့ သိတာဟာ ထူးခြားတဲ့ စွမ်းရည်ဖြစ်ပေမယ့် အခါခပ်သိမ်း အားကိုးလို့မရပါဘူး။ စီးပွားရေး လုပ်နေတယ်ဆိုရင် ခေတ်ကို နားလည် ၊ ဈေးကွက်ကို သဘောပေါက်ပြီး ဘယ်လိုလှုပ်ရှားရမလဲဆိုတာ သိဖို့ အပြင်က အသံတွေလည်း နားစွင့်ရပါတယ်။

(၃) သတ္တိ

Source: ShutterStock

စာရိတ္တကောင်းဖို့အပြင် အခက်အခဲတွေနဲ့ ကြုံချိန်မှာ ရဲရင့်တဲ့စိတ်နဲ့ ဖြတ်သန်းဖို့လည်း လိုပါတယ်။ စွန့်ဦးတီထွင်သူတွေလို စီးပွားရေးပုံစံကိုက Risk များတဲ့ လုပ်ငန်းတစ်ခုခုကို လုပ်ရပြီဆိုရင် ဒီသတ္တိက ပိုလိုပါတယ်။ လုပ်ငန်းမှာ အောင်မြင်ဖို့ သုတေသနလုပ်တာကတစ်ပိုင်း ၊ ဦးနှောက်စွမ်းအားတွေ ထုတ်သုံးပြီး အစီအစဉ်ဆွဲတာကတစ်ပိုင်း အပြင် အရေးပါတာတစ်ခုက ကိုယ့်အလုပ်နဲ့ ကိုယ်စွမ်းရည်ကို ယုံပြီး သတ္တိရှိရှိ ရှေ့လှမ်းရဲဖို့ပါ။

(၄) ဖန်တီးနိုင်စွမ်း

Source: ShutterStock

စိတ်ကူးဥာဏ်ကွန့်မြူးတတ်သူ ၊ အသစ်အဆန်းတွေ ဖန်တီးတတ်သူဖြစ်ရင် အောင်မြင်ဖို့ ပိုနီးစပ်ပါတယ်။ ဒီဘက်ခေတ်မှာ ဦးနှောက်အသစ်တွေ လိုပါတယ်။ ဒီဇိုင်းအသစ် ၊ အသံအသစ်တွေ တောင်းဆိုနေပါတယ်။ ဖန်တီးနိုင်စွမ်းကို ချပြပါ။

(၅) စဉ်ဆက်မပြတ်လေ့လာခြင်း

Source: ShutterStock

ကျောင်းပြီးကတည်းက စာအုပ်ကောက်မကိုင်ဖြစ်ရင် ချမ်းသာတောင်မှ ပြည့်ပြည့်ဝဝ ချမ်းသာမှာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ လေ့လာစိတ် ကို အမြဲ ထိန်းသိမ်းထားပါ။ ပညာရေးကို ကျောင်းခန်းထဲမှာတင် အခွံချွတ်မခဲ့ဘဲနဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝအထိ ယူသွားလိုက်ပါ။ ချမ်းသာခြင်း ၊ အောင်မြင်ခြင်းနဲ့ ဘဝအဓိပ္ပါယ်ကို လူတွေထဲမှာလည်း ရှာ ၊ စာအုပ်တွေမှာလည်း ကြည့်မယ်ဆိုရင် တစ်နေ့ အောင်မြင်မှာ ဖြစ်ပါတယ်။