အစားတစ်လုပ်က အသက်ရှင်သန်ရေးအတွက် အရေးကြီးသလို အဘက်ဘက်က ကျန်းမာဖို့အတွက်ပါ လိုအပ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေရဲ့ ကျေးဇူးနဲ့ သိလာရတာက အစားအသောက်တွေဟာ လိင်မှုဆိုင်ရာ ခံတွင်းတွေ့မှုအပေါ်လည်း သက်ရောက်မှု ရှိတယ်ဆိုတဲ့ အချက်ပါပဲ။
တချို့အစားအသောက်တွေက သင့်ရဲ့ လိင်မှုစွမ်းဆောင်ရည်ကို ထက်သန်စေသလို တချို့အစားအသောက်တွေက သင့်ရဲ့ Libido ကို ကျစေနိုင်ပါတယ်။ လိင်မှုစွမ်းရည်ကို ထိခိုက်စေနိုင်တဲ့ အစားအသောက်တွေထဲမှာ ချောကလက်လို အစားအသောက်မျိုးလည်း ပါဝင်နေပါတယ်။ အခုတော့ Sex Drive ကောင်းချင်ရင် ရှောင်ကြဉ်ရမယ့်အစားအသောက်တချို့အကြောင်း တင်ဆက်ချင်ပါတယ်။

(၁) အရက်

Alcohol

Photo: Unsplash

အရက်က တစ်ခွက်တစ်ဖလားဆို စိတ်ဓါတ်တွေ တက်ကြွပြီး ထင်တိုင်းကြဲနိုင်သလို ခံစားရစေနိုင်ပေမယ့် သိပ်များလာရင်တော့ သင့်လက်နက်က ဂျမ်းဖြစ်သလို ခွေနေတာမျိုး ကြုံရနိုင်ပါတယ်။ ဒါကတော့ အရက်အသောက်များသွားရင် လူအတော်များများ ဖြစ်လေ့ရှိတဲ့သဘောပါပဲ။ ဒါမျိုး ဖြစ်လာရင် အရက်ကို ဆက်မ‌သောက်ဘဲ ရှောင်တာမျိုး လုပ်ဖို့ အကြံပြုချင်ပါတယ်။

(၂) ချိစ်

Cheese

Photo: Unsplash

ချိစ်မှာ လူအတွက် ကောင်းကျိုးတွေအများကြီး ရှိပါတယ်။ နွားနို့ကနေ လုပ်ထားတဲ့ ချိစ်တွေက နေ့စဉ်အာဟာရပေါင်းများစွာထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ချိစ်မှာ ပါတဲ့ Synthetic ဟော်မုန်းတွေက လူ့ကိုယ်ဟော်မုန်းနဲ့ ရောသွားတဲ့အခါမှာ အီစထရိုဂျင်နဲ့ တက်စတိုစတီးရုန်း ဟန်ချက်မညီမျှမှု ဖြစ်စေပါတယ်။ ဒီလိုနဲ့ လိင်ဆက်ဆံလိုစိတ်ကို ကျဆင်းစေနိုင်ပါတယ်။

(၃) ချောကလက်

Chocolate

Photo: Unsplash

အခုစာရင်းမှာ ချောကလက်ပါလာတာကို အံ့ဩနေကြပါလိမ့်မယ်။ ချောကလက်ဆိုတာ ချစ်လက်ဆောင်အဖြစ် Valentine’s Day လို နေ့မျိုးမှာ ပေးနေကျမဟုတ်လား။ ချောကလက်ဟာ တက်စတိုစတီးရုန်း Level ကို ကန့်သတ်ပြီး လူတစ်ယောက်ရဲ့ လိင်မှုစွမ်းရည်ပေါ် တိုက်ရိုက်သက်ရောက်မှုပေးပါတယ်။

(၄) ဆီကြော်စာတွေ

Chips

Photo: Unsplash

သင်နေ့စဉ်အပျင်းပြေစားနေတဲ့ အာလူးကြော်လိုမျိုး Fried Foods တွေကလည်း လူရဲ့ လိင်စိတ်ကို ကျဆင်းစေပါတယ်။ ပုံမှန်နေ့စဉ် စားနေမယ်ဆိုရင် Fried Foods တွေ စားတာကြောင့် လူရဲ့ Testosterone Levels ကျစေသလို လိင်မှုစွမ်းဆောင်ရည်နဲ့ ဆန္ဒတွေပါ ထိခိုက်လာနိုင်ပါတယ်။

(၅) ပူစီနံ

Mint

Photo: Unsplash

ပူဒီနံလို့လည်း ခေါ်တဲ့ ပူစီနံပင်လေးတွေကို ခံတွင်းနံ့ကောင်းဖို့နဲ့ အရသာကောင်းဖို့ အသုတ်တွေမှာ ထည့်သုံးကြပါတယ်။ ခံတွင်းနံ့ကောင်းစေရာမှာ နာမည်ကြီးတဲ့ ပူစီနံကလည်း အိပ်ရာပေါ်မှာ သင့်အမြောက်ကို မထောင်နိုင်အောင် နှောင့်ယှက်နိုင်တဲ့ အစားအသောက်လို့ ဆိုကြပါတယ်။

Featured Photo: Yahoo