Telegram app ဟာဆိုရင် ထူးခြားတဲ့လုပ်ဆောင်ချက်တွေနဲ့ သုံးစွဲသူတွေရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေးအပေါ် အဓိကအာရုံစိုက်ထားတဲ့ messaging app တစ်ခုဖြစ်တာကြောင့် အခုနောက်ပိုင်း အရမ်းကိုလူသုံးများလာတာ ဖြစ်ပါတယ်။ အခုပြောပြပေးမှာကတော့ Telegram သုံးသူတိုင်း သိထားသင့်တဲ့ အမိုက်စားလုပ်ဆောင်ချက်တွေပါ။ Telegram  မှာ ဘယ်လို အသုံးဝင်တဲ့ features တွေ အသုံးပြုလို့ရလဲဆိုတာ ဖတ်ကြည့်ရအောင်ပါ။

(၁) Security ကောင်းတယ်

Security

Telegram ရဲ့ အရေးကြီးဆုံးနဲ့ အကောင်းဆုံး feature ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း လုံခြုံရေးပဲ ဖြစ်ပါတယ်။ Telegram ကို အချိန်စမ်းသပ်ထားတဲ့ အယ်လဂိုရီသမ်တွေပေါ်မှာ တည်ဆောက်ထားတဲ့ MTProto ပရိုတိုကောစနစ်ကို အခြေခံထားတဲ့အတွက် အားနည်းတဲ့ အင်တာနက် ချိတ်ဆက်မှုတွေမှာတောင် မြန်မြန်ဆန်ဆန် စာတိုတွေပို့လို့ရနိုင်ပြီး ယုံကြည်စိတ်ချရတဲ့ စာပို့စနစ်ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) User name နဲ့ friend တွေရှာဖွေနိုင်တယ်

 Search Friends by Username
Telegram မှာ မတူညီတဲ့ username တွေကိုပဲ regiser လုပ်ခွင့်ပေးတာဖြစ်တာကြောင့် သင့်ရဲ့ဖုန်းနံပါတ်ကို တခြားလူတွေသိစရာမလိုဘဲ မက်ဆေ့ချ်ပိုတာ ဒါမှမဟုတ် group တွေထဲထည့်တာတွေ လုပ်လို့ရတဲ့အတွက် ဒီနည်းက သင့်ရဲ့ ဖုန်းအတွက် privacy ရှိတယ်လို့ ပြောလို့ရပါတယ်။

(၃) Send message ကို edit လုပ်လို့ရတယ်

Send Scheduled and Silent Messages
တစ်ခါတစ်လေ သင့်အနေနဲ့ chatbox မှာ ပို့ပြီးသားစာတွေကို ပြန် edit လုပ်ချင်တာမျိုးဆိုရင်လဲ မြန်မြန်ဆန်ဆန်ပဲ ပြန်ပြင်လို့ ရနိုင်မှာဖြစ်ပါတယ်။ သင်ပြောင်းချင်တဲ့ စာပေါ်ကိုဖိထားပြီး edit ခလုတ်ကိုနှိပ်ပါ။ အဲ့ကနေ ပို့ပြီးသားစာကို ပြန်ပြင်လို့ရမှာ ဖြစ်ပါတယ်။ App ကို Update လုပ်ထားဖိုတော့ လိုပါမယ်။

(၄) High-Quality Stickers တွေသုံးလို့ရတယ်

High-Quality Stickers
Chatting လုပ်ရင်း စတစ်ကာတွေပို့ရတာက ပျော်စရာကောင်းပါတယ်။ Telegram ရဲ့ chatbox မှာ အရည်အသွေးမြင့် စတစ်ကာထောင်ပေါင်းများစွာ အသုံးပြုလို့ရပါတယ်။ ခုနောက်ပိုင်းမှာ ပိုကြီးပြီး ပိုအသေးစိတ်လာတဲ့ ကွာလတီကောင်းတဲ့ စတစ်ကာအသစ်တွေ တောက်လျှောက် update တင်ပေးနေတာဖြစ်လို့ Telegram ရဲ့ စတစ်ကာတွေက သုံးရတော်တော်ကို မိုက်လာပါပြီ။

(၅) Conversation တွေကို Lock ချလို့ရတယ်

 Lock Your Conversations

နောက်တစ်ခုကတော့ Telegram မှာ private message တွေကို passcode တစ်ခုနဲ့ lock ချထားလို့ ရအောင်လုပ်ပေးထားတာပါ။ သင်ပို့ထားတဲ့ message တွေကို lock ချဖို့ဆိုရင် အရင်ဆုံး setting ကို သွားပြီး privacy and security ကို ဝင်ရပါမယ်။ ပြီးရင် security အောက်က passcode lock ကိုဝင်ပြီး ကိုယ်ထည့်ချင်တဲ့ ဂဏန်း ၄ လုံးထည့်လိုက်ရင်ရပါပြီ။ ထည့်လိုက်တဲ့ passcode ကိုမှတ်မိဖိုတော့ လိုပါမယ်။

Featured Photo : NextPit