ဆံပင်ပုံစံက သင့်စိတ်ပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့်ပဲ လူတချို့ဟာ စိတ်ခံစားချက် Mood ပြောင်းချင်စိတ်ဖြစ်လာရင် Hairstyle သစ် ပြောင်းတာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာလည်း ဆံပင်ဒီဇိုင်းသစ် ထားချင်တဲ့ အမျိုးသားတွေအတွက် နာမည်ကျော်မင်းသားတွေရဲ့Hairstyle ပုံစံတွေအကြောင်း မျှဝေပေးထားပါတယ်.
(၁) ဂျိတ်ခ် ဂိုင်လန်ဟေးလ်ရဲ့ Textured Crop

Photo: Haircut Inspiration
Textured Crop ပုံစံက အတိုအကပ်ဆံပင်ပုံစံဖြစ်ပြီး ဆံပင်နဲ့ပတ်သက်လို့ သိပ်အချိန်ကုန်မခံချင်သူတွေ ထားလေ့ရှိပါတယ်။ ဘေးနှစ်ဖက်ကို အပါးဆုံးဖြစ်အောင် တိုကပ်ကပ်ထားပြီး အပေါ် ဆံပင်အုံလည်း ခပ်ကပ်ကပ်လေး ညှပ်ထားတာပါ။ ခေါင်းပေါက်လှသူတွေနဲ့ အဆင်ပြေတဲ့ Hairstyle ဖြစ်ပါတယ်။
(၂) အော်လန်ဒို ဘလွန်းရဲ့ Crazy Curly Hairstyle

Photo: Haircut Inspiration
ပုံရိုးရိုးကြီး မကြိုက်ဘူးဆိုရင် ဒီဆံပင်ဒီဇိုင်းထားဖို့ အကြံပေးချင်ပါတယ်။ Casual ဆန်တာကြောင့် လွတ်လပ်ပေါ့ပါးပြီး တစ်မျိုး ဆွဲဆောင်မှုရှိတာ တွေ့ရပါလိမ့်မယ်။ အပေါ် ဆံပင်အုံဟာ အရိုင်းဆန်ဆန် ခွေခွေလေးနဲ့ ဝဲကျနေအောင် ထားထားတာ ဖြစ်လို့ Formal ဆန်ဆန် ရုံးတက်ရတဲ့ ဝန်ထမ်းတွေနဲ့ သိပ်တော့ လိုက်ဖက်မှာ မဟုတ်ပါဘူး။
(၃) ဟင်နရီကာဗေးလ်ရဲ့ Gentleman’s Brush Up

Photo: Haircut Inspiration
သက်လတ်ပိုင်းအရွယ် လုပ်ငန်းကိုင်ငန်းသမားတွေနဲ့ အလိုက်ဖက်ဆုံးဆံပင်ပုံစံပါ။ လူကြီးလူကောင်းဆန်ဆန် ပိပိပြားပြား သပ်သပ်ရပ်ရပ်နဲ့ မြင်လိုက်တာနဲ့ စည်းကမ်းတကျနေတတ်သူအဖြစ် မြင်စေမယ့် ဆံပင်ပုံစံ ဖြစ်ပါတယ်။ ခေါင်းဘီးနဲ့ သေချာဖြီးသင်ထားဖို့ လိုတဲ့ Hairstyle တစ်ခုဖြစ်ပြီး သပ်သပ်ရပ်ရပ် ထားဖို့လည်း လိုပါတယ်။
(၄) ဂျန်ဆန် အက်စ်ကလက်စ် ရဲ့ Angular Hairstyle

Photo: Haircut Inspiration
Supernatural မင်းသား ဂျန်ဆန် အက်စ်ကလက်စ်ရဲ့ဆံပင်ပုံစံကလည်း သိပ်သ,စရာမလိုတဲ့ Carefree Hairstyle တစ်ခု ဖြစ်ပါတယ်။ အထောင်ကေ ဒီဇိုင်းဖြစ်ပြီး ညှပ်ရလွယ်သလို ပုံသွင်းရလည်း မခက်ပါဘူး။ ဘေးနှစ်ဖက် ဟန်ချက်ညီပြီး ဆံပင်ကို အထောင်ထားချိန်မှာ ကြည့်ကောင်းအောင် အပေါ်ပိုင်းကိုလည်း ဂရုစိုက်ပေးရတဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။
(၅) အက်ချ်တန် ကတ်ချာရဲ့ Mop Top Hairstyle

Photo: Haircut Inspiration
အက်ချ်တန် ကတ်ချာရဲ့ ဆံပင်ပုံစံမျိုးက မျက်နှာနည်းနည်းရှည်တဲ့လူနဲ့ မေးရိုးကျကောင်းတဲ့လူတွေဆို ပိုလိုက်မယ်လို့ ဆိုရမှာပါ။ Mop-Top-Esque ဆံပင်ပုံစံတွေက ဘေးနဲ့အနောက်ကို ပါးပြီး အပေါ်က ဆံပင်တွေကို ဒီအတိုင်းချထားတာဖြစ်ပါတယ်။ ရှေ့ဆံပင်က မျက်ခုံးကို ထိလုနီးပါး ချထားတာ ဖြစ်ပြီး အခုထိလည်း ခေတ်စားနေတဲ့ဆံပင်ပုံစံတွေထဲမှာ ပါပါတယ်။
Featured Photo: andina
