သွားတွေ ဖြူစင်ခိုင်မာအောင် ထားတယ်ဆိုတာ ခံတွင်းပိုင်းကျန်းမာရေးအတွက်ရော ရုပ်ပိုင်းဆိုင်ရာ ကြည့်ကောင်းအောင် ပြုပြင်နေတာ ဖြစ်ပါတယ်။ ယောင်္ကျားလေးတော်တော်များများဟာ ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ရင် သိပ်ဂရုမစိုက်ဘဲ နေတာ များပါတယ်။

တကယ်တော့ ပါးစပ်တစ်ပေါက်ဟာ ကျွန်တော်တို့ ထင်တာထက် အလုပ်ပိုလုပ်ပါတယ်။ သွားကျန်းမာရေးအတွက် ယောင်္ကျားတိုင်း လက်စွဲထားသင့်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတွေ သိထားခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ လူတွေအကြား ကိုယ့်ပုံရိပ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။

(၁) နည်းစနစ်မှန်မှန် သွားတိုက်ပါ

keeping-your-teeth-good-condition

Photo: Freepik

ကျွန်တော်တို့ဟာ သွားကျန်းမာရေးအတွက် သွားတိုက်ရင်း သွားတွေ ပျက်စီးအောင် လုပ်နေမိတတ်ပါတယ်။ သွားတိုက်နည်းစနစ် အမှန်အရ တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပြီး တစ်ကြိမ်မှာ အနည်းဆုံး ၂ မိနစ် ကြာအောင် သွားတိုက်ရတာပါ။ သွားတိုက်ရာမှာလည်း ညင်ညင်သာသာ ပွတ်ဆွဲတာ ၊ သွားအတွင်း အပြင် မျက်နှာပြင်နဲ့ သွားတွေရဲ့ အပေါ်ဘက်ကိုပါ တိုက်ဖို့ လိုပါတယ်။

သွားတွေနဲ့ သွားဖုံးတွေအနောက်လည်း တိုက်ဖို့ မမေ့သင့်ပါဘူး။ သွားကျန်းမာရေးပညာရှင်တွေအလိုအရတော့ လျှာကိုလည်း သွားတိုက်တံနဲ့ ညင်ညင်သာသာ တိုက်ပေးဖို့ တိုက်တွန်းထားပါတယ်။ လျှာဟာ ဘက်တီးရီးယားအမြောက်အများ စုဝေးနေတဲ့ နေရာဖြစ်လို့ လျှာပေါ်ကို သွားတိုက်တံနဲ့ ပွတ်တိုက်ပေးခြင်းအားဖြင့် ခံတွင်းနံ့ ပိုကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။

(၂) သွားပွတ်ကြိုး သုံးပါ

man dental floss

Photo: Freepik

သွားကျန်းမာရေးမှာ အရေးကြီးတဲ့ လေ့ကျင့်ခန်းတစ်ခုက သွားပွတ်ကြိုးသုံးတာပဲ ဖြစ်ပါတယ်။ သွားတိုက်ခြင်းဟာ သွားကြိုသွားကြားထဲက အစာလက်ကျန်တွေ အကုန်လုံးကို မဖယ်ရှားနိုင်ပါဘူး။ သွားပွတ်ကြိုးသုံးပြီး သွားတိုက်တာက သွားနဲ့ သွားဖုံးအကြား အစားအစာ အကြွင်းအကျန်တွေနဲ့ သွားချေးတွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

သွားတွေအကြားက အစာအကြွင်းအကျန်တွေကို အကုန်အစင်ဖယ်ရှားပေးနိုင်ခြင်းဟာ သွားဖုံးရောဂါအဖြစ်နည်းပြီး သွားနဲ့ခြင်း တွေ မဖြစ်အောင် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ သွားပွတ်ကြိုးသုံးချိန်မှာ သိပ်အကြမ်းပတမ်း မလုပ်ဘဲ ညင်ညင်သာသာပဲ ပွတ်တိုက်ပေးဖို့ လိုပါတယ်။ သွားပွတ်ကြိုးသုံးပြီးရင်လည်း ခံတွင်း သန့်ရှင်းရေးလုပ်ပေးရမှာပါ။

(၃) ခံတွင်းသန့် ဆေးရည်သုံးပါ

man using mouthwash

Photo: Freepik

ဒီအလေ့အကျင့်လေးကတော့ လွယ်ပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ နေ့စဉ် သုံးရမယ့် အသုံးအဆောင်တစ်ခုက ခံတွင်းသန့်ဆေးရည်ပဲ ဖြစ်ပါတယ်။ ခံတွင်းသန့်ဆေးရည် Mouthwash ဟာ သွားဖုံးရောဂါနဲ့ သွားကို ထိခိုက်စေမယ့် အက်ဆစ်တွေ ထုတ်ပေးတဲ့ ဘက်တီးရီးယားပေါက်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ Mouthwash သုံးမယ်ဆိုရင် အညွှန်းကို သေချာဖတ်ပြီး သုံးပါ။ ခံတွင်းထဲ မိနစ်ဝက်ခန့် ထားပြီး အာလုပ်ကျင်းပြီးမှ ထွေးထုတ်ပါ။

(၄) သွားဆရာဝန်နဲ့ ပြသပါ

dentist-holding-dental-tools

Photo: Freepik

သွားကျန်းမာရေးအတွက် ပုံမှန် Check-Ups လုပ်သင့်ပါတယ်။ လူတွေ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် Gym သွားပြီး Personal Trainer နဲ့ လေ့ကျင့်သလိုမျိုး သွားကျန်းမာရေးအတွက်လည်း Personal Dentist တစ်ဦးထားပြီး အနည်းဆုံး တစ်နှစ် ၂ ကြိမ် သွားကျန်းမာရေး Dental Check-Ups လုပ်ဖို့ လိုပါတယ်။

(၅) ကျန်းမာရေးနဲ့ အညီ စားသုံးပါ

having lunch with salmon with brown noodles berry salad soup and cocktail

Photo: Freepik

ကျန်းမာတဲ့ ကိုယ်ခန္ဓာရဖို့ ကျန်းမာတဲ့ အာဟာရဓါတ် စားသုံးပေးဖို့လည်း လိုပါတယ်။ ခံတွင်းလည်း ဒီအတိုင်းပါပဲ။ သွားတွေ ကြောက်တတ်တဲ့ အစားအသောက်တွေထဲမှာ သကြားဓါတ်များတဲ့ အစားအသောက် ၊နဲ့ အချဉ်ဓါတ်မြင့်တဲ့ အစားအသောက်တွေ ပါပါတယ်။ မလွန်ကဲအောင် စားပေးဖို့က သွားကျန်းမာရေးအတွက် အဓိကကျတဲ့အချက်ပဲ ဖြစ်ပါတယ်။

သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအသောက်တွေကတော့ ဘယ်ရီသီး ၊ အခွံမာသီး ၊ သတ္ထုနဲ့ ဗိုက်တာမင်ဓါတ်တွေ ပါဝင်တဲ့ အစိမ်းရောင် အသီးအရွက်တွေပဲ ဖြစ်ပါတယ်။ Green Tea သောက်တာကလည်း သွားဖုံးရောင်တာကို သက်သာစေပါတယ်။ ဒီအချက်လေးတွေကို သွားလေ့ကျင့်ခန်းလိုမျိုး ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် ကျန်းမာဖြူစင်တဲ့ သွားတွေ ပိုင်ဆိုင်မှာ အမှန်ပါပဲ။