တစ်နေ့တာလုံးကို ရွှင်လန်းတက်ကြွစွာ ဖြတ်သန်းချင်ကြတဲ့ ယောကျာ်းများအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းသည် မရှိမဖြစ်လိုအပ်သော အမူအကျင့်တစ်ခုပဲဖြစ်ပါတယ်။ သင် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာ သင့်ခန္ဓာကိုယ်က ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရသလဲဆိုတာကိုရော သင် သိပြီးပါပြီလား။

ခန္ဓာကိုယ် ကြွက်သားများ သေသွားခြင်း

benefits of sleeping for men

သင် အိပ်ရာဝင်ပြီးနောက် REM အဆင့်သို့ ရောက်သွားတဲ့အခါ သင်သည်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး သင့် ကြွက်သားများသည်လည်း လှုပ်ရှားလို့မရတော့ဘဲ ကြွက်သားများသေသွားပါတယ်။ ပြန်နိုးထလာဖို့ စက္ကန့်ပိုင်းအလို၊ မိနစ်ပိုင်းအလိုကျမှ ကြွက်သားများက ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားလို့ရမှာဖြစ်ပါတယ်။

ကြီးထွားမှုဟော်မုန်းများ ထုတ်လုပ်ရခြင်း

benefits of sleeping for men

ကြီးထွားမှုဟော်မုန်းများသည် အရိုးများ၊ ကြွက်သားများနှင့် ခန္ဓာကိုယ်တစ်သျှူးများ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့ရန်အတွက် တာဝန်ယူပေးရပါတယ်။ သင် အိပ်ပျော်နေစဉ်မှာ ထိုကြီးထွားမှုဟော်မုန်းများ ထုတ်လုပ်ဖို့ရန်အတွက် သင့်ခန္ဓာကိုယ်က ထိုအရိုးများ၊ ကြွက်သားများ၊ တစ်သျှူးများကို သွားရောက်လှုံ့ဆော်ပေးလိုက်ပါတယ်။ ဒါ့ကြောင့်မို့လည်း ကလေးငယ်များ အရပ်ရှည်ဖို့နဲ့ ခန္ဓာကိုယ်ကြီးထွားဖို့ရန်အတွက် အိပ်ချိန်ပိုများရခြင်းဖြစ်ပါတယ်။

အံသွား ကြိတ်ခြင်း

benefits of sleeping for men

သင် မနက်နိုးထလာတဲ့အခါ မေးရိုးကြီး နာကျင်နေသလို ခံစားရပါသလား။ ဒါက ဘာ့ကြောင့်လဲဆိုတော့ သင် အိပ်ပျော်နေစဉ်မှာ သွားများကို စိပြီး အတင်းအကြပ်ကြိတ်ခဲနေလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းတော့ မကြုံတွေ့ရပါဘူး။ တစ်နေ့တာလုံးမှာ စိတ်ဖိစီးမှုများနေသူတွေလောက်သာ ညဘက်အိပ်ပျော်နေစဉ်မှာ အံသွားကြိတ်ခဲခြင်းအားဖြင့် စိတ်ဖိစီးမှုများကို ဖြေလျော့လေ့ရှိကြပါတယ်။

ဦးနှောက်က ရရှိထားသော သတင်းအချက်အလက်များဖြင့် ဇာတ်လမ်းသဖွယ်ဖန်တီးခြင်း

benefits of sleeping for men

တစ်နေ့တာလုံး ခံစားရသော အရာများနှင့် နှစ်ပေါင်းများစွာကတည်းက သိုလှောင်ထားရတဲ့ မှတ်ဉာဏ်များ၊ စိတ်ဒဏ်ရာများ၊ နာကျင်မှုများ၊ စိတ်ခံစားချက်များကို ညဘက်အိပ်ပျော်သွားတဲ့အခါ အိပ်မက်အဖြစ် မြင်မက်လေ့ရှိကြပါတယ်။ သိပ္ပံပညာတွေ ဘယ်လောက်ပဲ ထွန်းကားနေစေကာမူ ထူးဆန်းတဲ့အိပ်မက်များ မြင်မက်ရခြင်းနှင့် ညဘက် အိပ်ပျော်စဉ်မှာ လူသားတွေရဲ့စိတ်က ဘာ့ကြောင့် နေရာအချို့ဆီ ခရီးသွားနိုင်ကြသလဲဆိုတဲ့အချက်ကတော့ ယခုအချိန်အထိ မဖြေရှင်းနိုင်ကြသေးပါဘူး။

ဦးနှောက်က အသုံးမဝင်တဲ့အချက်အလက်များကို ဖယ်ရှားတယ်

benefits of sleeping for men

Rochester တက္ကသိုလ်မှ သုတေသနပညာရှင်များရဲ့လေ့လာချက်အရ သင် တစ်နေ့တာလုံး ကြုံတွေ့ရတဲ့အရာတွေထဲကမှ အသုံးမဝင်တဲ့မှတ်ဉာဏ်တွေကို သင် အိပ်ပျော်နေစဉ်မှာ သင့်ဦးနှောက်က ဖယ်ရှားပစ်လိုက်ပါတယ်။ ထိုမှတဆင့် သိမ်းဆည်းလိုက်တဲ့ အရေးကြီးတဲ့မှတ်ဉာဏ်များနဲ့ ယခင်ရှိပြီးသားမှတ်ဉာဏ်များကိုလည်း အချိတ်အဆက်မိအောင် ဆက်သွယ်ပေးလိုက်ပါတယ်။ နောက်တစ်နေ့ မနက်နိုးလာတဲ့အခါမှာတော့ သင့်ဦးနှောက်က အသစ်သော မှတ်ဉာဏ်များကို ပြန်လည်သိမ်းဆည်းထားဖို့ တာဝန်ကျပြီး ညအချိန်မှာတော့ စောစောကနည်းအတိုင်း ပြန်လည်လုပ်ဆောင်ပါတယ်။

Source: Brightside.me