[Unicode]
ဆံပင်အလွန်အမင်းကျွတ်လို့ စိတ်ညစ်နေပါသလား။ ဆံပင်ပါးလို့ပဲဖြစ်ဖြစ်၊ ဆံပင်တဖြည်းဖြည်းချင်း ကျွတ်လာရာကနေ ထိပ်ပြောင်လုနီးနီးဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို စားသုံးပေးလို့လည်းရသလို ပေါင်းတင်ပေးလို့လည်းရပါတယ်။
ဆံပင်ထူထဲပြီး ကျန်းမာသန်စွမ်းလာတာကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာပါ။
ထောပတ်သီး
အာဟာရ ၂၅ မျိုးပါဝင်တဲ့အပြင် ဗီတာမင် အီးနဲ့ ဗီတာမင် ဘီတို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဈေးကြီးလှတဲ့ ပေါင်းတင်ဆေးများကို သုံးမယ့်အစား မှည့်နေတဲ့ထောပတ်သီးတစ်လုံးသာ အသုံးပြုလိုက်ပါ။ ရေစိုနေတဲ့ သင့်ဆံပင်မှာ ထောပတ်သီးအနည်းငယ်သုတ်လိမ်းထားပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားထားပါ။ နောက်မှ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ သန့်ရှင်းတောက်ပြောင်ပြီး ကျန်းမာသန်စွမ်းတဲ့ဆံကေသာ ရရှိလာပါလိမ့်မယ်။
အုန်းဆီ
အုန်းဆီရဲ့အစွမ်းကိုတော့ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ အုန်းဆီမှန်မှန်လိမ်းပေးမယ်ဆိုရင် ဗောက်ထတာ၊ ဆံပင်အဖျားနှစ်ခွ သုံးခွဖြစ်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းများကို သက်သာပျောက်ကင်းစေပါတယ်။ ဆံပင်ကျွတ်ပြီး ပါးသွားလို့ စိတ်ညစ်နေတယ်ဆိုရင် အုန်းဆီသာ မှန်မှန်လိမ်းပေးလိုက်ပါ။
နို့နှင့်နို့ထွက်ပစ္စည်းများ
နို့နှင့်နို့ထွက်ပစ္စည်းများက အရိုးအဆစ်များကို သန်မာစေတဲ့အပြင် သူ့မှာပါဝင်တဲ့ ကယ်လဆီယမ်၊ ဗီတာမင် ဒီနဲ့ B12 က ဆံကေသာကျန်းမာသန်စွမ်းနေအောင် ကူညီပေးပါတယ်။
ဥအမျိုးမျိုး
ကြက်ဥကို ကြော်ပဲစားစား၊ ပြုတ်ပဲစားစား ဈေးကြီးပေးဝယ်စရာမလိုတဲ့ ပရိုတိန်းဓာတ်ကို ကြက်ဥဆီက ရရှိပါတယ်။ ဒါ့အပြင် ဈေးကြီးတဲ့ ခေါင်းလျှော်ရည်တွေအစား ကြက်ဥကို အသုံးပြုလို့ရတာကိုရော သင် သိပြီးပါပြီလား။ ကြက်ဥအနှစ်ကို ဆံပင်ပေါ်မှာ သုတ်လိမ်းပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထားထားပါ။ ပြီးမှ ရေအေးအေးလေးနဲ့ ဆေးချလိုက်မယ်ဆိုရင် သင့်ဆံကေသာ ကျန်းမာသန်စွမ်းမယ့်အပြင် ပိုက်ဆံအပိုမကုန်တော့ သင့်ပိုက်ဆံအိတ်ကလည်း သင့်ကို ကျေးဇူးတင်နေမှာပေါ့။
ပျားရည်
ပျားရည်ကို စားသုံးပေးလို့လည်းရသလို ဆံပင် အရမ်းကျွတ်လာပြီဆို ပေါင်းတင်ပေးလို့လည်းရပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောပြီး ဆံကေသာပေါ်သုတ်လိမ်းကာ ဦးရေပြားကိုပါ တစ်ခါတည်းနှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် ဆံပင်ကို ပုဝါနွေးနွေးလေးနဲ့ နာရီဝက်ခန့် ပတ်ထားပေးလိုက်ပါ။ အချိန်ပြည့်မှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ရက်ပိုင်းအတွင်း ဆံကေသာက ပြန်လည်ကျန်းမာသန်စွမ်းလာပါလိမ့်မယ်။
ဆံပင်ကျွတ်လို့ စိတ်ညစ်နေတဲ့ကွီးများ ဒီနည်းလမ်းတွေကို အသုံးပြုပြီး ဆံကေသာကို မြန်မြန်ထိန်းသိမ်းစောင့်ရှောက်ပေးလိုက်ပါ။ နို့မဟုတ်ရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်ကြီးဖြစ်သွားဦးမယ်နော်။
Source: Rd.com
[Zawgyi]
ဆံပင္အလြန္အမင္းကြ်တ္လို႔ စိတ္ညစ္ေနပါသလား။ ဆံပင္ပါးလို႔ပဲျဖစ္ျဖစ္၊ ဆံပင္တျဖည္းျဖည္းခ်င္း ကြ်တ္လာရာကေန ထိပ္ေျပာင္လုနီးနီးျဖစ္ေနလို႔ စိတ္ညစ္ေနပါသလား။ ဒါဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အစားအစာမ်ားကို စားသံုးေပးလို႔လည္းရသလို ေပါင္းတင္ေပးလို႔လည္းရပါတယ္။
ဆံပင္ထူထဲၿပီး က်န္းမာသန္စြမ္းလာတာကို မ်က္ဝါးထင္ထင္ေတြ႔ျမင္ရမွာပါ။
ေထာပတ္သီး
အာဟာရ ၂၅ မ်ိဳးပါဝင္တဲ့အျပင္ ဗီတာမင္ အီးနဲ႔ ဗီတာမင္ ဘီတို႔ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ေစ်းႀကီးလွတဲ့ ေပါင္းတင္ေဆးမ်ားကို သံုးမယ့္အစား မွည့္ေနတဲ့ေထာပတ္သီးတစ္လံုးသာ အသံုးျပဳလိုက္ပါ။ ေရစိုေနတဲ့ သင့္ဆံပင္မွာ ေထာပတ္သီးအနည္းငယ္သုတ္လိမ္းထားၿပီး ၁၅ မိနစ္၊ မိနစ္ ၂၀ ေလာက္ထားထားပါ။ ေနာက္မွ ေလွ်ာ္ေနက်ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်လိုက္ပါ။ သန္႔႐ွင္းေတာက္ေျပာင္ၿပီး က်န္းမာသန္စြမ္းတဲ့ဆံေကသာ ရ႐ွိလာပါလိမ့္မယ္။
အုန္းဆီ
အုန္းဆီရဲ႕အစြမ္းကိုေတာ့ သင္သိၿပီးသားျဖစ္ပါလိမ့္မယ္။ အုန္းဆီမွန္မွန္လိမ္းေပးမယ္ဆိုရင္ ေဗာက္ထတာ၊ ဆံပင္အဖ်ားႏွစ္ခြ သံုးခြျဖစ္ျခင္းနဲ႔ ဆံပင္ကြ်တ္ျခင္းမ်ားကို သက္သာေပ်ာက္ကင္းေစပါတယ္။ ဆံပင္ကြ်တ္ၿပီး ပါးသြားလို႔ စိတ္ညစ္ေနတယ္ဆိုရင္ အုန္းဆီသာ မွန္မွန္လိမ္းေပးလိုက္ပါ။
ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား
ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ားက အ႐ိုးအဆစ္မ်ားကို သန္မာေစတဲ့အျပင္ သူ႔မွာပါဝင္တဲ့ ကယ္လဆီယမ္၊ ဗီတာမင္ ဒီနဲ႔ B12 က ဆံေကသာက်န္းမာသန္စြမ္းေနေအာင္ ကူညီေပးပါတယ္။
ဥအမ်ိဳးမ်ိဳး
ၾကက္ဥကို ေၾကာ္ပဲစားစား၊ ျပဳတ္ပဲစားစား ေစ်းႀကီးေပးဝယ္စရာမလိုတဲ့ ပ႐ိုတိန္းဓာတ္ကို ၾကက္ဥဆီက ရ႐ွိပါတယ္။ ဒါ့အျပင္ ေစ်းႀကီးတဲ့ ေခါင္းေလွ်ာ္ရည္ေတြအစား ၾကက္ဥကို အသံုးျပဳလို႔ရတာကိုေရာ သင္ သိၿပီးပါၿပီလား။ ၾကက္ဥအႏွစ္ကို ဆံပင္ေပၚမွာ သုတ္လိမ္းၿပီး ၁၀ မိနစ္၊ ၁၅ မိနစ္ခန္႔ ထားထားပါ။ ၿပီးမွ ေရေအးေအးေလးနဲ႔ ေဆးခ်လိုက္မယ္ဆိုရင္ သင့္ဆံေကသာ က်န္းမာသန္စြမ္းမယ့္အျပင္ ပိုက္ဆံအပိုမကုန္ေတာ့ သင့္ပိုက္ဆံအိတ္ကလည္း သင့္ကို ေက်းဇူးတင္ေနမွာေပါ့။
ပ်ားရည္
ပ်ားရည္ကို စားသံုးေပးလို႔လည္းရသလို ဆံပင္ အရမ္းကြ်တ္လာၿပီဆို ေပါင္းတင္ေပးလို႔လည္းရပါတယ္။ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းကို သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ေရာၿပီး ဆံေကသာေပၚသုတ္လိမ္းကာ ဦးေရျပားကုိပါ တစ္ခါတည္းႏွိပ္နယ္ေပးလိုက္ပါ။ ၿပီးရင္ ဆံပင္ကို ပုဝါေႏြးေႏြးေလးနဲ႔ နာရီဝက္ခန္႔ ပတ္ထားေပးလိုက္ပါ။ အခ်ိန္ျပည့္မွ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ရက္ပိုင္းအတြင္း ဆံေကသာက ျပန္လည္က်န္းမာသန္စြမ္းလာပါလိမ့္မယ္။
ဆံပင္ကြ်တ္လို႔ စိတ္ညစ္ေနတဲ့ကြီးမ်ား ဒီနည္းလမ္းေတြကို အသံုးျပဳၿပီး ဆံေကသာကို ျမန္ျမန္ထိန္းသိမ္းေစာင့္ေ႐ွာက္ေပးလိုက္ပါ။ ႏို႔မဟုတ္ရင္ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ထိပ္ေျပာင္ႀကီးျဖစ္သြားဦးမယ္ေနာ္။
Source: Rd.com