Weight တက်ချင်ရင် ကယ်လိုရီများများ စားလို့ ပြောကြပါတယ်။ ဒါပေမယ့် ဘယ်လိုအစားအစာတွေ စားပေးရမလဲ။ ကျန်းမာရေးနဲ့ရော ညီပါ့မလားလို့လည်း မေးစရာ ရှိလာပါတယ်။ အထူးသဖြင့် Skinny စာရင်းဝင် ပိန်လွန်းတဲ့ ယောင်္ကျားတွေအတွက် ကျန်းမာရေးနဲ့ အညီ သဘာဝအတိုင်း ဝိတ်တက်လာအောင် ဘယ်လို အစားအသောက်တွေ စားပေးသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ အကြံတချို့ ပေးချင်ပါတယ်။

(၁) နို့

Milk

Photo: menskool

နို့ကို Weight Gainer ဖြစ်မယ့် အစားအသောက်အဖြစ် ရှေးကတည်းက အသိအမှတ်ပြုထားခဲ့တာပါ။ ကြွက်သားတက်ချင်ရင် နို့ကို Muscle Builder အဖြစ် ဖြည့်စွက်သောက်သုံးကြပါတယ်။ နို့မှာ ပရိုတိန်း ၊ ကာဗွန်ဟိုက်ဒရိတ် နဲ့ အဆီဓါတ်တွေ ပါသလို ကယ်လ်ဆီယမ်နဲ့ တခြား သတ္ထုဓါတ် ၊ ဗိုက်တာမင်တွေ ကြွယ်ဝတာကြောင့် ဝိတ်တင်ချင်သူတိုင်း မဖြစ်မနေ နို့သောက်ဖို့ ပြောချင်ပါတယ်။

နို့ဟာ ကြွက်သားကြီးထွားဖို့အတွက် အရေးကြီးတဲ့ ပရိုတိန်းအရင်းအမြစ်ပါရှိတဲ့ အစားအစာဖြစ်လို့ နို့သောက်ပြီး ဝိတ်မ တဲ့ Weightlifting Workout လုပ်မယ်ဆိုရင် ကြွက်သားကြီးထွားတာ ပိုမြန်စေတယ်လို့ ဆိုပါတယ်။ အားကစားလုပ်နေတဲ့သူတစ်ယောက်ဟာ တစ်နေ့ကို သဘာဝနွားနို့ တစ်ဖန်ခွက်ဖြစ်စေ နှစ်ဖန်ခွက်ဖြစ်စေကို အားကစားမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ သောက်သုံးပေးသင့်တယ်လို့လည်း အကြံပြုထားကြပါတယ်။

(၂) ထမင်း

Rice

Photo: menskool

ဆန်ဟာ ဝိတ်တက်ဖို့အတွက် ထိရောက်ပြီး စရိတ်စကနည်းတဲ့ ကာဗွန်ဟိုက်ဒရိတ်အရင်းအမြစ်ဖြစ်ပါတယ်။ ဆန်ဖြူတစ်ခွက်စာ ထမင်းတစ်ပန်းကန် (၁၅၈ ဂရမ်) မှာကိုပဲ ကယ်လိုရီ ၂၀၄ ၊ ကာဗွန်ဟိုက်ဒရိတ် ၄၄ ဂရမ် နဲ့ အဆီပမာဏအနည်းငယ် ပါဝင်ပါတယ်။ ထမင်းဟာ ကယ်လိုရီမြင့်တဲ့ အစားအသောက်ဖြစ်လို့ ကာဗွန်ဟိုက်ဒရိတ်နဲ့ ကယ်လိုရီတက်စေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

(၃) အခွံမာသီး နဲ့ အစေ့အဆံတွေ

Nuts and Nut butter

Photo: menskool

ဝိတ်တက်ချင်ရင် အစေ့အဆံနဲ့ အစေ့အဆံကနေ ထုတ်တဲ့ ထောပတ်တွေ စားပေးသင့်ပါတယ်။ အယ်လ်မွန်စေ့ လက်တစ်ဆုပ်စာမှာ ကယ်လိုရီ ၁၇၀ ။ ပရိုတိန်း ၆ ဂရမ် ၊ ကာဗွန်ဟိုက်ဒရိတ် ၄ ဂရမ် နဲ့ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီ ၁၅ ဂရမ် ပါဝင်ပါတယ်။ ကယ်လိုရီပြည့်နေတဲ့ အစားအစာတွေ ဖြစ်လို့ မုန့်ပဲ သွားရည်စာအနေနဲ့ တစ်နေ့ကို လက်နှစ်ဆုပ်စာလောက် စားရုံနဲ့တင် ရာနဲ့ချီတဲ့ ကယ်လိုရီတွေ စားသုံးပြီး ဖြစ်စေမှာပါ။

၄) ကစီဓါတ်မြင့်တဲ့ အသီးအနှံတွေ

Potato

Photo: menskool

အားကစားသမားတွေ အဓိကစားကြတဲ့ အစားအစာထဲမှာ Glycogen လညး် ပါပါတယ်။ များသောအားဖြင့် ဒီ ကာဗွန်ဟိုက်ဒရိတ်အရင်းအမြစ်တွေမှာ လူအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ အမျှင်ဓါတ်နဲ့ ကစီဓါတ်တွေ ပါဝင်ပါတယ်။ ကစီဓါတ်အတွက် ရိုးရှင်းပြီး အကုန်အကျအနည်းဆုံး အစားအစာတွေကတော့ အာလူး ၊ အုတ်ဂျုံ ၊ ပြောင်းဖူး ၊ ကန်စွန်းဥ ၊ ပဲတောင့်ရှည် ၊ ဖရုံနဲ့ ပဲသီးတွေ ဖြစ်ပါတယ်။ ဝိတ်တက်ချင်ရင် အာလူးပြုတ်စားပေးတာက အလွယ်ဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။

(၅) ငါး

Fishes

Photo: menskool

အနီရောင်ရှိတဲ့ အသားတွေလိုပဲ ဆယ်လ်မွန်နဲ့ အဆီများတဲ့ ငါးတွေဟာ ပရိုတိန်းနဲ့ လူအတွက် မရှိမဖြစ် လိုအပ်တဲ့ Healthy Fat တွေ ပြည့်ဝကြပါတယ်။ အထူးသဖြင့် အိုမီဂါ သရီး ဖက်တီးအက်ဆစ်ဆိုရင် ဆယ်လ်မွန်ငါးတွေနဲ့ အဆီများတဲ့ ငါးတွေဆီကနေပဲ ရနိုင်တဲ့ နာမည်ကြီးအဟာရာဓါတ်တစ်ခုလည်း ဖြစ်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဟာ ရောဂါအမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသလို ကိုယ်ကာယကျန်းမာမှုအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။

ဆယ်လ်မွန်ငါးတွေမှာ ပရိုတိန်း ၊ ကယ်လိုရီနဲ့ အဆီဓါတ် မြင့်တာကြောင့် ကြွက်သားကြီးထွားချင်သူတွေနဲ့ ဝိတ်တက်ချင်သူတွေအတွက် အထူးသင့်လျော်တဲ့ စားစရာတစ်ခုလို့လည်း ဆိုရမှာပါ။ ဆယ်လ်မွန်ငါးတွေကို အမျိုးမျိုး လုပ်စားလို့ ရပါတယ်။ ပေါင်းပဲ စားစား ၊ ကင်/ဖုတ် ၊ ချက်/ကြော် အစုံလုပ်စားလို့ ရပါတယ်။ Skinny Man တွေအတွက်ဆိုရင် ဆယ်လမွန်ငါး ကြပ်တိုက် ဒါမှမဟုတ် ဆူရှိအစိမ်းနဲ့ ဆယ်လ်မွန် ဆာရှီမီ လုပ်စားသင့်ပါတယ်။