သိပ္ပံပညာရဲ့လေ့လာဆန်းစစ်မှုများအရ ကိုယ်စားလိုက်တဲ့အစားအစာတွေက စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိစေတယ်လို့ ဆိုထားပါတယ်။ စိတ်မပျော်မရွှင်ဖြစ်တဲ့အခါမျိုး ၊ စိတ်ကျနေချိန်တို့မှာ ကွီးတို့ရဲ့ စိတ်ကိုပြန်လည်လန်းဆန်းလာစေဖို့ အစားအသောက်တွေက အထောက်အကူ ပြုနိုင်ပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ စိတ်ကြည်လင်လန်းဆန်းစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေအကြောင်း မျှဝေပေး လိုက်ပါတယ်နော်။

(၁) မှို

Mushrooms

Photo : Simply Recipes

မှိုဟာ ဗီတာမင် D အရင်းအမြစ်တစ်ခုဖြစ်ပြီး ဗီတာမင် D ဓာတ်က စိတ်ခံစားချက်ကိုမြှင့်တင်ပေးကာ စိတ်ဓာတ်ကျခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများပါရှိပါတယ်။ ဒါ့အပြင် မှိုမှာပါဝင်တဲ့ ဆီရိုတိုနင်ဓာတ်က စိတ်ဓာတ်ကျခြင်း နှင့် စိုးရိမ်ပူပန်ခြင်းတွေကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ သို့သော် အလွန်အကျွံမစားသုံးမိဖို့တော့ သတိပြုသင့်ပါတယ်။

(၂) ပန်းသီး

Apples

Photo : Everyday Health

တစ်နေ့ကို ပန်းသီးတစ်လုံးပုံမှန်စားရင် ဆေးရုံဆေးခန်းတွေက သင်နဲ့မသက်ဆိုင်တော့တဲ့နေရာတွေလို့ ပြောရလောက်တဲ့အထိ ကျန်းမားရေအကျိုးကျေးဇူးများပါတယ်။ ပန်းသီးအပါအဝင် လက်ဆတ်တဲ့အသီးအနှံ့အများစုက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စွမ်းအင်ပိုမိုရစေကာ တက်ကြွလန်းဆန်း ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။

(၃) Green Tea

Green Tea

Photo : Foodal

ဂျပန်နိုင်ငံသုတေသီများရဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့ကို Green Tea လက်ဖက်ရည်ကြမ်း ငါးခွက်နဲ့အထက် သောက်သူတွေဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်ပြီး စိတ်ဖိစီးမှုတွေလျော့နည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။ Green Tea က စိတ်ခံစားမှုကိုမြင့်တင်ပေးကာ စိတ်ပျော်ရွှင်စေတဲ့ အကောင်းဆုံးသောက်စရာတစ်မျိုး ဖြစ်ပါတယ်။

(၄) ကမာ

Oysters

Photo : Healthline

ပင်လယ်စာကြိုက်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်နည်းခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်ခံစားမှုကျဆင်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပဲ စိတ်ခံစားမှုကိုပြန်လည်မြှင့်တင်ဖို့နဲ့ စိတ်ပျော်ရွှင်စေဖို့ဆို ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကမာကောင်တွေက ရွေးချယ်စားပေးသင့်တဲ့ စားစရာတစ်ခုဖြစ်ပါတယ်။

(၅) Dark Chocolate

Dark Chocolate
Photo : BienManger

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) အရင်းအမြစ်တစ်ခုဖြစ်တဲ့ Dark Chocolate ဟာစိတ်ဖိစီးမှုဟော်မုန်း cortisol ကို လျှော့ချပေးပြီး စိတ်ခံစားမှုကို တက်ကြွလန်းဆန်းစေနိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုလည်းအထောက်ကူပြုပြီး သွေးခုန်နှုန်းကိုထိန်းညှိပေးကာ သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။

Featured Photo : Healthline