အစာအာဟာရတွေဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်းအတွက် အကောင်းဆုံးထောက်ပံ့ပေးတဲ့ အရာတွေဖြစ်သော်လည်း အစားအစာတိုင်းကတော့ ကျန်းမာရေးနဲ့ ညီညွှတ်နေမှာမဟုတ်တာကိုတော့သတိထားဆင်ခြင်ဖို့ လိုပါမယ်။ဒီနေ့မှာတော့ ဦးနှောက်ကျန်းမာရေးအတွက် မစားသင့်တဲ့အစားအစာတွေအကြောင်းပြောပြပေးချင်ပါတယ်။
လေ့လာမှုများအရ သွေးတွင်း သကြားပါဝင်မှုနှုန်းများခြင်းက ဝိတ်တက်စေရုံသာမကပဲ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကိုလည်း မြင့်တက်စေပါတယ်။ ပြီးတော့ ဦးနှောက်ထိခိုက်ပြီး စိတ်ကစဉ့်ကလျား ဖြစ်နိူင်ခြေလည်းရှိပါတယ်။ ဒါကြောင့် သကြားပါဝင်မှုနှုန်းများတဲ့ လက်ဖက်ရည်၊ အချိုရည်တွေ အလွန်အကျွံသောက်ခြင်းမှ ရှောင်ရှားသင့်ပါတယ်။

Source : Freepik
Trans Fats တွေကို များသောအားဖြင့် အဆာပြေစားလို့ရတဲ့ အားလူးကြော်တို့၊ အသင့်စား အစားအစာတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။Trans Fats ခေါ် Fatty Acid ပါဝင်မှုနှုန်းများတဲ့ အစားအစာတွေဟာ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ မှတ်ဉာဏ်ချွတ်ယွင်းခြင်းနဲ့ သတိမေ့တဲ့ရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဒါကြောင့် Trans Fats ပါဝင်မှုနှုန်းများတဲ့ အေးခဲထားတဲ့ ပီဇာ၊ အမြန်ရအစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
အရက်ဟာ မှီဝဲတတ်ရင် ကျန်းမာရေးအတွက် ကောင်းတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။ ဒါပေမဲ့ အရက်အလွန်အကျွံသောက်ရင်တော့ ကျန်းမာရေးဆိုးကျိုးတွေသာမက လူမူရေးပြသာနာတွေလည်း ကြုံရတတ်တာကို သတိပြုဖို့လိုပါတယ်။
ဦးနှောက်အရွယ်အစားသေးသွားစေတာ၊ ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေတာတွေက အရက်အလွန်အကျွံသောက်မိရင် ဖြစ်လေ့ရှိတဲ့ ရောဂါတွေပါ။ မှတ်ဉာဏ်တွေ ဆုံးရှုံးတာနဲ့ ကြာရှည်ဦးနှောက်ထိခိုက်မှုကိုလည်း ဖြစ်စေပါတယ်။
ဒါကြောင့် အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ရှားသင့်ပါတယ်။ နှလုံးရောဂါသည်တွေအနေနဲ့ အရက်ကို မသောက်ပဲနေတာ အကောင်းဆုံးပါ။

Source : Freepik
Aspartame ကတော့ သကြားအစားထိုးပစ္စည်းတစ်မျိုးပါ။ ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့အရာပါ။ ကယ်လိုရီ မပါလို့ ဝိတ်ချတဲ့နေရာမှာ အသုံးတွင်ကျယ်ပါတယ်။ အဲ့ထဲမှာ Phenylalanine ၊ Methanol နဲ့ Aspartic Acid စတဲ့ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။Aspartame ကို ပီကေ၊ ဒိန်ချဉ်၊ ဆိုဒါ သကြားမပါတဲ့ သကြားလုံးတွေမှာ တွေ့ရတတ်ပါတယ်။ ဆရာဝန်တွေကတော့ သကြားစားသုံးမှုနဲ့ ဆေးသကြားစားသုံးမှုကို လျှော့ချဖို့ အကြံပေးထားကြပါတယ်။
ပြုပြင်ထားတဲ့ အစားအစာတွေမှာ သကြားပါဝင်မှုနှုန်းမြင့်ပြီးတော့ အဆီနဲ့ ဆားတွေ မြောက်များစွာပါဝင်လေ့ရှိပါတယ်။ ပြုပြင်ထားတဲ့ အစားအစာ ဥပမာ သကြားလုံး၊ ချိစ်၊ ခေါက်ဆွဲခြောက်တွေနဲ့ အသင့်စားအစားအစာတွေ မှာ ကယ်လိုရီပါဝင်မှုနှုန်းများပြီးတော့ အခြား ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ အလွန်နည်းပါတယ်။ ဒီအစားအစာတွေကို အများကြီးစားသုံးမယ်ဆိုရင် ဝိတ်တက်ခြင်းနဲ့ ဦးနှောက်ကျန်းမာရေးထိခိုက်ခြင်း စတဲ့ ဆိုးကျိုးတွေ ခံစားရနိူင်ပါတယ်။
