သိပ္ပံပညာလေ့လာမှုတွေကတော့ သင့်ခေါင်းမှာ ဆံပင်တွေ သန်သန်စွမ်းစွမ်း ရှိနေစေဖို့ အစားအသောက်နဲ့ ပြင်လို့ ရတယ်လို့ ဆိုပါတယ်။ ခေါင်းဖြီးလို့ပဲ ဖြစ်ဖြစ် ဆံပင်တွေကို လက်နဲ့ ဆုပ်ကြည့်လိုက်တိုင်း လက်ဆုပ်ထဲ ဆံပင်တွေ မနည်းမနော ပါလာပြီ ဆိုရင် မကြာခင် ဆံပင်တွေ အထွေးကြီး ကျွတ်တော့မှာကို သတိပြုပါ။ ဆံပင်စ ကျွတ်လာပြီဆိုရင် ခုပြောတဲ့ အစားအသောက်တွေကို စားပေးပြီး ဆံပင်သန်စွမ်းအောင် ထိန်းထားလို့ ရပါတယ်။
(၁) ဆယ်လ်မွန်
Photo: healthline
ဆံပင်ဟာ လက်သည်းတွေလိုပဲ ပရိုတိန်းမျှင်တွေ ဖြစ်လို့ ဆံပင်သန်စွမ်းကျန်းမာဖို့ ပရိုတိန်းစားပေးဖို့ လိုပါတယ်။ ပရိုတိန်းကလည်း Keratin လို့ ခေါ်တဲ့ ဆံပင်ရဲ့ အဓိကတည်ဆောက်ဖို့ အစိတ်အပိုင်းလည်း ထုတ်ပေးဖို့ လိုပါတယ်။ ဆယ်လ်မွန်ငါးကတော့ အိုမီဂါဖက်တီး သရီးအက်ဆစ်နဲ့ ဗိုက်တာမင်တွေ ပါဝင်လို့ ဆံပင်ကျန်းမာရေးကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ပါတယ်။
(၂) ပျားရည်
Photo: healthline
ပျားရည်ဟာ ဆံပင်ပါးတဲ့ ပြဿနာကို ရှင်းထုတ်ဖို့ ဆေးတစ်လက်ပါပဲ။ Seborrheic Dermatitis လို့ ခေါ်တဲ့ ဆံပင်နဲ့ ဆိုင်တဲ့ ဆံပင် ပါးခြင်း ၊ ယားယံခြင်း ၊ ဆံပင်ကျွတ်ခြင်း ပြဿနာ ကြုံနေသူတွေကို ရေ ၁၀ ရာခိုင်နှုန်း နဲ့ ပျားရည် ၉၀ ရာခိုင်နှုန်း ၄ ပတ်ကြာ သုတ်လိမ်းပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ သိသိသာသာ သက်သာပျောက်ကင်းတာ တွေ့ရတယ်လို့ ဆိုပါတယ်။
(၃) ကမာ
Photo: chronogram
ဇင့်ဓါတ်ဟာ ဆံပင်ကျွတ်တာ ကာကွယ်ကုသဖို့အတွက် အရေးပါဆုံး အာဟာရ ဖြစ်ပါတယ်။ ဆံပင်ကျွတ်သူတွေဟာ ဇင့်လယ်ဗယ် သာမန်ထက် သိသိသာသာ ကျဆင်းနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာ သက်သာဖို့ ဇင့်ဖြည့်စွက်စာ စားပေးသင့်သလို ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပြီး ထိန်းထားဖို့ လိုပါတယ်။ ကမာကောင်တွေကတော့ တစ်ခြားအစားအစာတွေထက် ဇင့်ထက်ပိုများပါတယ်။ ကမာစားဖို့ မလွယ်ရင် ကြက်ဥ ၊ နေကြာစေ့ ၊ ပဲစိမ်းလေး နဲ့ အုတ်ဂျုံတွေ စားပေးနိုင်ပါတယ်။
(၄) ဆီ
Photo: prettyblooming
ဖရုံစေ့ဆီ ၊ နှင်းဆီ ဆူးမွှေးရွက် နဲ့ အုန်းဆီတွေဟာ ဆံသား ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုအဆီတွေ ဖြစ်ပါတယ်။ သုတေီတွေဟာ ဆံပင်ကျွတ်နေတဲ့ အမျိုးသားတွေကို တစ်နေ့ ဖရုံစေ့ဆီ ၄၀၀ မီလီဂရမ် စားစေရာမှာ ဆံပင်သန်စွမ်းမှု ၄၀ ရာခိုင်နှုန်း ပိုမြင့်လာတယ်လို့ ဆိုပါတယ်။
(၅) ပင်လယ်ရေညှိ
Photo: healthline
မကြာသေးမီက တွေ့ရှိချက်တွေအရ တရုတ်ရိုးရာဆေးမှာ သုံးတဲ့ Cistanche Tubulosa ကန္တာရပင်နဲ့ ပင်လယ်ရေညှိ တို့ ပါတဲ့ ဖြည့်စွက်စာ စားပေးတာဟာ ဆံပင်ကျွတ်တာ သက်သာတယ်လို့ ဆိုပါတယ်။ ၁၆ ပတ်ကြာ စားပြီးတဲ့နောက် ဆံပင်သစ် ၁၃ ရာခိုင်နှုန်း တိုးလာသလို ဆံပင်အထူလည်း ၂၇ ရာခိုင်နှုန်း ရှိလာတယ်ယ်ု့ ဆိုပါတယ်။ ပင်လယ်ရေညှိဟာ ဆံပင်ဦးရေပြားပါးပြီး ဗောက်ထခြင်း များလည်း သက်သာစေတယ်လို့ တွေ့ထားပါတယ်။