စိတ်ညစ်စရာတွေကို အစားအသောက်နဲ့ ဖြေဖျောက်လို့ရတယ်ဆိုတာ သိပြီးပြီလား။ ပျော်ရွှင်တဲ့အခါ အစားကောင်းသောက်ကောင်းတွေစားကြသလို စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါတိုင်းမှာလည်း အစားအသောက်တွေနဲ့ ဖြေရှင်းလို့ရပါတယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်မှုတွေခံစားနေရရင်တော့ အခုပြောပြပေးမယ့် စိတ်ဖိစီးမှု လျော့ကျစေမယ့်အစားအစာလေးတွေသာ အမြန်ဆုံးပြေးစားလိုက်ပါ။

(၁) ငှက်ပျောသီး

Source : unsplash.com

ငှက်ပျောသီးမှာ ဗီတာမင်ဓာတ်များကြွယ်ဝစွာပါဝင်တဲ့ အပြင်ပိုတက်စီယမ်ဓာတ် သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်များပြည့်ပြည့်ဝဝပါဝင်ပါတယ်။အဆိုပါဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အားအင်တွေ များစွာဖြစ်စေနိုင်သလို စိတ်ညစ်စရာတွေ စိတ်ဖိစီးတွေကို လျော့ကျစေဖို့ ကူညီပေးပါတယ်။ စိတ်ညစ်နေရင်တော့ နီးစပ်ဆိုင်ကနေ ငှက်ပျောသီး အမြန်ဝယ်စားလိုက်ပါ။

(၂) ချောကလက်

Source : financialexpress.com

ချောကလက်တစ်ခုမှာ အနည်းဆုံး ကိုကိုးပါဝင်မှု ၆၅ ရာခိုင်နှုန်းရှိတာကြောင့် စိတ်တည်ငြိမ်မှု လန်းဆန်းတက်ကြွမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓာတ်များလည်း ကြွယ်ဝစွာပါတာဖြစ်ပြီး ချောကလက်တစ်ကိုက်စားရုံဖြင့် ခန္ဓာကိုယ်အတွက် ပျော်ရွှင်ဖွယ်ဟော်မုန်းဓာတ်တွေကိုလည်း ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ချောကလက်ဟာ စိတ်မကြည်လင်တာတွေ စိတ်ဖိစီးတာတွေကို အမြန်ဆုံးသက်သာစေတဲ့အတွက် အမျိုးသမီးတွေ ရာသီလာစဉ်မှာ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုအဖြစ် ဆေးပညာရှင်တွေက လမ်းညွှန်ထားတာ ဖြစ်ပါတယ်။

(၃) ဟင်းနုနွယ်

Source : Organic Facts

အစိမ်းရောင်ဟင်းနုနွယ်တွေဟာ ဗီတာမင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ စိတ်ညစ်ခြင်း စိတ်ကျရောဂါဖြစ်ခြင်းတွေဟာ ဗီတာမင်ဓာတ် အလုံအလောက်မရရှိတဲ့သူတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိတာကြောင့် စိတ်ညစ်လာတဲ့အခါ ဟင်းနုနွယ်ရွက်သာ စားလိုက်ပါ။

(၄) ရေ

Source : www.self.com

ရေဓာတ်အလုံအလောက်မရသူတွေမှာလည်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်အလိုမကျခြင်းများ အများဆုံးဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်တစ်နေ့ကို သောက်သုံးပေးသင့်တဲ့ ရေပမာဏအတိုင်း ပြည့်ဝစွာသောက်သုံးပေးဖို့လိုပါတယ်။ တစ်နေ့ကိုအနည်းဆုံး ရေ ၆ လီတာခန့် သောက်သုံးပေးရမှာဖြစ်ပါတယ်။