လူတိုင်းပျော်ရွှင်မှုကို လိုလားကြပါတယ်။ လူသားတိုင်းရဲ့ အခြေခံရည်မှန်းချက်က ပျော်ရွှင်ဖို့ပါ။ ဒါဟာ မထူးဆန်း ပေမယ့်လု့ိ လွယ်ကူတဲ့အရာတခုတော့မဟုတ်နိုင်ပါဘူး။ တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာရှာဖွေရတာမဟုတ်ဘဲ ဖန်တီးရတာပါ။ အခုပြောပြမှာက ပျော်တတ်တဲ့လူတွေမှာ တွေ့ရတတ်တဲ့ အချက်လေးတွေပါ။ သူတို့လို ပျော်ရအောင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) အကောင်းမြင်စိတ်ရှိတယ်

Source : WallpaperAccess

တကယ်တော့ အပျော်ဆုံးလူတွေဟာ အကောင်းမြင်စိတ်ရှိတဲ့လူတွေပါ။ သူတို့ဟာ သူတို့မှာဘာတွေရှိလဲ ဘာတွေကံကောင်းတတ်လဲဆိုတာကိုပဲ ရှာဖွေကြပါတယ်။ ပြဿနာတခုနဲ့ ရင်ဆိုင်ရတိုင်း ကောင်းတဲ့အပိုင်းကို မြင်တတ်ကြပါတယ်။

(၂) ကျေးဇူးတင်တတ်တယ်

Source :Recruiter

ပျော်ရွှင်တတ်တဲ့သူတွေဟာ ကျေးဇူးတင်တတ်တဲ့ စိတ်ကိုမွေးမြူကြပါတယ်။ သူတို့ရဲ့ဘဝအတွက်ကျေးဇူးတင်တတ်ကြပြီး သူတို့မှာရှိတဲ့အရာတွေကိုနှစ်သက်ကြပါတယ်။ သူတို့ရဲ့ဘဝကပြည့်စုံလို့မဟုတ်ပါဘူး ဒါပေမယ့် ရှိနေတဲ့အရာတွေအတွက် ကျေးဇူးတင်စွာလက်ခံတတ်ကြပါတယ်။

(၃) ပစ္စုပ္ပန်မှာ နေထိုင်တယ်

Source : The Ladders

ပျော်ရွှင်တဲ့လူတွေဟာ လက်ရှိပစ္စုပ္ပန်မှာပဲနေထိုင်ကြပါတယ်။ အတိတ်မှာ တဝဲလည်လည်ဖြစ်နေတာ ဒါမှမဟုတ် အနာဂတ်ကိုပူပန်လွန်းတာမျိုးကြောင့် သူတို့ရဲ့အချိန်တွေကိုမဖြုန်းတီးတတ်ကြပါဘူး။ လက်ရှိကာလမှာပဲ ပျော်ရွှင်မှုကိုရှာဖွေတတ်ကြပါတယ်။

(၄) စစ်မှန်စွာနေထိုင်ကြတယ်

Source : Verywell Mind

ပျော်ရွှင်တတ်တဲ့သူတွေဟာ တခြားလူတွေအတွက် လူ့အဖွဲ့အစည်းအတွက်အသက်မရှင်ကြပါဘူး သူတို့အတွက်ပဲသူတို့စစ်မှန်စွာနေထိုင်ကြပါတယ်။ သူတို့ရင်ထဲကအသံကိုပဲနားထောင်ပြီး သူတို့တကယ်လုပ်ချင်တဲ့အရာကိုပဲလုပ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကိုချစ်တယ်

Source : Inc.com

နောက်ဆုံးတချက်က ပျော်ရွှင်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုချစ်တတ်ပြီး ယုံကြည်မှုလည်းထားကြတယ်။ သူတို့လိုအပ်တဲ့အရာတွေကို သူတို့အတွက်ဖြည့်စည်းဖို့ကြိုးစားတတ်ကြတယ် ဒါဟာတကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ သူတို့ကိုယ်သူတို့ထိုက်တန်တယ်လို့ယုံကြည်လို့ ဖြစ်ပါတယ်။