ဒီလိုမျိုးအလေ့အကျင့်လေးတွေကို အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတွေမှာတွေ့ရလေ့ရှိပါတယ်။

(၁) တိကျတဲ့ရည်မှန်းချက်ထားကြတယ်

Source: The Motley Fool

ဒီနံပါတ်တစ် အချက်က အောင်မြင်မှုနဲ့ ကျရှုံးမှုကြားက အရေးကြီးတဲ့အချက်ပါ။ သင့်ပတ်ဝန်းကျင်က လူတွေ သို့မဟုတ် သင့်အပေါင်းအသင်းတွေက နောက်နှစ်ကျရင် ငါ ဝိတ်ကျအောင် လုပ်မယ်၊ ပိုက်ဆံအများကြီး စုမယ် စသဖြင့် ပြောနေကြတာကို သင်တွေ့နိုင် ကြားနိုင်ပါတယ်။ သို့ပေမဲ့ သူတို့ပြောတဲ့အချိန်ရောက်လာတဲ့အထိ ဘာမှရေရေရာရာ ဖြစ်မလာတာကို တွေ့ရပါတယ်။

ဒါကဘာဖြစ်လို့လဲဆိုတော့ သူတို့က တိကျသေချာတဲ့ ရည်မှန်းချက်မထားကြလို့ပါပဲ။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်နှနှစ်အတွင်းမှာ လက်ရှိဝင်ငွေထက် နှစ်ဆ (သို့) သုံးဆ တိုးလာအောင်လုပ်မယ်၊ ရက် ၃၀ အတွင်း ပေါင်၂၀ ဝိတ်ကျအောင်လုပ်မယ် စသဖြင့် တိကျသေချာတဲ့ ရည်မှန်းချက်တွေထားလေ့ရှိပါတယ်။

(၂) ဘာပဲလုပ်လုပ် အာရုံစိုက်ပြီး လုပ်ကြတယ်

Source: Wanderlust Worker

အာရုံစူးစိုက်မှုနည်းခြင်းက ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်ဖို့အတွက် အတားအဆီးတခုပါပဲ။ အလုပ်တခုကို ပြီးမြောက်အောင် မလုပ်ဘဲ နောက်အလုပ်တခုအပေါ် အာရုံစိုက်လိုက်မယ်ဆိုရင် အမှားများနိုင်သလို ကျဆုံးနိုင်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးသမားတွေကတော့ အဲ့လိုမဟုတ်ကြပါဘူး။ မိမိလုပ်နေတဲ့ အလုပ်တခုတည်းအပေါ်မှာပဲ အာရုံစိုက်ပြီး အားသွန်ခွန်စိုက် လုပ်ကြပါတယ်။

ဥပမာ Facebook ကို တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘက်ခ်ကိုပဲ ကြည့်ပါ။ သူဟာ Facebook ကိုတည်ထောင်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ တခြားအလုပ်တွေကို ပြောင်းလုပ်ဖို့စိတ်ကူးမရှိဘဲ Facebook ကိုသာ အာရုံစိုက်ပြီး ဒီထက်မက တိုးတက်အောင်လုပ်ဆောင်ခဲ့ပါတယ်။ အခုဆို Facebook ဟာ ဆိုရှယ်မီဒီယာလောကမှာ အောင်မြင်တဲ့ လုပ်ငန်းတခုဖြစ်နေပါပြီ။

(၃) သူတို့ဟာ လက်မလျှော့တတ်ကြဘူး

Source: Dibujos Para Colorear

ဒီအချက်က နံပါတ် ၁ အချက်နဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာမှာ အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တွေ၊ စားရေးဆရာတွေ၊ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေဆီကို ရောက်ဖို့အတွက် ရှုံးနှိမ့်မှုပေါင်းများစွာနဲ့ ကြုံတွေခဲ့ကြတာပါ။

ဥပမာ လျှပ်စစ်မီးသီးကို တီထွင်ခဲ့တဲ့ သောမက်စ်အဲဒီဆင်ကိုပဲ ကြည့်ပါ။ လျှပ်စစ်မီးသီးကို တီထွင်ဖို့ အကြိမ်ပေါင်း ၁၀၀၀၀ မက ကျရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ လက်မလျှော့ပဲနဲ့ ကြိုးစားခဲ့တဲ့အတွက် လျှပ်စစ်မီးသီးကို အောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။

(၄) စာဖတ်ကြတယ်

Source: Abranova

အောင်မြင်နေတဲ့ သူတွေဟာ စာဖတ်ကြပါတယ်။ သူတို့ဟာ မနက်ခင်း ရုံးမသွားခင် အမြဲတမ်း သတင်းစာဖတ်တဲ့ အလေ့အကျင့်ရှိကြပါတယ်။ တခြားအားလပ်ချိန်တွေမှာလည်း သုတ၊ ရတ စသဖြင့် စာအုပ်တွေ ဖတ်လေ့ရှိပါတယ်။

(၅) မျှဝေတတ်ကြတယ်

Source: Mind Tools

အောင်မြင်တဲ့ လူတွေတော်တော်များများဟာ သူတို့ရဲ့ စိတ်ကူးတွေ အောင်မြင်မူတွေအကြောင်းကို အခြားသူများအား ဝေမျှလေ့ရှိကြပါတယ်။ သူတို့က သူတို့ရဲ့အောင်မြင်မူဟာ ဥစ္စာဓန ချမ်းသာဖို့အတွက်သာမကပဲ တစုံတခု (သို့) တစုံတယောက်အပေါ် အကျိုးသက်ရောက်မှုရှိသင့်တယ်လို့ ယူဆထားလေ့ရှိတတ်ကြတယ်။ ဒါကြောင့် အောင်မြင်နေတဲ့သူတွေက မျှဝေတတ်တဲ့ အလေ့အထရှိကြတာပါ။