လူတော်တော်များများက အိပ်စက်ခြင်းနဲ့ပက်သတ်ပြီး ပြဿနာတွေရှိတက်ကြပြီး ညဘက်တွေမှာကောင်းစွာအိပ်ပျော်နိုင်ဖို့ အတော်လေးရုန်းကန်နေကြရပါတယ်။ တချို့ကလည်း အိပ်နေစဉ်အသက်ရှုကျပ်ခြင်း မကြာခဏအိပ်တဝက်နိုးတဝက်ဖြစ်နေခြင်း စတဲ့ အိပ်မပျော်ခြင်း ကဲ့သို့သောရောဂါများကိုခံစားကြရပါတယ်။ဒီလိုကောင်းစွာအိပ်ပျော်ဖို့ အခက်အခဲရှိတဲ့ သူတွေအတွက် ဒီနေ့မှာတော့ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့ ကူညီပေးမယ့် မအိပ်ခင်သောက်သုံးပေးရမယ့် သောက်စရာများအကြောင်းကိုပြောပြပေးချင်ပါတယ်။
(၁) နွားနို့ပူပူလေးတစ်ခွက်

Source : Medical News Today
ခန္ဓာကိုယ်တွင်း ကယ်လစီယမ်ဓာတ်နည်းပါးနေခြင်းက အိပ်မပျော်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နွားနို့ဟာ ကယ်လစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး စိတ်တည်ငြိမ်အေးချမ်းစေတဲ့ Serotonin ဒြပ်ပေါင်းဓာတ်များလည်း ပါဝင်တာကြောင့် မအိပ်ခင်နွားနို့ ပူပူလေးတစ်ခွက်သောက်ခြင်းက သင့်ရဲ့ အိပ်စက်အနားယူခြင်းအတွက် ကောင်းစွာအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။
(၂) အုန်းရည်

Source : Food Business News
၂၀၀၆ ခုနှစ်ကလေ့လာစစ်တမ်းပြုခဲ့တဲ့ ဆေးဖက်ဆိုင်ရာအယူအဆ တစ်ခုအရ ခန္ဓာကိုယ်အတွင်း မဂ္ဂနီစီယမ်ဓာတ် မရှိခြင်းက စိတ်ကျရောဂါနှင့်စိုးရိမ်စိတ်ကိုဖြစ်ပေါ်စေနိုင်ပြီး အိပ်ပျော်ရခက်ခဲစေတဲ့ ဝေဒနာကိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အုန်းရေဟာ မဂ္ဂနီစီယမ်ဓာတ်ရရှိစေတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး စိတ်ကိုငြိမ်သက်စေကာ အိပ်ပျော်ဖို့အတွက် ကူညီပေးတယ်လို့ လေ့လာသူတွေကဆိုပါတယ်။
(၃) ငှက်ပျောသီး

Source : GoodtoKnow
ငှက်ပျောသီးတွင် မဂ္ဂနီစီယမ် ပိုတက်စီယမ်နှင့် အမိုင်နိုအက်ဆစ်ဓာတ်တွေပါဝင်ပြီး အဆိုပါဓာတ်တွေက အိပ်စက်ခြင်းကိုကောင်းမွန်စေတဲ့ Serotonin ဒြပ်ပေါင်းတွေကိုထုတ်လွတ်ပေးပါတယ်။ ဒါကြောင့် အိပ်ယာမဝင်မှီမှာ ငှက်ပျောသီးကို နွားနို့ ပျားရည်တို့နှင့်ရောဖျော်ပြီး သောက်သုံးပေမယ်ဆိုရင် ကောင်းစွာအိပ်စက်အနားယူနိုင်မှာဖြစ်ပါတယ်။
(၄) Almond Milk

Source : The Spruce Eats
Almond Milk မှာ စိတ်ဖိစီးမှုနှင့် တင်းမာမှုကို လျော့ကျသက်သာစေတဲ့ အရေးကြီးသော အာဟာရဓာတ်များစွာပါဝင်ပါတယ်။ အာရုံကြောကိုထိန်းညှိပေးနိုင်တဲ့ ဂုဏ်သတ္တိများလည်းပါဝင်ကာ ကောင်းမွန်တဲ့အိပ်စက်ခြင်းမျိုးရဖို့ ကူညီပေးတဲ့အတွက် မအိပ်ခင်မှာ Almond Milk ပူပူလေးတစ်ခွက်ကို သောက်သုံးပြီးမှ အိပ်ယာဝင်ဖို့ အကြံပြုချင်ပါတယ်။
(၅) Chamomile လက်ဖက်ရည်

Source : Grand Turkish Bazaar
Chamomile ဟာဆေးဖက်ဝင်ပန်းပွင့်တစ်မျိုး ဖြစ်ပြီး ရှေးရာစုနှစ်များစွာကတည်းက သဘာဝဆေးဝါးတစ်လက်အဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ Chamomile ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ဓာတ်တွေပါဝင်ပြီး အသားအရေနှင့် ဆံပင်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ Chamomile မှာ Flavonoid လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်ပြီး ၎င်းက စိတ်အေးချမ်းစေကာ ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
