လူတိုင်းလူတိုင်းက ကျန်းမာတဲ့နေထိုင်မှုပုံစံရှိဖို့ သင့်လျော်တဲ့အစားအသောက်တွေစားသုံးရပါတယ်။ ဒီတခါမှာတော့ အမျိုးသားတွေစားသင့်တဲ့အစားအစာတွေအကြောင်းကို အဓိကထားမျှဝေပေးချင်ပါတယ်။ ဘယ်အ စားအစာတွေက ဘယ်တွေကောင်းတယ်ဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
(၁) အဆီပါဝင်မှုနည်းပါးတဲ့ အနီရောင်အသား
Source : Healthplus
အမျိုးသားတွေဟာ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေထက်ပရိုတင်းဓါတ်များများစားသုံးလေ့ရှိပါတယ်။ တကယ်လို့ သင်က ဝိတ်တက်ဖို့ကြိုးစားနေတယ်ဆိုရင် ပရိုတင်းဓါတ်ကကာဗိုဟိုက်ဒရိတ်ထက်ပိုလိုအပ်ပါတယ်။ သူက ကြွက်သားတည်ဆောက်မှုကိုကူညီပေးပြီး အနီရောင်အသားကို အများကြီးနေ့စဉ်စားပေးစရာတော့မလိုပါဘူး။
(၂) အမည်းရောင်ချောကလက်
Source : Bon Appétit Management
အလယ်အလတ်တန်း ချောကလက်အမည်းရောင်ကိုစားသုံးပေးတာက အမျိုးသားတွေအတွက် ကျန်းမာရေး ကောင်းကျိုးတွေရစေပါတယ်။ အမည်းရောင်ချောကလက်က သွေးပေါင်ချိန်ကိုလျော့ချပေးတယ်။ သွေးလည်ပတ်မှုကိုကောင်းစေပြီး ခန္ဓာကိုယ်တွင်းကမကောင်းတဲ့ကိုလက်စရောတွေကိုလဲကျစေပါတယ်။
(၃) ဇင့်ဓါတ်ပါဝင်တဲ့ ပင်လယ်စာ
Source : Food On Book
သင်က ဂဏန်းချစ်သူတယောက်လား ဒါမှမဟုတ် ခရု၊ ခုံး၊ ပုစွန်ပင်လယ်စာတွေကြိုက်သူလား။ ဒီလိုအခွံမာအကောင်လေးတွေက အဆီ၊ ကယ်လိုရီနည်းပြီး ပရိုတင်းဓါတ်မြင့်မားတဲ့အတွက်လူတိုင်းကြိုက်ကြပါတယ်။ ဇင့် ဓါတ်ပါဝင်မှုလည်းများတဲ့အတွက် ယောင်္ကျားလေးတွေအတွက်အထူး သင့်လျော်ပါတယ်။ ဇင့်ဓါတ်က သုက်ပိုး ထုတ်လွှတ်မှုကိုကူညီပေးတဲ့အပြင် တက်စတိုနင်ဟော်မုန်းကိုလဲမြင့်တက်စေပါတယ်။ ဒါ့အပြင် အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုအလားအလာကိုလဲ လျော့ကျစေပါတယ်။
(၄) ချင်း
Source : The Statesman
လေ့ကျင့်ခန်းလုပ်ပြီးနောက် သင်ကြွက်သားတွေနာနေပါသလား။ သင်အိပ်ယာနိုးတဲ့အခါ ကြွက်သားတွေပင်ပန်း တဲ့ပြသနာရှိရင် ချင်းကသင့်ကိုကူညီနိုင်ပါတယ်။ ချင်းက ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ဟောမုန်းတွေကိုလျော့စေ တဲ့အပြင် နာကျင်ကိုက်ခဲမှုကိုလဲသက်သာစေပါတယ်။ လေ့လာမှုတခုအရ ချင်းက ဒူးနဲ့ အဆစ်အမြစ်နာကျင်မှု နဲ့ပတ်သတ်တဲ့ဝေဒနာတွေကိုလဲ သက်သာစေတယ်လို့ဆိုပါတယ်။
(၅) ငှက်ပျောသီး
Source : Medical News Today
သင့်အစားအသောက်ထဲမှာ ပိုတက်စီယမ်ဓါတ်ပြည့်ဝအောင်စားသုံးတာက ရုတ်တရတ်အကြာတင်တာ အကြောဆွဲတာလို ကျန်းမာရေးပြသနာတွေကိုတားဆီးပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓါတ် ပြည့်ဝတဲ့အတွက် သင့်အရိုးအတွက်လဲကောင်းမွန်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးစားတာက သွေးပေါင်ချိန် မြင့်တာ၊ သွေးပေါင်ချိန်တက်တာကိုလဲ လျှော့ချပေးပါတယ်။