အောင်မြင်ခြင်းသည် ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုတည်းကိုသာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမဟုတ်ပါဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ဖို့လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်မှန်ကန်ဖို့ဆိုရင် ကျန်းမာရေးကောင်းမွန်ဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားနေဖို့လိုအပ်ပါတယ်။

သင် နာမကျန်းဖြစ်နေချိန်၊ အလွန်အမင်းပင်ပန်းနေချိန်တွေမှာ ဘယ်အရာကိုမှ စဉ်းစားဆုံးဖြတ်နိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းမရှိပါဘူး။ အောင်မြင်ကျော်ကြားသော တကယ့်ယောကျာ်းများသည် အစား စားချိန်၊ အိပ်ချိန်၊ နားချိန်တွေ မရှိလောက်အောင်ပင် အလုပ်များကြတယ်လို့ သင် ထင်ကောင်းထင်မှတ်နိုင်ပါတယ်။

ဟုတ်ပါတယ်။ သူတို့အလုပ်များကြတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီအလုပ်များနေတဲ့ကြားထဲကနေ အိပ်စက်မှုစက်ဝန်းကို မှန်ကန်အောင် ဘယ်လိုထိန်းညှိသလဲ၊ အစားအသောက်မှန်အောင် ဘယ်လိုကြိုးစားသလဲ၊ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ကို ဘယ်လို စီမံခန့်ခွဲသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။

အောင်မြင်တဲ့လူတွေဆီကနေ အတုယူသင့်တဲ့ ကျန်းမာရေးအလေ့အထများကို ဖော်ပြပေးလိုက်ရပါတယ်။

အမှန်တကယ်အောင်မြင်သောသူများသည် အစားအစာကို အချိန်မှန်မှန်စားသုံးလေ့ရှိကြပါတယ်

healthy tips for Real men

အစားအစာသည် ခန္ဓာကိုယ်အတွက် အဓိကအကျဆုံးပါပဲ။ အောင်မြင်သောသူများသည် အစားအစာချိန်နှင့် အလုပ်ချိန်ကို သေချာစီမံခန့်ခွဲထားပြီး ကာဖန်းဓာတ်၊ သကြားဓာတ်နှင့် ကယ်လိုရီများသော အစားအစာများကိုလည်း လျော့စားတတ်ကြပါတယ်။ ဒါမှသာ သူတို့ရဲ့စွမ်းအင်တွေကို အရေးကြီးသောအရာတွေမှာ အာရုံစိုက်နိုင်ကြလို့ပါ။

လေ့ကျင့်ခန်းအတွက်လည်း အချိန်ပေးကြတယ်

healthy tips for Real men

လူသားများသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရောဂါဘယများ ခံစားရနိုင်ခြေလည်း မြင့်မားလာပါတယ်။ အထူးသဖြင့် သင်သည် လေ့ကျင့်ခန်းမပြုလုပ်ပါက အသက်အရွယ်ရလာတဲ့အခါ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ကို ခံစားရလေ့ရှိပါတယ်။

အောင်မြင်တဲ့လူတွေသည် နေ့စဉ် ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ လှုပ်လှုပ်ရှားရှားနေခြင်းအားဖြင့် အားကစားလိုက်စားလေ့ရှိပါတယ်။

သူတို့ရဲ့စိတ်ကို ကြွက်သားကဲ့သို့ ဆက်ဆံကြတယ်

healthy tips for Real men

လူသားတွေရဲ့စိတ်သည် ကြွက်သားများကဲ့သို့ပင် လေ့ကျင့်ခန်းပြုလုပ်ဖို့၊ အစားအစာ စားသုံးဖို့နဲ့ အနားယူဖို့ လိုအပ်ပါတယ်။ အောင်မြင်သောလူသားများသည် သူတို့ရဲ့စိတ်နှလုံး မောပန်းနွမ်းလျလာတယ်လို့ ယူဆပါက အနားယူဖို့အချိန်ပေးလေ့ရှိကြပါတယ်။ ဒါမှသည် သူတို့ရဲ့စိတ်သည် အမြဲတမ်းရွှင်လန်းတက်ကြွနေကြတာပါ။

သူတို့သည် အကောင်းမြင်စိတ်ကိုသာ မွေးမြူလေ့ရှိကြတယ်

healthy tips for Real men

ခန္ဓာကိုယ်ထဲတွင် မကောင်းမြင်စိတ်များ စီးဆင်းနေပါက သင့်ရဲ့ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်ပါတယ်။ အကောင်းမြင်စိတ်ကတော့ သင့်ကို အမြဲတမ်းပျော်ရွှင်နေအောင် အရာရာကို အကောင်းဘက်က ရှုမြင်တတ်အောင် ကူညီပေးပါတယ်။

မိမိကိုယ်ကို အနားပေးကြတယ်

healthy tips for Real men

အောင်မြင်တဲ့သူတွေသည် အလုပ်လုပ်ချိန်မှာ အလုပ်လုပ်၊ နားချိန်မှာလည်း အပြည့်အဝ အနားယူလေ့ရှိကြပါတယ်။ စိတ်အေးချမ်းအောင် တရားထိုင်ခြင်းမျိုးကိုလည်း ရံဖန်ရံခါပြုလုပ်ကာ မိမိရဲ့စိတ်ကို တည်ငြိမ်အောင်၊ အာရုံစူးစိုက်နိုင်စွမ်းမြင့်မားအောင် ကူညီပေးပါတယ်။

သင်ရော အခုဖော်ပြသွားတဲ့အချက်တွေထဲက ဘယ်နှချက်လောက်ကို ပြုလုပ်ပါသလဲ။

Source: Inc.com

Featured Image Source: Inc.com