တိုးတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ လူတော်တော်များများဟာ ကျန်းမာရေးအတွက်အချိန်မပေးနိုင်ကြပါဘူး။ အခု Kwee Page ကနေ နေ့စဉ်ပြုလုပ်ဖို့လွယ်ကူပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်လေးတွေကို ပြောပြပေးမှာပါ။

(၁) ရေသောက်ပါ

Source: ThoughtCo

ရေများများသောက်တာက ရိုးရှင်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ တော်တော်များများက ရေကိုအလုံအလောက်မသောက်ကြပါဘူး။ ရေအစား ဆိုဒါ၊ အချိုရည်နဲ့ ကော်ဖီတွေကို သောက်ကြတဲ့အတွက်ကြောင့် ရေကို မသောက်ကြတော့တာပါ။ တနေ့ကို အနည်းဆုံး ရေဖန်ခွက် (၈) ခွက်လောက် သောက်ကြည့်ပါ။ သတိရတိုင်း ရေကိုသောက်ပေးပါ။

(၂) အကောင်းမြင်စိတ်ရှိပါ

Source: Public Speaking Workshops

အကောင်းမြင်စိတ်ရှိတာနဲ့ ကျန်းမာရေးနဲ့မဆိုင်ဘူးလို့ သင် ထင်နေပါလိမ့်မယ်။ အကောင်းမြင်စိတ်ရှိတာက ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အကောင်းမြင်စိတ်ရှိတာက ဖျားနာခြင်းကိုလည်း လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။

(၃) ကျန်းမာရေးနဲ့အညီ စားသောက်ပါ

Source: Josh R. Harrison

ဒီအချက်က အရေးကြီးပါတယ်။ အစားအစာကို ဆေးဖြစ်အောင်မစားတတ်ရင် ဆေးကို အစားအစာအနေနဲ့ စားရပါလိမ့်မယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေကို ရွေးစားတော့မယ်ဆိုရင် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်ရယ် အစေ့အဆံတွေရယ်ကို ရွေးပြီးစားသုံးဖို့ လိုအပ်ပါတယ်။

(၄) အားကစားလုပ်ပါ

Source: Freepik

အာကစားလုပ်တာက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အားကစားလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းလာသလို ပိုပြီးတော့လည်း ပျော်ရွှင်လာပါလိမ့်မယ်။ ခန္ဓာကိုယ် အလေးချိန်လည်း ထိန်းပြီးသားဖြစ်တဲ့အတွက်ကြောင့် စိတ်ကျေနပ်မှုလည်းရစေပါတယ်။ ဒါကြောင့် မိမိကြိုက်နှစ်သက်ပြီး ဝါသနာပါတဲ့ အားကစားတခုခုကို နေ့စဉ်ပြုလုပ်ပေးပါ။

(၅) အိပ်ရေးဝအောင်အိပ်ပါ

Source: Dr.Thaddeus Gala

အခုခေတ်လူငယ်တွေ တော်တော်များများ လုံလောက်တဲ့ အိပ်ချိန်မရှိတာကို တွေ့ရပါတယ်။ အရွယ်ရောက်ပြီး လူတယောက်က တစ်ညကို အနည်းဆုံး (၇) နာရီအိပ်ဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်က လုံလောက်တဲ့အိပ်ချိန်မရရင်ကိုယ်ခံအားကျဆင်းပြီးတော့ ရောဂါမျိုးစုံဝင်လာတတ်ပါတယ်။ ဒါကြောင့် ညဖက် အိပ်ရေးပျက်စေမဲ့ လျှပ်စစ်ပစ္စည်းတွေ ဥပမာ ဖုန်း၊ ကွန်ပြူတာ သုံးချိန်လျှော့ချလိုက်ပါ။ ညဖက်အိပ်ရာဝင်ချိန်ကို ၁၀ နာရီသို့ ၁၀ ခွဲ စသဖြင့်ပုံမှန် သတ်မှတ်ထားသင့်ပါတယ်။

ဒီအချက်တွေကို နေ့စဉ်ပြုလုပ်သွားပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရယူပိုင်ဆိုင်လိုက်ကြရအောင်။