ဂီတမှာ မမြင်နိုင်တဲ့ စွမ်းအားတွေ များစွာရှိတယ်ဆိုတာ သင်သိပါသလား။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့လျို့ဝှက်အကျိုးကျေးဇူးတွေ  များစွာ ဂီတမှာရှိနေပါတယ်။ ဒါကြောင့် ခုပြောပြမယ့်ကောင်းကျိုးအချက်လေးတွေ ဖတ်ကြည့်ပြီးတာနဲ့ သင့်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖွင့်နားထောင်တာ ၊ ဂစ်တာတီးပြီး သီချင်းတစ်ပုဒ်သီဆိုတာမျိုး လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) စိတ်အေးချမ်းစေတယ်

 handsome young man listening to music on his mobile phone at home

Photo : Calm Blog

လေ့လာမှုများအရ ကိုယ်အကြိုက်ဆုံးသီချင်း ဂီတနားထောင်ခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေပြီး စိတ်ကြည်လင်အေးချမ်းစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဂီတရဲ့ သာယာငြိမ့်ညောင်းတဲ့ တေးသံစဉ်တွေဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကိုပြေလျော့စေပြီး စိတ်အာရုံကို ပိုစုစည်းနိုင်စေမှာပဲဖြစ်ပါတယ်။

(၂) အစားစားချင်စိတ်ကို လျော့ကျစေတယ်

Young man eating burger while sitting with female friends at a restaurant

Photo : Adobe Portfolio

အလင်းရောင်ခပ်ဖျော့ဖျော့နဲ့ သာယာတဲ့ jazz ဂီတဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာ ညစာစားသူတွေဟာ ၁၈ ရာခိုင်နှုန်းခန့်အစားလျှော့စားကြပြီး နည်းနည်းနဲ့နှစ်ခြိုက်စွာ အရသာခံစားသုံးကြတယ်လို့ Psychological Reports ဂျာနယ်မှာဖော်ပြထားပါတယ်။ သာယာတဲ့ဂီတသံစဉ်တွေဟာ အလွန်အကျွံစားချင်စိတ်ကိုလျော့ကျစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၃) အဖွဲ့လိုက်သီဆိုခြင်းဟာ ပျော်ရွှင်မှုကိုဖြစ်စေတယ်

Teenagers having fun at home party, singing songs and dancing

Photo : PhotoDune

သီချင်းဆိုခြင်းဟာ စိတ်ခံစားမှုကိုမြင့်တင်ပေးပြီး ပျော်ရွှင်မှုကို ခံစားရစေပါတယ်။ သို့သော် တစ်ယောက်တည်းသီဆိုမှုထက် အဖွဲ့လိုက်သီချင်းသီဆိုမှုဟာ ပိုပြီး ပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ ဗြိတိန် သုတေသီများက မှတ်ချက်ပေးထားပါတယ်။ ဒါကြောင့်လည်း သူငယ်ချင်းမိတ်ဆွေနဲ့ အဖွဲ့လိုက်သီချင်းသီဆိုရတာဟာ စိတ်တက်ကြွပြီး ပိုမိုပျော်ရွှင်ဖွယ်ကောင်းတာပါ။

(၄) တူရိယာတီးခတ်ခြင်းက ဦးနှောက်စွမ်းရည်ကို ကောင်းမွန်စေတယ်

Man playing guitar

Photo : Unsplash

တူရိယာတီးခတ်ခြင်းဟာ ဦးနှောက်ရဲ့ ဉာဏ်ကွန့်မြူးမှုကို ထက်သန်စေပြီး မှတ်ဉာဏ်စွမ်းရည်တိုးတက်ကောင်းမွန်စေပါတယ်။ တူရီယာပုံမှန်တီးခတ်မယ်ဆိုရင် အသက်အရွယ်အရဖြစ်ပေါ်တက်တဲ့ မေ့လျော့ခြင်း မှတ်ဉာဏ်ပျောက်ဆုံးစတဲ့ ဦးနှောက်ကျန်းမာရေးဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ခြေနည်းပြီး မှတ်ဉာဏ်နဲ့ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။

(၅) ယာဉ်မောင်းစဉ် ဒေါသစိတ်ဖြစ်မှုကိုလျော့နည်းစေပြီး ခရီးတွင်စေတယ်

 Happy Young Man Driving Car And Smiling

Photo : Westend61

ယာဉ်မောင်းကြသူတွေအများစုဟာ ယာဉ်ကြောပိတ်ဆို့မှုတွေ ၊ စည်းကမ်းမဲ့မောင်းနှင်တဲ့ယာဉ်တွေကြောင့် ယာဉ်မောင်းနေစဉ် ဒေါသစိတ်နဲ့ စိတ်ခံစားမှုတွေပြင်းထန်နေတက်ကြပါတယ်။ ဂီတက သင့်ရဲ့စိတ်ကိုချုပ်ငြိမ်းစေတာကြောင့် ယာဉ်မောင်းနေစဉ် သီချင်းနားထောင်မယ်ဆိုရင် ဒေါသစိတ်ဖြစ်မှုနည်းပြီး စိတ်အေးချမ်းစွာနဲ့လိုရာခရီးကို ရောက်နိုင်မှာဖြစ်ပါတယ်။

Featured Photo : Westend61