အဆီမရှိ ကျစ်လစ်တောင့်တင်းတဲ့ အမိုက်စားဘော်ဒီလည်း ရချင်တယ်။ Gym သွားဖို့လည်း ပျင်းတယ်ဆိုတဲ့သူတွေ ရှိမှာပါ။ အဲ့ဒီလူတွေအတွက် နည်းလမ်းရှိပါတယ်။
(၁) Diet
Photo: Unsplash
အစားအသောက်နဲ့ ကိုယ်ခန္ဓာတည်ဆောက်မှုကို ပြုပြင်လို့ရပါတယ်။ ဝိတ်ချချင်လား ဒါမှမဟုတ် ဝိတ်တင်ချင်သလား Diet စနစ်မှန်ရင် ရပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်ဖို့ဆိုရင် လတ်ဆတ်သန့်ရှင်းတဲ့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေ စားပေးသင့်ပါတယ်။ ဒီအစားအစာတွေဟာ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓါတ်ကို အများဆုံးထောက်ပံ့ပေးနိုင်သလို အသားအရေလည်း လတ်ဆတ်စိုပြေစေတဲ့ အကျိုးပေးပါတယ်။အစားအစာတွေကို အဆီနည်းနည်းနဲ့ ချက်ပြုတ်စားသောက်တဲ့ အကျင့်လုပအ်ပါ။ Junk Food တွေနဲ့ သကြားဓါတ်မြင့်မားတဲ့ အသင့်စား အစားအစာတွေ ရှောင်ကြဉ်ပါ။ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ရာဝင်တဲ့ အလေ့အကျင့်လည်း ကျင့်သုံးပါ။ ဒါတွေက သင့်ကိုယ်ခန္ဓာကို ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။
(၂) အေရိုးဗစ်လေ့ကျင့်ခန်းများ
Photo: Freepik
တက်ကြွလှုပ်ရှား အားကစားတွေက သင့်ခန္ဓာကိုယ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံဖြစ်အောင် ပုံသွင်းပေးနိုင်ပါတယ်။ Weight မ,မှ ခန္ဓာကိုယ်လှပတာ မဟုတ်ပါဘူး။Cardio လေ့ကျင့်ခန်းလို့ လူသိများတဲ့ အေရိုးဗစ်ကစားနည်းကလည်း အဆီကျပြီး ဖျတ်လတ်တဲ့ ခန္ဓာကိုယ်ဖြစ်စေနိုင်ပါတယ်။ Cardio ကစားတာဟာ နှလုံးခုန်နှုန်းနဲ့ အသက်ရှုမှုကိုလည်း နှိုးဆွပေးနိုင်ပြီး အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားကောင်းလာစေပါတယ်။သိပ္ပံလေ့လာချက်တွေအရလည်း အေရိုးဗစ်ကစားနည်းတွေဟာ အဝလွန်ခြင်း ၊ ဆီးချိုသွေးချိုနဲ့ စိတ်ဓါတ်ကျခြင်းမဖြစ်အောင် တားဆီးပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အေရိုးဗစ်လိုမျိုး နောက်ထပ် လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတွေကတော့ ရေကူးတာ ၊ ပြေးတာ နဲ့ စက်ဘီးစီးတာပဲ ဖြစ်ပါတယ်။
(၃) ယောဂ
Photo: Freepik
အိန္ဒိယမှာ ရှေးရှေးကတည်းက ယောဂကျင့်စဉ်တွေကို ကျန်းမာရေးအတွက်ရော စိတ်စွမ်းအင်ပိုင်းအတွက်ပါ အထူးတလည် အလေးအနက် လေ့ကျင့်အားထုတ်ခဲ့ကြပါတယ်။ ယောဂကစားသူတွေဟာ ကြွက်သားသန်မာကျစ်လစ်ခြင်းကနေ အရိုးအဆစ်ပျော့ပြောင်းတဲ့ အကျိုးတွေအထိ ပေးပါတယ်။ အသက်ရှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး ကိုယ်နေဟန်ထားပုံစံ မှန်ကန်လာစေသလို သွေးစီးဆင်းမှုလည်း အားကောင်းလာစေပါတယ်။ ယောဂကစားနည်း အခြေခံမရှိဘူးဆိုရင်တော့ YouTube ကနေ ရှာကြည့်နိုင်ပါတယ်။
(၄) လမ်းလျှောက်ခြင်း
Photo: Freepik
နေ့တိုင်းလုပ်နိုင်ပြီး အလွယ်ကူဆုံးနဲ့ အကုန်အကျအနည်းဆုံး လေ့ကျင့်ခန်းပါ။ အနည်းဆုံး တစ်နေ့ကို မိနစ် ၃၀ ကြာအောင် လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်ခြင်းဟာ နှလုံး နဲ့ အဆုတ်အားကောင်းပြီး အရိုးတွေကို ကြံ့ခိုင်သန်မာစေပါတယ်။ ကြွက်သားတွေ အားကောင်းပြီး သက်လုံကောင်းစေပါတယ်။ ကိုယ်အတွင်း အဆီလောင်ကျွမ်းစေပြီး ကိုလိုစထရာတွေ လျှော့ချပေးနိုင်ပါတယ်။ လမ်းလျှောက်တာလိုပဲ လှေကားတက်တာ ၊ တောင်တက်တာတွေကလည်း အလားတူ အကျိုးကျေးဇူးပေးပါတယ်။
(၅) အားကစားလုပ်ခြင်း
Photo: Freepik
အားကစားဝါသနာပါတာ ကောင်းပါတယ်။ ကြက်တောင်ရိုက်တာ ၊ တင်းနစ်ကစားတာ ၊ ဘောလီဘောပုတ်တာနဲ့ ဘောလုံးကန်တာတွေ အားလုံးဟာ Gym သွားစရာမလိုတဲ့ ကျန်းမာရေးအလေ့အထကောင်းတွေ ဖြစ်ပါတယ်။ အားကစားလုပ်တာဟာ ခန္ဓာကိုယ် တောင့်တင်းသန်မာစေပြီး သက်လုံနဲ့ အမောခံနိုင်သလို ကိုယ်လက်ပေါ့ပါး ဖျတ်လတ်တဲ့ အကျိုးပေးပါတယ်။