မျက်ကွင်းညိုခြင်းသည် သင့်မျက်နှာအလှအပကို ဖျက်ဆီးပြီး ကြည့်ရဆိုးစေပါတယ်။ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကျန်းမာရေးနှင့် မညီညွှတ်သော အစားအစာများ စားသုံးခြင်း၊ ဟော်မုန်းအပြောင်းအလဲရှိခြင်း၊ ညဘက်တွင် အလုပ်လုပ်ရခြင်း၊ မကြာခဏ ခရီးသွားရခြင်းနှင့် အခြားသောအကြောင်းအရင်းများကြောင့် မျက်ကွင်းညိုတတ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မျက်ကွင်းညိုလို့ စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် မျက်ကွင်းညိုခြင်းကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်းအချို့ ဝေမျှပေးချင်ပါတယ်။

နှင်းဆီရေ

rose water for dark circles

Rose Water ရေထဲတွင် ဝါဂွမ်းစအနည်းငယ် စိမ်ပြီးနောက် မျက်ခွံပေါ်တွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တင်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ရေအေးအေးဖြင့် ဆေးချလိုက်ပါ။ နှင်းဆီရေသည် မျက်လုံးယောင်ခြင်း၊ မျက်ကွင်းညိုခြင်းတို့ကို သက်သာပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

သခွားသီး

cucumber for dark circles

သခွားသီးကို အကွင်းလိုက် ပါးပါးလှီးပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။ ပြီးရင်တော့ မျက်လုံးပေါ်တွင် အုပ်ထားပေးလိုက်ပါ။ ၁၅ မိနစ်ပြည့်မှ ရေဆေးချလိုက်ပါ။ သခွားသီးမျာ ရေဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် မျက်စိကိုအေးစေပြီး မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။

ခရမ်းချဉ်သီး

tomatoes for dark circles

ခရမ်းချဉ်သီးအရည်နှင့် သံပုယိုရည်တို့ကို အချိုးတူရောနှောကာ သမအောင် မွှေလိုက်ပါ။ ထို့နောက် ဝါဂွမ်းစလေးကို ထိုအရောအနှောထဲ နှစ်ကာ မျက်ခွံပေါ်တွင် တင်ထားပေးလိုက်ပါ။ ၁၀ မိနစ်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် ဆေးချလိုက်ပါ။

ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်သည် အသားအရေကို အရောင်တောက်ပသွားစေပြီး မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။

လက်ဖက်ခြောက်အိတ်

tea bags for dark circles

Photo Source: Mensopedia.com

လက်ဖက်ခြောက်အိတ်ကို ရေထဲတွင် စိမ်ထားပါ။ မိနစ်အနည်းငယ်ကြာ စိမ်ပြီးတဲ့နောက်မှာ ထိုလက်ဖက်ခြောက်အိတ်ကို ရေခဲသေတ္တာထဲ ထည့်ပေးပါ။ မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာတော့ ထိုလက်ဖက်ခြောက်အိတ်ကို မျက်ခွံပေါ်တွင် ၅ မိနစ်မှ ၁၀ မိနစ်ခန့် တင်ထားလိုက်ပါ။ ထို့နောက် ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ရေများများ သောက်ပါ

man drinking water

သင့်ခန္ဓာကိုယ်သည် ရေဓာတ် ၆၄ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရေများများ သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး မျက်ကွင်းညိုခြင်းကို သက်သာစေကာ အသားအရေကိုလည်း ကြည်လင်စေပါတယ်။

Source: In.askmen.com