ကော်ဖီသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသော ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ လူတော်တော်များများသည် တစ်နေ့လျှင် ကော်ဖီတစ်ခွက် မသောက်ရလျှင် မနေနိုင်လောက်အောင်ပင် ကော်ဖီကို စွဲလမ်းနှစ်ခြိုက်စွာ သောက်သုံးလေ့ရှိကြပါတယ်။

ကော်ဖီ မကြိုက်တဲ့သူတွေကတော့ ကော်ဖီသောက်ခြင်းသည် ညဘက်တွင် လူကို အိပ်မရစေဘူးလို့ ပြောကြပါတယ်။ တကယ်တော့ ကော်ဖီက သူတို့ထင်ထားတာထက် ကောင်းကျိုးအများကြီး ပေးစွမ်းနိုင်ပါတယ်။

မှတ်ဉာဏ် စွမ်းအား တိုးမြှင့်စေခြင်း

benefits of drinking coffee for men

စာမေးပွဲ ဖြေဆိုဖို့ရှိပါသလား။ စာမေးပွဲမဖြေခင်မှာ ကော်ဖီတစ်ခွက် သောက်သုံးပေးလိုက်ပါ။ လေ့လာတွေ့ရှိချက်တစ်ခုအရ ကာဖိန်းဓာတ် ၁၀၀ မီလီဂရမ် မှီဝဲသူသည် သူ ကျက်မှတ်ထားသော စာများကို အခြားသူတွေထက် ပိုမိုမှတ်မိနိုင်ချေများတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ရောဂါဘယများမှ ကင်းဝေးအောင် ကာကွယ်ပေးတယ်

benefits of drinking coffee for men

ကော်ဖီထဲမှာ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ရောင်ရမ်းမှုကို လျော့ချပေးပြီး ရောဂါပိုး ဝင်ရောက်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ အဆစ်အမြစ်နာခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးတယ်

benefits of drinking coffee for men

တစ်နေ့လျှင် အနည်းဆုံး ကော်ဖီ (၃) ခွက်ခန့် သောက်သုံးခြင်းသည် အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒီလိုကာကွယ်ပေးနိုင်ခြင်းသည် ကော်ဖီထဲမှာပါဝင်တဲ့ ရောင်ရမ်းမှုနှင့် အကျိတ်များကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိကြောင့်ပဲဖြစ်ပါတယ်။

စိတ်ကျရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

benefits of drinking coffee for men

စိတ်ဓာတ်ကျနေတဲ့ ယောကျာ်းများအတွက် ကော်ဖီတစ်ခွက်သည် စိတ်ကြည်ဆေး၊ စိတ်ရွှင်ဆေးပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကော်ဖီသောက်သုံးခြင်းသည် စိတ်ကျရောဂါ ခံစားရခြင်းမှ ၂၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

အားကစားစွမ်းဆောင်ရည် ပိုမိုမြင့်မားစေခြင်း

benefits of drinking coffee for men

အားကစား မလုပ်ခင် ကော်ဖီတစ်ခွက်သောက်သုံးခြင်းသည် အားကစား များများ လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ အားကစားပြုလုပ်နေစဉ်မှာ အမောအပန်းခံနိုင်အောင် ကြွက်သားများ နာကျင်မှုဒဏ်မှ သက်သာအောင် ကူညီပေးနိုင်ပြီး အားကစားစွမ်းဆောင်ရည်လည်း မြင့်မားလာပါလိမ့်မယ်။

Source: Coffeeinformer.com