Suits တစ်စုံဆိုရင်ပေးရတဲ့ ဈေးကမသေးလှပါဘူး။ ဒီလိုတန်ဖိုးကြီးဝတ်စုံဆိုတာ ပွဲလမ်းသဘင်မျိုး သွားလာရာမှာ ဝတ်ရတာဖြစ်လို့ သစ်လွင်တောက်ပနေအောင်ထားဖို့ အရေးကြီးပါတယ်။ အခုပြောမှာကတော့ Suit တွေကို အိမ်မှာတင်ကိုယ့်ဘာသာသန့် ရှင်းရေး လုပ်နိုင်မယ့် နည်းလမ်းတစ်ချို့ အကြောင်း ဖြစ်ပါတယ်။

(၁) ဘရပ်ရှ်နဲ့ ပွတ်တိုက်ခြင်း

Source: RealmanRealstyle

ရိုးရိုးဝတ်စုံနဲ့ မတူတာက Suit တို့ လယ်သာဂျက်ကတ်တို့ ဟာ ရေနဲ့ လျှော်လို့ မရပါဘူး။ ပျက်စီးတတ်ပါတယ်။ Brush နဲ့ တိုက်တဲ့နည်းက လွယ်လည်းလွယ်သလို အိမ်မှာတင်လုပ်လို့ လည်း ရနိုင်တဲ့နည်းပါ။အရင်ဆုံးချိတ်တစ်ခုခုမှာ ကိုယ့်ရဲ့ Suit ကို ချိတ်ထားပြီး သပ်သပ်ရပ်ရပ်ဖြန့် ထားလိုက်ပါ။ပြီးတာနဲ့ အမွေးနုပါတဲ့ ဘရပ်ခ်ျနဲ့ Suit ပေါ်က ဖုန်တွေကို အထက်အောက် ဖွဖွလေး ပွတ်တိုက်ရုံပါပဲ။

(၂) အဝတ်စနဲ့ ပွတ်ခြင်း

Source: Black Lapel

တကယ်လို့ Brush အလွယ်မရှိရင် အဝတ်စတစ်ခုနဲ့ ပွတ်တိုက်နိုင်ပါတယ်။ အစွန်းအထင်း ပေနေတဲ့ နေရာတွေမှာဆိုရင် ရေနှစ်ဆ ၊ ဗနီကာအဖြူ ၁ ဆရောထားတဲ့အထဲမှာ အဝတ်စ ဒါမှမဟုတ် ဂွမ်းစလေး နဲ့တို့ ပြီး ပွတ်တိုက်နိုင်ပါတယ်။ အဝတ်မှာရေနဲ့ ဗနီကာရောစပ်ထားတဲ့ အရည်စိုရွှဲနေရင်တော့ ညှစ်ပြီးမှသုတ်သင့်ပါတယ်။ပြီးရင်တော့ ဂျက်ကတ်ကို ချိတ်မှာ ချိတ်ပြီး လေသလပ်ခံထားသင့်ပါတယ်။ ဗနီကာအနံပျောက်ချင်ရင်တော့ ရေမွှေးတစ်ခုခု ဆွတ်နိုင်ပါတယ်။

(၃) အဝတ်လျှော်စက်နဲ့ လျှော်ခြင်း

Source: Pexels

အဝတ်လျှော်စက်နဲ့ လျှော်မယ်ဆိုရင် စက်ထဲကို အစွန်းချွတ်ဆေး ထည့်ထားပါ။ အကျီ င်္မှာ စွန်းနေတဲ့ နေရာတွေကို Brush နဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပြီးတာနဲ့ အဝတ်လျှော်စက်ထဲထည့်ပါ။ ဆပ်ပြာ  Softener တွေကိုလည်း အဝတ်လျှော်စက်မှာထည့်နိုင်ပါတယ်။ပြီးရင်အကျီ င်္မပျက်စီးစေဖို့ Hand Wash Mode ထားပြီးအကျီ င်္ပုံမပျက်စေဖို့ Spin မရွေးဖို့ လုပ်သင့်ပါတယ်။ လျှော်ဖွပ်ပြီးတာနဲ့ သဘာဝအတိုင်း လေသလပ်ခံတာ ၊ ပန်ကာရှေ့ ထားတာတွေလုပ်နိုင်ပြီး ခြောက်တာနဲ့ မီးပူထိုးနိုင်ပါတယ်။

(၄) ကတ်ကြေးနဲ့ တိပ်သုံးခြင်း

Source: Pixels

အရင်ဆုံး အစွန်းထင်းနေတဲ့ နေရာကို မှတ်ထားပြီး ညစ်ပတ်နေတဲ့နေရာမှာ တိပ်ကပ်ထားပါ။ ပြီးတာနဲ့ Sticky Tape ကိုခပ်ပြင်းပြင်း ဖိပြီးနောက် ဖြည်းဖြည်းချင်း ခွာမယ်ဆိုရင် အကျီ င်္ပေါ်က အစွန်းတွေကပ်ပါလာမှာပါ။ ကတ်ကြေးကတော့ ချည်အနားဖွာတာတွေ ရှိရင်ဖြတ်ပစ်ဖို့ သုံးရမှာပါ။

(၅) အစွန်းတွေကို Steamer နဲ့ ချွတ်ခြင်း

Source: Business Insider

ကုတ်ကိုချိတ်မှာ ချိတ်ထားပြီး ရေနည်းနည်း ဆွတ်ပါ။ ပြီးတာနဲ့ Streamer နဲ့ အောက်ကိုတစ်ချက်ချင်း ဆွဲပြီးပေါင်းခံရမှာ ဖြစ်ပါတယ်။ တစ်နေရာတည်းကို နှစ်ကြိမ်သုံးကြိမ် Stream လုပ်တာဟာ အဝတ်အစားကို ပျက်စီးစေနိုင်တာကြောင့် ရှောင့်သင့်ပါတယ်။ပြီးရင်တော့ သဘာဝအတိုင်း ခြောက်သွေ့ အောင် လှန်းထားရမှာပါ။