ဘောလုံးပရိသတ်တိုင်း ကိုယ်အားပေးတဲ့အသင်းကို ကိုယ််တိုင်ကိုယ်ကျ ဘောလုံးကွင်းထဲသွားရောက်အားပေးရတာကိုနှစ်သက်ကြမယ်ထင်ပါတယ်။ ဘောလုံးကွင်းအကြောင်းပြောရင် ကမ္ဘာပေါ်မှာ လှပပြီးခမ်းနားလှတဲ့ဘောလုံးကွင်းတွေများစွာရှိပါတယ်။ ဒီထဲကမှ အကြီးကျယ်ဆုံးနှင့်အခမ်းနားဆုံး ဘောလုံးကွင်း ၅ ကွင်းကိုအကြောင်းပြောပြပေးချင်ပါတယ်။

(၁) Camp Nou

Camp Nou 

Photo : FC Barcelona

ကတ်တလန်အခြေစိုက် ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ဆိုနိုင်တဲ့ ဘာစီလိုနာအသင်းရဲ့ အောင်မြင်မှုပုံရိပ်တွေနဲ့ ကမ့်နှုးကွင်းဟာ အမြဲကျက်သရေရှိနေပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကိုလည်း လက်ခံကျင်းပဖူးပါတယ်။

Old Trafford

Old Trafford

Photo : Wikimedia Commons

အိုးထရဒ်ဖို့ရဲ့ နာမည်ပြောင်ကတော့ “The Theatre Of Dream” အိမ်မက်ပြဇာတ်ရုံကြီးပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံအတွင်း ကျက်သရေအရှိဆုံးအားကစားကွင်းကြီးပါ။ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းဖြစ်ပြီး လူပေါင်း (၇) သောင်းခွဲလောက်အထိဆံ့ပါတယ်။ ကမ္ဘာတစ်ဝန်းတွင် ယူနိုက်တက်ပရိသတ်တွေဟာ အများပြားဆုံးဆိုတာ အားလုံးသိမှာပါ။

Estadio Azteca

Estadio Azteca 

 

Photo : StadiumDB.com

ကမ္ဘာဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို နှစ်ကြိမ်တိတိလက်ခံကျင်းပဖူးတဲ့ ဘောလုံးကွင်းကြီးပါ။ လူပေါင်း ၁ သိန်း ၄ ထောင်လောက်အထိကို ဆံ့ပါတယ်။ အဆိုပါ ဘောလုံးကွင်းဟာ မက္ကဆီကို ဘောလုံးချစ်ပရိသတ်တွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲဖြစ်ပါတယ်။

Wembley

Wembley 

Photo : The Guardian

အင်္ဂလန်နိုင်ငံရဲ့ အမျိုးသားဘောလုံးကွင်းဖြစ်ပါတယ်။ လန်ဒန်မြို့တွင်တည်ရှိပြီး၊ ကလပ်အသင်းအနေနဲ့တော့ စပါးအသင်းကို အိမ်ကွင်းအဖြစ် ငှားရမ်းအသုံးပြုခွင့်ပေးထားပါတယ်။ ဝင်ဘလေကွင်းရဲ့သမိုင်းဟာ ကြီးကျယ်လွန်းလှပါတယ်။ လူဦးရေ (၉) သောင်းကျော်လောက်အထိဝင်ဆံ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးသမိုင်းကို အထင်ဟပ်ဆုံးပြရုပ်တစ်ခုပါ။

The Allianz Arena

The Allianz Arena

Photo : Allianz Arena

ဂျာမနီဘီလူး ဘိုင်ယန်မြူးနစ်အသင်းရဲ့အိမ်ကွင်းဖြစ်ပါတယ်။ လူဦးရေ (၇)  သောင်းလောက်ဆံ့ပါတယ်။ ဂျာမနီနိုင်ငံအတွင်း တတိယအကြီးဆုံးဘောလုံးကွင်းကြီး ဖြစ်ပါတယ်။ အရမ်းကိုလည်လှပလွန်းပါတယ်။

Featured Photo : Musement