အလုပ်သစ်တစ်ခု လျှောက်ထားတဲ့သူတွေအတွက် အလုပ်ရှာရာမှာ နားလည်မှု လွဲနေတဲ့ အမှားတစ်ချို့ရှိတတ်ပါတယ်။ ဒီအလွဲတွေက ဘာတွေ ဖြစ်မလဲ။
(၁) ကိုယ်ပိုင် Resume ဖန်တီးတာ
Source: pixabay
Resume ဆိုတာ ကိုယ်ဘယ်လိုလူဆိုတာ သိအောင် တင်ပြထားတဲ့ စာတမ်း ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် Resume ကို ကိုယ်တိုင်မရေးဘဲနဲ့ တကယ့် ပရော်ဖက်ရှင်နယ်တစ်ဦး ၊ လက်မှတ်ရ ဝါရင့် စာရေးဆရာနဲ့တောင် ရေးသင့်ပါတယ်။ ဒီထဲမှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ၊ အသိဗဟုသုတနဲ့ လုပ်ရည်ကိုင်ရည်ကို ပုံစံတကျ တင်ပြနိုင်ဖို့ လိုအပ်ရင် စာတည်းဖြတ်တဲ့ အယ်ဒီတာနဲ့တောင် စာစီစာစဉ်သင့်ပါတယ်။
(၂) အလုပ်ပြောင်းတာကို မိဘကို အသိပေးဖို့မလိုဘူး
Source: unsplash
မဖြစ်သင့်ပါဘူး။ လူတိုင်းဟာ အလှည့်အပြောင်းကို အသေးစိတ် ပြောရာမှာ ရှက်နေတတ်ပါတယ်။ တကယ်တော့ မိသားစု ၊ ဆွေမျိုးမိတ်ဆွေများကို ဒီအကြောင်း သေသေချာချာ ပြောဆို တိုင်ပင်မယ်ဆိုရင် အကူအညီလည်း ရ အကျိုးလည်း များမှာ သေချာပါတယ်။
(၃) အင်တာဗျူးတာဟာ ကိုယ့်အကြောင်းကို မေးနေတာ
Source; unsplash
ဒီအချက်ကို အတော်များများ တလွဲနားလည်နေကြပါတယ်။ အင်တာဗျူးသူက သင့်အကြောင်းကို မေးနေတာဟာ သူလိုချင်တဲ့လူလား သိဖို့နဲ့ သင်ဟာ ဘယ်လောက် အရည်အချင်းရှိသလဲ ဆိုတာ အကဲဖြတ်နေတာပါ။ ဒီတော့ အလုပ်အင်တာဗျူးဝင်ရင် ကိုယ်အလုပ်လုပ်မယ့် ကုမ္ပဏီနဲ့ ကိုယ့်ကို အင်တာဗျူးမယ့်သူအကြောင်း သိတာဟာ အလုပ်ရဖို့ ပိုအခြေအနေကောင်းမှာပါ။
(၄) အင်တာဗျူးအတွက် ဇာတ်တိုက်စရာ ၊ လေ့ကျင့်စရာ မလိုဘူး
Source: pexels
ဒါလည်း အမှားကြီးတစ်ခုလို့ ဆိုရမှာပါ။ အလုပ်အကိုင်ကောင်း ရချင်တယ်ဆိုရင် ကိုယ့်ဘက်က သေသေချာချာ အားစိုက်ဖို့လိုပါတယ်။ လိုအပ်တဲ့ နည်းပေးလမ်းပြ ဆရာကောင်းဆီက အကြံယူ ၊ ဘာတွေလိုသလဲ ပြင်ဆင် နောက်ဆုံး လစာဘယ်လောက်တောင်းသင့်တယ်က အစ ကိုယ့်ဘက်က အစီအစဉ်ကျနေရမှာပါ။
(၅) အတွေ့အကြုံပဲ လိုတယ်။ လေ့လာမှုအသစ် လုပ်ဖို့မလိုဘူး
Source: pixabay
ဒီနေ့လို စီးပွားကူးလူးမြန်ဆန်တဲ့ လုပ်ငန်းခွင်အတွက် နေ့စဉ်နေ့စဉ် အသစ်ထွင်နေဖို့လိုပါတယ်။ အတိတ်မှာပဲ ကိုယ့်လုပ်ရပ်ကလေး ပြစားလို့မရတော့ပါဘူး။ ကိုယ်မှာ ရှိတဲ့ အိုင်ဒီယာဟာ အသစ်ဖြစ်နေရပါမယ်။ အလုပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ပြမယ့်သူဟာ ဒီနေ့နဲ့ မနက်ဖြန်ကို အာရုံစိုက်ရပါလိမ့်မယ်။