အခုခေတ်မှာ လူတစ်ယောက်ချင်းစီရဲ့ အမြင်တွေဟာ ဖက်ရှင်တွေအပြင် တခြားသောအသုံးအဆောင်ပစ္စည်းတွေ အပေါ်မှာလည်း မူတည်နေပြီး ဒီလူဟာဖက်ရှင်ကျခြင်း ၊ မကျခြင်း ၊ အထာကျခြင်း ၊ မကျခြင်းကို အဲ့ဒီပစ္စည်းတွေကိုကြည့်ပြီး သုံးသပ်ခွဲခြားတတ်ကြပါတယ်။ ဒါဆိုရင် ယောကျ်ားတိုင်းအတွက်ဖက်ရှင်ကျပြီး ဘယ်တော့မှရိုးမသွားတဲ့ အသုံးဆောင်ပစ္စည်းတွေက ဘာတွေဖြစ်မလဲ အတူတူကြည့်ရအောင်။

လည်သာပိုက်ဆံအိတ်

Men hold a brown wallet from a jeans pocket

Source : Freepik

ယောကျာ်းလေးတစ်ယောက်မှာ အနည်းဆုံးတော့ ပိုက်ဆံ အိတ်ကောင်းကောင်းတစ်လုံး ရှိဖို့လိုပါတယ်။ ပိုက်ဆံအိတ်တွေဟာ ကိုယ့်ရဲ့ ပိုက်ဆံတွေကို စနစ်တကျ စီစီရီရီထည့်ထားနိုင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်တဲ့အပြင် အရေးကြီးတဲ့ ဘဏ်ကဒ် ၊ လိုင်စင် စတာတွေကိုပါ တစုတစည်းထဲ သိမ်းထားနိုင်တာကြောင့် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ လည်သာအိတ်တွေဟာ အကြမ်းခံပြီး အထာလဲ ကျစေတာကြောင့် ယောကျာ်းလေးအတွက် အရမ်းကိုလိုက်ဖက်တဲ့ အသုံးဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

နေကာမျက်မှန်

male hand on foreground. woman holding summer sunglasses on sea

Source : Freepik

နေကာမျက်မှန်ဟာ ဖက်ရှင်လည်းကျသလို ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးတဲ့အတွက် တကယ့်ကိုအသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေအတွက် နေကာမှန်မျက် ကောင်းကောင်းလေးတစ်လက်တော့ ရှိသင့်ပါတယ်။ ကိုယ့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့မျက်မှန်မျိုးကို ရွေးချယ်တတ်ဖို့တော့လိုပါမယ်။

နာရီ

Businessman checking the time

Source : Freepik

နာရီဟာ အမျိုးသားတွေ တော်တော်များများကြိုက်ကြတဲ့ အသုံးဆောင်ပစ္စည်းတစ်ခုဆိုလည်း မမှားနိုင်ပါဘူး။ နာရီဟာ ကိုယ့်ရဲ့ အချိန်ကိုကောင်းမွန်စွာ စီမံခန့်ခွဲပေးနိုင်မယ့်အပြင် အမြင်မှာလည်း အမြဲတမ်းဖက်ရှင်ကျနေစေမှာလည်း ဖြစ်တာကြောင့် အမျိုးသားတွေအတွက်ရှိထားသင့်တဲ့ Accessory တစ်ခုဖြစ်ပါတယ်။

ခါးပတ်

Male is fastening black belt on his trousers

Source : Freepik

ခါးပတ်ဟာ သင့်ရဲ့ ဖက်ရှင်ကို သပ်သပ်ရပ်ရပ်နဲ့ ပြီးပြည့်စုံတဲ့ စတိုင်ကျသူတစ်ယောက်ဖြစ်ဖို့ အများကြီး ကူညီထောက်ပံ့ပေးပါတယ်။ ခါးပတ်ကို ဖက်ရှင်တစ်ခုအဖြစ်နဲ့ ဘောင်းဘီရှည်တွေ သာမက ဘောင်းဘီအတိုတွေမှာလည်း ဝတ်ဆင်လာကြပြီပဲဖြစ်ပါတယ်။ ဒါကြောင့်ယောကျာ်းလေးတွေအတွက် မလိုအပ်ဘူးလို့ထင်ထားတဲ့ အရာတွေထဲကနေ ခါးပတ်ကို ထုတ်လိုက်တော့နော်။

ဦးထုပ်

young man wearing white plain t-shirt and red, yellow and black trucker hat looking at his tablet against city buildings and sky

Source : Freepik

ဦးထုပ်ဟာ နေပူဒဏ်ကို ကာကွယ်ပေးနိုင်သလို ဖက်ရှင်ကျစေတဲ့ အသုံးဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဦးထုပ်ကို တစ်မျိုးထဲ ဝတ်ဆင်တာထက်စာရင် အနည်းဆုံး ၃ လုံးထက်မနည်း ရှိထားရင်တော့ ပိုကောင်းပါတယ်။ ကိုယ်ဝတ်ဆင်တဲ့ အဝတ်အစား အရောင်နဲ့ လိုက်ဖက်တဲ့ ဦးထုပ်မျိုးကိုရွေးချယ်ပြီး အလဲအလှယ် လုပ်ဝတ်ဆင်ပါက သင့်ကိုပိုပြီး ဖက်ရှင်ကျစေမှာဖြစ်ပါတယ်။