စိတ်ဖိစီးမှုဆိုတာ ဘယ်အချိန် ဘယ်နေရာမျိုးမှာမဆို မမျော်လင့်ဘဲဝင်လာတက်တာမျိုးပါ။ယနေ့ခေတ်လူတွေရဲ့နေ့စဉ်ဘဝမှာ ခေါင်းစဉ်တပ်လို့မလောက်တဲ့ အကြောင်းအရာအမျိုးမျိုးနဲ့ စိတ်ဖိစီးမှုတွေကိုပိုလိုတောင် ကြုံတွေ့နေကြရပါတယ်။ဒီလိုမျိုး အားအင်ကုန်ခမ်းပင်ပန်းနွမ်းနယ်စေတဲ့ စိတ်ဖိစီးစရာကိစ္စတွေနဲ့ ကြုံလာတိုင်း အမြန်ဆုံးသက်သာစေချင်တယ်ဆိုရင်တော့ (၅) မိနစ်အတွင်း စိတ်ဖိစီးမှုလျော့ကျစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ

Source : Shutterstock

အချိန်တိုအတွင်း စိတ်ဖိစီးမှုအမြန်ဆုံးလျော့ကျစေမယ့် နည်းလမ်းများအနက် အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။အသက်ရှု့လေ့ကျင်းခန်းကို စိတ်ဖိစီးမှုတွေကြုံတွေ့လာတဲ့အခါတိုင်းမှာ အချိန်မရွေး နေရာမရွေး ငွေကုန်ကြေးကျသက်သာစွာနဲ့ ပြုလုပ်နိုင်ပါတယ်။ နှာခေါင်းကနေတစ်ဆင့် ဝမ်းဗိုက်အတွင်းထိ ရောက်အောင်လေကို ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ကြည့်ပါ။ မိနစ်ပိုင်းအတွင်း စိတ်ဖိစီးမှုလျော့ကျသွားတာကိုအံ့သြဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

(၂) အားရပါးရရယ်မောလိုက်ပါ

Source : Shutterstock

အားရပါးရရယ်မောလိုက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်အတွင်းသို့ အောက်ဆီဂျင်ပိုမိုရောက်ရှိဖို့ကူညီပေးပြီး စိတ်ဖိစီးမှုတွေကို အမြန်ဆုံးလျော့ကျစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်စိတ်ညစ်တဲ့အချိန် စိတ်ဖိစီးစရာတွေကြုံလာတဲ့အချိန်တိုင်းမှာ သူငယ်ချင်းမိတ်ဆွေတွေ မိသားစုဝင်တွေစသည်ဖြင့် ကိုယ့်အနီးနားပတ်ဝန်ကျင်မှာရှိတဲ့ လူတွေနဲ့ ရယ်စရာဟာသတစ်ခုခုပြောဆိုပြီး အားရပါးရရယ်မောလိုက်ပါ။ ရယ်မောခြင်းက လူတစ်ဦးနဲ့တစ်ဦးကိုဆက်သွယ်ပေးပြီး စိတ်ဖိစီးမှုကိုလည်း အချိန်တိုအတွင်း အမြန်ဆုံးလျော့ကျစေပါတယ်။

(၄) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

Source : Shutterstock

နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေဟာ သာမာန်လူတွေထက် စိတ်ဖိစီးမှုဒဏ်တွေကိုခံနိုင်ပိုရှိတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေများစွာရရှိစေရုံသာမက စိတ်ရဲ့ ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ သို့သော်လည်း ကျောင်းမှာဖြစ်စေ အလုပ်ခွင်မှာဖြစ်စေ ကိုယ်ရဲ့နေ့စဉ်ဘဝမှာ မထင်မှတ်တဲ့ စိတ်ဖိစီးမျိုးကြုံတွေ့လာပြီဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးပြင်းပြင်းထန်ထန်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ဆောင်ခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်မှာဖြစ်ပါတယ်။ဥပမာ လှေကားတက်ခြင်း ပြေးလွှားခြင်းစတဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို အလျင်အမြန်လျော့ကျဖို့ကူညီပေးပါတယ်။

(၄) စိတ်ကိုတည်ငြိမ်အောင်ထားပါ

Source : Shutterstock

စိတ်ဖိစီးမှုတွေများလာရင် နှလုံးခုန်နှုန်းလည်းမြန်ဆန်လာပြီး စိတ်တွေဂယောက်ဂယက်ဖြစ်လာတက်ပါတယ်။ထို့အခါအကြံဉာဏ်ကောင်းတွေမထွက်သလို ပြဿနာဖြေရှင်းနိုင်မယ့်အဖြေဆိုတာလည်း ထွက်မလာတော့ပဲ မမှားသင့်တဲ့အမှားတွေပြုလုပ်မိဖို့ ရာခိုင်နှုန်းပိုများပါတယ်။ဒါကြောင့် စိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင် ပြုလုပ်ပေးမယ့် တရားထိုင်တာမျိုး ခေတ္တခဏ ပြုလုပ်ပေးသင့်ပါတယ်။ တရားထိုင်ခြင်းက စိတ်ကိုအမြန်ဆုံး တည်ငြိမ်စေပြီး စိတ်ဖိစီးမှုအမြန်ဆုံးလျော့ကျစေမှာဖြစ်ပါတယ်။