သင်က ကျန်းမာရေး ကောင်းမွန်ဖို့ရည်ရွယ်ချက်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုလားသူတစ်ယောက်ပါလား။ ဒါဆိုရင်တော့ သင့်ရဲ့စမတ်ဖုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့ အဖော်မွန်ကောင်းတော့မဟုတ်ပါဘူး။

ကျန်းမာပျော်ရွှင်တဲ့ဘဝကို အမှန်တကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ စမတ်ဖုန်းအသုံးပြုတဲ့အခါ ရှောင်ကြဉ်သင့်တဲ့အမူအကျင့်တချို့ရှိပါတယ်။

ဖုန်းကို ဘေးနားထားအိပ်ခြင်း

a mobile phone lying on bed

စမတ်ဖုန်းက လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှတ်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူက ထုတ်လွှတ်လိုက်တဲ့ ရေဒီယိုလှိုင်းတွေက ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ ဒါ့အပြင် သင် အိပ်ပျော်နေစဉ်မှာ Notifications အသံကြောင့် အိပ်ရေးပျက်နိုင်ပါတယ်။

အပြာရောင်အလင်းတန်းနဲ့ ထိတွေ့မှုများခြင်း

man using phone on sofa at night

ဖုန်းက ထုတ်လွှတ်လိုက်တဲ့ အပြာရောင်အလင်းတန်းက အိပ်စက်မှုကိုလှုံ့ဆော်ပေးတဲ့ ဟော်မုန်းများကို ဖိနှိပ်ထားတာကြောင့် သင့်ကို ညဘက်မှာ တော်တော်နဲ့ အိပ်မပျော်ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ထိုအပြာရောင်အလင်းတန်းက ခေါင်းကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်းအပြင် အမြင်အာရုံနဲ့သက်ဆိုင်တဲ့ရောဂါများကို ခံစားရစေပါတယ်။

လိုင်းမကောင်းဘဲနဲ့ ဖုန်းသုံးခြင်း

showing different signal

ဖုန်းလိုင်း မမိတဲ့အခါ သင့် ဖုန်းက သင့်အတွက် အန္တရာယ်ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖုန်းလိုင်း မိအောင် အားပြင်းတဲ့ Signal များ ထုတ်လုပ်နေရပြီး အားပိုပြင်းလေ ဖုန်းက စွမ်းအင် ပိုထုတ်ရလေ သင့်ရဲ့ကျန်းမာရေး ထိခိုက်လေပါပဲ။ ဒါ့အပြင် ဖုန်းရဲ့အပူကလည်း သင့်ရဲ့ခံနိုင်အားကို ကျော်လွန်လာပြီး ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။

အရေပြားနှင့် အမြဲတမ်း ထိတွေ့ထားခြင်း

keep your phone away from your skin

ဖုန်းပြောတဲ့အခါ ဖုန်းကို မျက်နှာအသားအရေနဲ့ ထိတွေ့စေမယ့်အစား နားကြပ်ဖြင့် ဖုန်းပြောခြင်း၊ ဖုန်းကို ဘောင်းဘီအိပ်ထဲ ထည့်ထားမယ့်အစား လွယ်အိတ်၊ ကျောပိုးအိတ်ထဲ ထည့်သိမ်းထားခြင်း စသည်ဖြင့် အရေပြားနှင့် တိုက်ရိုက်မထိတွေ့စေခြင်းအားဖြင့် ဖုန်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများနဲ့ ဝေးသထက်ဝေးအောင် ပြုလုပ်နိုင်ပါတယ်။

ဖုန်းကို ခေါင်းငိုက်စိုက်ပြီး ကြည့်ခြင်း

man using phone with bad posture

ဖုန်းအသုံးပြုချိန် များခြင်းက လက်ချောင်းများ၊ အထူးသဖြင့် လက်မကို ထိခိုက်ဒဏ်ရာရစေပြီး အကြောကပ်ခြင်းနှင့် အာရုံကြောဆိုင်ရာရောဂါများ ခံစားရစေပါတယ်။ ဒါ့အပြင် အနေအထားမှန်မှန် အသုံးမပြုဘဲ ခေါင်းငိုက်စိုက်ကာ အသုံးပြုခြင်းက လည်ပင်းညောင်းစေပြီး အချိန်ကြာတဲ့အခါ ကျီးပေါင်းရောဂါ ခံစားစေပါတယ်။

စာဖတ်သူအနေနဲ့ ဖုန်းသုံးတဲ့အခါ အထက်ဖော်ပြပါ အချက် (၅) ချက်ကို မပြုလုပ်မိဖို့ သတိထားသင့်ပါတယ်။

Photo Source: Freepik.com

Source: Brightside.me