Google Play လို apps store တွေမှာ နေ့စဉ်နဲ့အမျှ စိတ်ဝင်စားစရာ apps အသစ်တွေ အများကြီး ထွက်နေပါတယ်။ တချို့ တကယ်အသုံး တည့်တဲ့ apps တွေရှိသလို တချို့ apps တွေကတော့ ကွီးတို့ရဲ့ဖုန်းထဲက ဒေတာတွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူနိုင်ပြီး နောက်ဆုံး ဘဏ်အကောင့်တွေထဲပါ ဝင်ရောက်နိုင်တဲ့အထိ လုံခြုံစိတ်ချမှုမရှိတဲ့ apps တွေလည်း အများကြီးရှိပါတယ်။ ဒီတစ်ခါပြောပြပေးချင်တာကတော့ ကွီးတို့ရဲ့ ဖုန်းထဲမှာမထားသင့်တဲ့ Android apps တွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) Weather apps

Photo : Medium
မိုးလေဝသဖော်ပြတဲ့ Weather apps တွေ တစ်ခေတ်ထခဲ့တာ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ ဒါပေမယ့် Weather apps တွေမှာ ဗိုင်းရပ်စ်တွေများစွာရှိပြီး ဖုန်းထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခိုးယူနိုင်တဲ့အထိ လုံခြုံရေးအားနည်းတဲ့ apps တွေ ဖြစ်ပါတယ်။ အက ယ်၍ မိုးလေဝသနဲ့ပတ်သတ်တဲ့ သတင်းတွေသိချင်တယ်ဆိုရင် browser တွေကနေတဆင့် ဝင်ကြည့်တာက ပိုပြီး လွယ်ကူလျင်မြန်မှုရှိစေမှာဖြစ်ပါတယ်။
(၂) Cleaner Apps

Photo : Android Headlines
Clean Master လို ရှင်းလင်းရေး apps တွေဟာ ကွီးတို့ရဲ့ဖုန်းထဲက မလိုအပ်တဲ့ပရိုဂရမ်တွေကို ရှင်းပေးတဲ့အတွက် ဖုန်းကိုပိုပြီး သွက်သွားစေပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ပေါ် စမတ်ဖုန်းတွေမှာ ဖုန်းရှင်းလင်းရေး လုပ်ဆောင်ချက်တွေက အော်တိုပါလာပြီးသားပါ။ ဒါကြောင့် နောက် ထပ် cleaner app တွေ ထပ်ထည့်စရာမလိုပါဘူး။ မလိုအပ်ပဲ ဖုန်းရှင်းလင်းရေး apps တွေထည့်ထားတာက ဖုန်းကိုပိုလေးသွားစေပြီး ဘက်ထရီသက်တမ်းကိုလည်း တိုစေမှာဖြစ်ပါတယ်။
(၃) Antivirus Programs

Photo : Lifewire
ဗိုင်းရပ်စ်ရှင်းပေးတဲ့ Antivirus programs တွေကလည်း အလားတူပါပဲ။ မိုဘိုင်းလ် antivirus အက်ပလီကေးရှင်းတွေကနေ ဖုန်းတွေထဲက ဒေတာတွေကို hacking လုပ်နိုင်ပါတယ်။ တချို့ ဟက်ကာတွေဆိုရင် ကိုယ်ပိုင် antivirus apps တွေဖန်တီးပြီး အသုံးပြုသူတွေရဲ့ ကိုယ်ရေး ကိုယ်တာဒေတာကို ခိုးယူကြသလို ဖုန်းတစ်လုံး,လုံးကိုပင် ထိန်းချုပ်ပိတ်ဆို့တာမျိုးတွေ လုပ်နိုင်ပါတယ်။
(၄) VPNs

Photo : Hongkiat
အခုနောက်ပိုင်း VPN ဆော့ဖ်ဝဲလ်တွေ အသုံးများလာကြပါတယ်။ သတိထားရမှာတစ်ခုက Free သုံးလို့ရတဲ့ VPN တွေက လုံခြုံရေးပိုင်းမှာ အပြည့်အဝ စိတ်ချလို့မရတာပါပဲ။ တချို့ Free VPNs တွေဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြန်လည်ရောင်းချပြီး ငွေရှာတာမျိုးတွေ ရှိပါတယ်။ SuperVPN နဲ့ Pacific VPN လို Free VPNs တွေကို ကွီးတို့ရဲ့ ဖုန်းထဲမှာမထားတာတော့ အကောင်းဆုံးပါပဲ။
(၅) Browsers

Photo : Android Authority
လူသိပ်မသိတဲ့ မထင်မရှား Browsers တွေက သိပ်ကို အန္တရာယ်များပါတယ်။ UC Browser နဲ့ Dolphin Browser တွေလို လူသိပ်မသိပဲ အသုံးပြုမှုနည်းတဲ့ apps တွေမှာ ကြောက်စရာကောင်းလောက်အောင် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို tracking လုပ်နိုင်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက် ချိုးဖောက်မှုတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် အင်တာနက်ကနေ web browsing လုပ်တဲ့အခါ စိတ်ချယုံကြည်ရတဲ့ နာမည်ကြီး Browsers တွေကိုပဲ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။
Featured Photo : Beebom
