သင်ဟာ ဂီတကို ချစ်မြတ်နိုးပြီး ဂီတတူရိယာတွေ စုဆောင်းရတာ နှစ်သက်သူ တစ်ယောက်လား။ ဒါဆိုတော့ အခုဆောင်းပါးလေးကနေ ဂီတဆိုင်ရာစွယ်စုံရ သတင်းဌာနတစ်ခုဖြစ်တဲ့ အမေရိကန် အွန်လိုင်းမဂ္ဂဇင်း Loudwire ကရွေးချယ်ပေးထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဂစ်တာတွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒေါ်လာသန်းချီတန်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဂစ်တာတွေနဲ့  ဒီဂစ်တာတွေက ဘာကြောင့် အင်မတန်ဈေးအကြီးဆုံး ဖြစ်နေတာလဲဆိုတဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်အကြောင်းအရင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) Kurt Cobain ရဲ့ Unplugged ဂစ်တာ

Kurt Cobain's 'Unplugged' Guitar

Photo : Loudwire

Nirvana အဖွဲ့ရဲ့ ပဲ့ကိုင်ရှင်အဆိုတော် Kurt Cobain တီးခတ်ခဲ့တဲ့ ဒီဂစ်တာကတော့ ဒေါ်လာ ၆ သန်းကျော်တန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဂစ်တာတစ်လက် ဖြစ်ပါတယ်။ MTV Unplugged မှာ Kurt Cobain အသုံးပြုခဲ့တဲ့ ဘယ်ကိုင် ၊ လျှပ်စစ် Acoustic မော်ဒယ်တစ်မျိုးဖြစ်ပြီး ၂၀၂၀ ဇွန်လက Julien လေလံပွဲမှာ ဒေါ်လာ ၆.၀၁ သန်းနဲ့ ရောင်းထွက်သွားခဲ့ပါတယ်။

(၂) David Gilmour ရဲ့ Black Strat ဂစ်တာ

David Gilmour's Black Strat

Photo : Rolling Stone

Pink Floyd Band ရဲ့ ဝိုင်းတော်သား နာမည်ကြီး ရောခ့်ဂီတပညာရှင် David Gilmour ပိုင်ဆိုင်တဲ့ Black Strat ဂစ်တာကတော့ Pink Floyd အဖွဲ့ရဲ့ အမှတ်အသားတစ်ခုလို့တောင် ပြောရမှာဖြစ်ပါတယ်။ ဒီဂစ်တာကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေးရန်ပုံငွေပွဲမှာ ဒေါ်လာ ၃.၉ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး ဂစ်တာစာရင်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

(၃) Fender Stratocaster ဂစ်တာ

John Lennon's Gibson J-160E Acoustic-Electric
Photo : Wealthy Gorilla

ဒီဂစ်တာဟာ ဂစ်တာသမိုင်းမှာ ဈေးအကြီးဆုံး ဂစ်တာတစ်လက်ဖြစ်လာဖို့ နာမည်ကြီး ဂီတပညာရှင်များစွာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဂစ်တာတစ်လက်ပဲ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာ ငလျင်နဲ့ ဆူနာမီ သဘာဝဘေးဒဏ်အပြီးမှာ အကျိုးအမြတ်မယူပဲ လှူဒါန်းရန်သက်သက် ရန်ပုံငွေရှာခဲ့တဲ့ ဂစ်တာတစ်လက်ပဲ ဖြစ်ပါတယ်။ ဒီဂစ်တာကို ၂၀၀၅ ခုနှစ်မှာ Reach Out to Asia ပရဟိတအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုဖြင့် ဒေါ်လာ ၂.၇ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

(၄) John Lennon ရဲ့ Gibson J-160E Acoustic-Electric ဂစ်တာ

John Lennon's Gibson J-160E Acoustic-Electric
Photo : Just Richest

ဂီတပညာရှင် John Lennon ရဲ့ Gibson J-160E Acoustic-Electric ဂစ်တာကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က Julien လေလံပွဲမှာ ဒေါ်လာ ၂.၄ သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဂစ်တာတွေထဲက တစ်လက်ဖြစ်လာခဲ့ပါတယ်။ John Lennon ဟာ ဒီဂစ်တာနဲ့ အတူ နာမည်ကြီး သီချင်းများစွာကို ရေးစပ်သီကုံးခဲ့ပါသတဲ့။

(၅) Peter Green နဲ့ Gary Moore တို့ရဲ့ 1959 Les Paul ဂစ်တာ

Peter Green + Gary Moore's 1959 Les Paul
Photo : Bilgeiletisim

နောက်ထပ် ဒေါ်လာ ၂ သန်းတန်ကြေးရှိတဲ့ ဈေးအကြီးဆုံး ဂစ်တာတစ်လက်ကတော့ ထိပ်ထိပ်ကြဲ Rock Band ဖြစ်တဲ့ Fleetwood Mac ရဲ့တည်ထောင်သူ Peter Green ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း Irish ဂစ်တာပညာရှင် Gary Moore လက်ထဲရောက်ရှိလာခဲ့တဲ့ ဂစ်တာတစ်လက်ပဲ ဖြစ်ပါတယ်။ Peter Green နဲ့ Gary Moore တို့ ၂၅ နှစ်အကြာတီးခတ်ခဲ့တဲ့ ဒီဂစ်တာကတော့ နောက်ဆုံးမှာ Metallica ရဲ့ဝိုင်းတော်သားကြီး Kirk Hammett ထံရောက်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ သမိုင်းဝင် ဂစ်တာတစ်လက်ဖြစ်လာခဲ့ပါတယ်။

Featured Photo : Just Richest