Sneaker တွေဟာ လူငယ်ဆန်တဲ့ ခြေလှမ်းတွေအတွက် မရှိမဖြစ် ပါဝင်ပစ္စည်းလိုပါပဲ။ ဒါပေမယ့် တစ်ရံဟာ ဘယ်လောက် ဈေးတန်တယ် ထင်ပါသလဲ။ အခု မိတ်ဆက်ပေးသွားမယ့် Sneaker တွေကတော့ သမိုင်းမှာတောင် ဈေးအကြီးဆုံးလို့ ပြောနိုင်အောင် ဈေးမြောက်နေပါတယ်။

(၁) Solid Gold OVO x Air Jordans

Photo: SpoiledBroke

ဒေါ်လာ ၂ သန်းတန် Sneaker ဆို စီးတဲ့သူ ရှိပါ့မလားလို့ မေးခွန်းထုတ်ရမှာပါ။ ၂၄ ကာရတ် ရွှေသားနဲ့ ဖန်တီးထားပြီး ရှုးစ်တစ်ဖက်ကို ပေါင် ၅၀ စီ လေးပါတယ်။ Nike နဲ့ ကမ္ဘာကျော် အမေရိကန် ရက်ပါ Drake တို့ ပေါင်းပြီး ထုတ်ထားတဲ့ Solid Gold OVO x Air Jordans အမှတ်တံဆိပ် ဖြစ်ပါတယ်။ ဒီဇိုင်းဆွဲတာကတော့ အမေရိကန် အနုပညာရှင် မက်သရူး ဆန်နာပါ။

(၂) Nike Waffle Soled

Photo: Runners’ World

Nike တည်ထောင်သူလည်း ဖြစ် အာကစားအသင်း နည်းပြလည်း ဖြစ်ခဲ့တဲ့ ဘီလ်ဘိုဝါမန်း ကိုယ်တိုင် ချုပ်ထားတဲ့ Sneaker ပါ။ ၁၉၇၂ အိုလံပစ် အပြေးသမားတွေအတွက် ချုပ်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၁၂ ရံပဲ ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။Moon Shoe လို့လည်း နာမည်တွင်ခဲ့တဲ့ ဒီ Sneaker တွေကို Sotheby လေလံပွဲမှာ တင်ခဲ့ပြီး ကနေဒါ ရင်းနှီးမြှပ်နှံသူ မိုင်းလ်နာဒါဒယ်က ဒေါ်လာ ၄၃၇၅၀၀ ပေး ဝယ်သွားပါတယ်။ နာဒယ်ကတော့ ဒီဖိနပ်ကို အမှတ်တရအဖြစ် သူ့ရဲ့ ပုဂ္ဂလိကပြတိုက်မှာ ပြသသွားမှာပါ။

(၃) မိုက်ကယ်ဂျော်ဒန်စ် စီးခဲ့တဲ့ Converse Fastbreaks

Photo: CNCS

ကမ္ဘာကျော် ဘက်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်ရဲ့ ၁၉၈၄ ခုနှစ်က လော့စ်အိန်ဂျလိစ် အိုလံပစ်မှာ ချန်ပီယံရွှေတံဆိပ်ရခဲ့စဉ်က စီးခဲ့တဲ့ ဖိနပ်ပါ။ ဆယ်စုနှစ်အတော်များများ ကြာပြီးနောက် မိုက်ကယ်ဂျော်ဒန်ရဲ့ လက်မှတ်ပါတဲ့ Converse Fastbreaks တစ်ရံဟာ လေလံပွဲ ရောက်လာခဲ့ပါတယ်။၂၀၁၇ ခုနှစ်က SCP လေလံမှာ မူလက ဒေါ်လာ ၁ သိန်းအထိပဲ ရမယ်လို့ မျှော်လင့်ထားတဲ့ ဒီဖိနပ်ကို လေလံဆွဲချိန်မှာ အမြင့်ဆုံး ၁၉၀၃၇၃ ဒေါ်လာအထိ ပေးသူ ပေါ်လာခဲ့ပါတယ်။

(၄) Buscemi 100 MM Diamond

Photo: The Gossip

နာမည်မှာ ပါတဲ့အတိုင်း Busemi 100 MM Diamonds ဟာ ၁၁.၅ ကာရတ် စိန်နဲ့ ၁၈ ကာရတ် ရွှေတွေနဲ့ လုပ်ထားတဲ့ Luxury Senaker ဖြစ်ပါတယ်။ အဖြူရောင် လယ်သာပြားနဲ့အတူ ကြိုးအထက် နားသတ်မှာ ရွှေသော့တစ်ခုပါ ထည့်သွင်းထားပါတယ်။ဒေါ်လာ ၁၃၂၀၀၀ တန် ဒီ Sneaker ကိုလည်း လမ်းပေါ်မှာ မြင်ဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

(၅) Air Jordan 12 (Flu Game)

Photo: Business Insider

ဒီ Sneaker ကလည်း မိုက်ကယ်ဂျော်ဒန်ရဲ့ အမှတ်တံဆိပ်နဲ့ ရောင်းချခဲ့သမျှထဲက ဈေးအကြီးဆုံး စာရင်းဝင် Sneaker ပါ။ Flu Game လို့ ပေးထားတာက သူ တုပ်ကွေးမိချိန် ကစားခဲ့တဲ့ ၁၉၉၇ ခုနှစ်က Utah Jazz နဲ့ ပွဲကို ပြောတာ ဖြစ်ပါတယ်။ဒီပွဲမှာ အနိုင်ရခဲ့စဉ်က စီးခဲ့တဲ့ Air Jordan 12 ကို အလှူအတန်းတစ်ခုအတွက် လေလံတင် ရောင်းချခဲ့ပြီး ဒေါ်လာ ၁၀၄၀၀၀ ရခဲ့တယ်လို့ ဆိုပါတယ်။