ဗော့ဒ်ကာတွေလို့ ပြောလိုက်ရင် ရုရှားတွေကို အရင်ပြေးမြင်ကြမယ်ထင်ပါတယ်။ နာမည်ကျော် ကော့တေးလ်စပ်ရာမှာ အဓိကအမယ်အဖြစ်လည်း သုံးကြတဲ့ ဗော့ဒ်ကာယဉ်ကျေးမှုဟာ ကမ္ဘာပေါ်က ဘားနဲ့ကလပ်တွေမှာလည်း နေရာယူလာပြီ ဖြစ်ပါတယ်။

ဗော့ဒ်ကာတွေအများစုက ဈေးအရမ်းမြောက်တဲ့အထဲ မပါပါဘူး။ ဒါပေမယ့်လည်း အမျိုးအစားပေါ် လိုက်ပြီး ဈေးကြီးသွားတဲ့ ဗော့ဒ်ကာတွေလည်း ရှိတာပါပဲ။ ဒီတစ်ခေါက်မှာ သင်ဝယ်ယူလို့ ရနိုင်မယ့် ဗော့ဒ်ကာတွေထဲကမှ ဈေးအကြီးဆုံး ဗော့ဒ်ကာအရက်တချို့အကြောင်း ပြောပြပေးချင်ပါတယ်။

(၅) Belver Bears Belvedere Vodka

Belver Bears Belvedere Vodka

Photo: Wealthy Gorilla

ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ဈေးအကြီးဆုံး ဗော့ဒ်ကာဖြစ်ပြီး ပြင်သစ်နိုင်ငံ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Jean-Roch နဲ့ ပူးပေါင်းပြီး Limited Edition အဖြစ် ဖြန့်ချိထားတာပါ။ ၇၂၄၀ ဒေါ်လာတန် ဗော့ဒ်ကာဖြစ်လို့ မြန်မာငွေနဲ့ဆို တစ်ပုလင်းကို သိန်း ၁၃၀ ကျော်မှာပါ။

(၄) The Old Russo-Baltique Vodka

The Old Russo-Baltique Vodka

Photo: Wealthy Gorilla

အပေါ်မှာ ပြောခဲ့တဲ့ Belver Bears Belvedere ဗော့ဒ်ကာထက် အဆ ၁၀၀ ကျော် ဈေးပိုကြီးတဲ့ ဗော့ဒ်ကာပါ။ ဒေါ်လာ ၇၄၀၀၀၀ ဈေးနဲ့ ရောင်းတဲ့ ဗော့ဒ်ကာဖြစ်လို့ မြန်မာငွေနဲ့ဆို သိန်း ၁၃၀၀၀ ကျော် ပါတယ်။ အရက်ပုလင်းတစ်လုံးရဲ့ ဈေးဟာ Bugatti Veyron ကားတစ်စင်းဈေး နီးနီးပါပဲ။ ဒီဗော့ဒ်ကာဟာ ကမ္ဘာတစ်လွှားက လူချမ်းသာတွေနဲ့ ရုရှားတော်ဝင်အမျိုးအနွယ်တွေအတွက် ဖန်တီးတာ ဖြစ်ပါတယ်။

ပုလင်းကို အဝါနဲ့ အဖြူရောင် ရွှေနဲ့ ထုတ်ထားပြီး ရုရှားတော်ဝင်သိန်းငှက်ပုံ လူလုပ် စိန်တစ်လုံးပါရှိပါတယ်။ ပုလင်းကလည်း ကျည်ဒဏ်ခံနိုင်တဲ့ Bulletproof Glass သုံးထားတာပါ။ ပုလင်းရှေ့ခြမ်းမှာ Russo Balt ကားတွေမှာ သုံးတဲ့ အိတ်ဇောကာ Radiator Guard ပုံစံတူကို သုံးထားပါတယ်။

(၃) DIVA Premium Vodka

DIVA Premium Vodka

Photo: Wealthy Gorilla

ဒေါ်လာ ၁ သန်းတန် တကယ့် ပရီမီယံဗော့ဒ်ကာပုလင်းပါ။ အသန့်စင်ဆုံးနဲ့ အညက်ညောဆုံး အရသာကို ပေးနိုင်အောင် စစ်ယူထားတဲ့ ဗော့ဒ်ကာဖြစ်ပါတယ်။ ဗော့ဒ်ကာတစ်ပုလင်းစီကို Capri Blue ၊ နီလာ ၊ မြနဲ့ ပြောင်ခေါင်းစိမ်းတို့နဲ့ ဖန်တီးထားပြီး အစိမ်း ၊ အပြာနဲ့ ပန်းရောင်ဆိုပြီး ကာလာ ၃ မျိုးနဲ့ ဝယ်ယူနိုင်မှာပါ။ ဒီစကော့တ်ဗော့ဒ်ကာကို ဂျုံနဲ့ ဖန်တီးထားတာ ဖြစ်ပြီး လိုချင်တဲ့ အရသာနဲ့ သန့်စင်မှုကို ရဖို့ အကြိမ်ပေါင်းများစွာ ပေါင်းခံထားတာ ဖြစ်ပါတယ်။ DIVA Premium Vodka ဟာ Swarovski Element ခရစ္စတယ်တွေနဲ့လည်း ဖြည့်ထားပါတယ်။

(၂) The New Russo-Baltique Vodka

The New Russo-Baltique Vodka

Photo: Wealthy Gorilla

The New Russo-Baltique Vodka က ဒေါ်လာ ၁.၃ သန်းတန် ဗော့ဒ်ကာဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး ဗော့ဒ်ကာဖြစ်ပြီး ဒီဗော့ဒ်ကာကို ကားကုမ္ပဏီ Russo-Baltique က ဖန်တီးထားတာပါ။ ဒီဗော့ဒ်ကာကို ရုရှားတော်ဝင်မျိုးနွယ်တွေနဲ့ ကမ္ဘာတလွှားက ဒိတ်ဒိတ်ကြဲ လုပ်ငန်းရှင်ကြီးတွေ သောက်ကြပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး စာရင်းဝင်မှ သောက်နိုင်မယ့် ဗော့ဒ်ကာပါ။

(၁) Billionaire Vodka

Billionaire Vodka

Photo: Wealthy Gorilla

နာမည်ကိုက ဘီလျံနာဗော့ဒ်ကာ ဖြစ်ပါတယ်။ ဒါကြောင့် ဘီလျံနာတွေပဲ သောက်ပါလိမ့်မယ်။ ဗဟုသုတအနေနဲ့ ပြောနိုင်တာက ဒီဗော့ဒ်ကာဟာ ဒေါ်လာ ၃.၇ သန်း တန်ပါတယ်။ အရသာနဲ့ အရည်အသွေးကတော့ ဒီဗော့ဒ်ကာကို ရောင်းသူက မွှန်နေအောင် ချီးကျူးပါလိမ့်မယ်။ မူလလက်ဟောင်း ရုရှားတွေရဲ့ ဗော့ဒ်ကာချက်နည်းနဲ့ ထုတ်ထားပြီး စိန်တွေနဲ့ Filter လုပ်ပြီး စစ်ပါတယ်။
Billionaire Vodka က Diamond Edition ဆိုပြီးလည်း နောက်ထပ် Edition တစ်ခု လာပါတယ်။ စိန် ၆ လုံးနဲ့ ရွှေခွေးရုပ်တစ်ခုလည်း ပါရှိတဲ့ Edition ပါ။

 

Featured Photo: themarketherald