ယမကာနဲ့ ပတ်သတ်ရင် ဘာလာလာဒေါင်းတယ်ဆိုတဲ့ အသောက်တလိုင်း ယမကာလုလင်တွေရှိသလို အနိမ့်ဆုံး ဘယ်လိုအရက်မျိုးမှ သောက်တက်တာဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ကွီးတွေလည်းရှိ ကြပါတယ်။ လူတိုင်းကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ် ၊ ကိုယ်ပိုင်စံနှုန်းသတ်မှတ်ချက်လေးတွေရှိကြပေမယ့် အခုပြောမယ့် သောက်စရာအဖျော်ယမကာတွေကတော့ ကွီးတို့အားလုံး ငြင်းရက်နိုင်မှာမဟုတ်တဲ့ ယမကာတွေဆိုတာတော့ သေချာပါတယ်။ ကဲဒါဆို ဘယ်လိုသောက်စရာတွေက ကွီးတို့အကြိုက်နဲ့ ထပ်တူကျစေမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Whiskey Sour

Whiskey Sour
Photo : Delish

ဝီစကီကြိုက်တဲ့ ကွီးတို့ကတော့ Whiskey sour ကိုလည်း သေချာပေါက် ကြိုက်ကြပါလိမ့်မယ်။ တစ်ခါတစ်လေ အပြင်းချည်းသောက်ရတာ ငြီးငွေ့လာပြီဆိုရင် ချိုချိုပြင်းပြင်းနဲ့ လန်းဆန်းစေမယ့် Whiskey Sour တစ်ခွက်က ကွီးတို့အကြိုက်နဲ့ ထပ်တူကျစေမှာပါ။

(၂) The Old Fashioned

old fashioned

Photo : MasterCook

ကော်ဖီဆိုခါးခါး ၊ ယမကာဆိုပြင်းပြင်းမှ ကြိုက်တဲ့ ကွီးတို့အတွက်ကတော့ Old Fashioned တစ်ခွက်က အမှန်ကန်ဆုံးရွေးချယ်မှု ဖြစ်စေမှာပါ။ Bourbon သို့မဟုတ် rye ဝီစကီနဲ့ ပြုလုပ်ထားတဲ့အတွက် ပြင်းပြင်းရှရှနဲ့ ထိထိမိမိရှိတဲ့ ဝီစကီရဲ့ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၃) Gin & Juice

 Gin & Juice
Photo : PUNCH

အမေရိကန် ရက်ပ်ပါ Snoop Dogg ကိုယ်တိုင် recommend ပေးထားတဲ့ cocktail တစ်မျိုးပဲ ဖြစ်ပါတယ်။ ဂျင်နဲ့ ဂရိတ်ဖရုသီး ၊ လိမ္မော်သီးဖျော်ရည်တို့နဲ့ ပေါင်းစပ်ထားတဲ့ cocktail တစ်ခွက်က ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ယစ်မူးချင်တဲ့ ကွီးတို့အကြိုက်တွေ့စေမယ့် သောက်စရာ ယမကာတစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) SnakeBite Shot

SnakeBite Shot 
Photo : Cocktails – LoveToKnow

Traditional Snakebite Shot လို့လည်း ခေါ်ပါတယ်။ သူ့မှာတော့ ပါဝင်ပစ္စည်းက ၂ မျိုးတည်းပါပဲ။ Canadian Whisky နဲ့ သံပုရာသီးတစ်စိပ်ကို shot ခွက်လေးနဲ့ သုံးဆောင်ရုံပဲ ဖြစ်ပါတယ်။ Tequila သောက်နည်းနဲ့ ဆင်တူပါတယ်။ တစ်ခွက်သောက်ပြီးတိုင်းမှာ ရင်ထဲအထိပူဆင်းသွားပြီး တစ်ရိပ်ရိပ်ယစ်မူးလာစေမယ့် ခံစားမှုမျိုးရရှိစေမှာ ဖြစ်ပါတယ်။

(၅) Jägerbomb

Jägerbomb

Photo : iStock

ဆေးဖက်ဝင်အရက်လို့နာမည်ကြီးတဲ့ Jägermeister နဲ့ Red Bull ကို ရောစပ်သောက်ရတဲ့ Jägerbomb ကလည်း ကွီးတို့ အကြိုက်နဲ့ထပ်တူကျစေမယ့် ယမကာတစ်မျိုးဆိုတာ သေချာပါတယ်။ Red Bull ထည့်ထားတဲ့ ဖန်ခွက်ထဲကို Jägermeister shot ခွက်တစ်ခွက် ပစ်ထည့်ပြီး သောက်လိုက်ရုံပါပဲ။ ချိုရီယစ်မူးတဲ့ အရသာဖြစ်လို့ မိန်းကလေးတွေသောက်မယ်ဆိုလည်း အဆင်ပြေပါတယ်။

Featured Photo : TripAdvisor