ရုပ်ရှင်တွေက ဖျော်ဖြေရေးသက်သက်တစ်ခု ထက်ကိုပိုတယ်လို့ ဆိုရမှာပါ။ တချို့သော ရုပ်ရှင်တွေဆိုရင် ကျွန်တော်တို့ ဘဝအတွက် ခွန်အားတွေ ၊ ဉာဏ်အလင်းတွေ ၊ စိတ်စွမ်းအားတွေများစွာ ရစေတာအမှန်ပါပဲ။ ဒီနေ့ပြောပြပေးမယ့် ရုပ်ရှင် ၅ ကားဟာလည်း သင့်ဘဝအတွက် တစ်စုံတစ်ရာ ရစေမှာသေချာတဲ့ ဘဝမှာတစ်ကြိမ်တစ်ခါတော့ အနည်းဆုံးကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။

Casablanca (1942)

Casablanca (1942)

Photo : Marie Claire

ဒုတိယကမ္ဘာစစ် အစောပိုင်းနှစ်များအတွင်းက အခြေအနေတွေကို အခြေခံရိုက်ကူးထားတဲ့ နာမည််ကြီး အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ချစ်သူနှစ်ဦးကွဲကွာခဲ့ကြပြီး တစ်ချိန်ပြန်ဆုံတွေတဲ့အချိန်မှာ ဘယ်အရာတွေတော့ ပြောင်းလဲသွားပြီလဲ ၊ မပြောင်းလဲပဲကျန်နေသေးတဲ့အမှတ်တရတွေက ဘာတွေဖြစ်မလဲ စသည်ဖြင့် နိုင်ငံရေးအကြပ်အတည်းတွေနဲ့အချစ်ရဲ့ ကြားက စိန်ခေါ်မှုတွေ ၊ ခံစားချက်တွေကို ကြည့်ရှုခံစားရမယ့် မမေ့နိုင်စရာ အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Dead Poets Society (1989)

Dead Poets Society (1989)

Photo : Marie Claire

၁၉၅၉ ခုနှစ်ဝန်းကျင်လောက်က အင်္ဂလန်နိုင်ငံပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာရှိတဲ့ အင်္ဂလိပ်စာဆရာတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဆရာနဲ့ ကျောင်းသားတွေကြားက ဆက်ဆံရေးတည်ဆောက်ပုံတွေ ၊ လူတိုင်းဘဝမှာလွတ်လပ်စွာတွေးခေါ်တက်ပြီး အဓိပ္ပါယ်ရှိစွာရှင်သန်တက်ဖို့ ကဗျာသင်ပေးတဲ့ဆရာ ၊ ကဗျာတွေရဲ့လှပမှုနဲ့ လေးနက်မှုတွေ ကဗျာတွေကို နှလုံးသားခံစားတက်အောင် သင်ပြသွားတဲ့ဆရာတစ်ယောက်အကြောင်းကို နူးညံ့သိမ်မွေ့စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အတွေးအမြင်တစ်စုံတစ်ရာရစေမယ့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး တစ်ကားပါပဲ။

You’ve Got Mail (1998)

You've Got Mail (1998)

Photo : Marie Claire

မင်းသားကြီးတွန်ဟန့်နဲ့ မင်းသမီးမက်ဂ်ရိုင်ယန်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၉၈ ခုနှစ်ကထွက်ထားတဲ့ အချစ်ဒရမ်မာဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကအချစ်ဆိုတာ အပြင်မှာတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးအဆင်မပြေတဲ့ပြိုင်ဘက်တွေဖြစ်နေသည်တိုင်အောင် အွန်လိုင်းအပေါ်မှာတော့ တစ်ယောက်အကြောင်းတစ်ယောက်မသိကြတဲ့အခါ ချစ်ကျွမ်းဝင်မိသွားကြတဲ့အထိ ဖြစ်လာတက်တယ်ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အွန်လိုင်းအချစ်ရဲ့နောက်ဆက်တွဲပြဿနာတွေက ဘာတွေဖြစ်မလဲ ဘယ်လိုအရှုပ်ထွေးတွေ ဖြစ်လာမလဲဆိုတာ You’ve Got Mail (1998) ရုပ်ရှင်ဇာတ်ကားလေးမှာကြည့်ရှု့လိုက်ပါနော်။

Little Women (2019)

Little Women (2019)

Photo : Marie Claire

Little Women (2019) ရုပ်ရှင်ဇာတ်ကားဟာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာမေ အဲကော့ရဲ့ ဂန္ထဝင်စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ညီအစ်မလေးယောက်ရဲ့ ဘဝအကြောင်းကို အခြေခံရိုက်ကူးထားပြီး ဘဝတွေထဲက ဘဝတွေအကြောင်းဖြစ်တဲ့ ရုန်းကန်ရမှုတွေ ၊ အပြောင်းအလဲတွေ ၊ မိသားစုရဲ့ကြားက သံယောဇဉ်တွေ ၊ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ခံစားမှုရသမြောက်အောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Life is Beautiful (1997)

Life is Beautiful (1997)

Photo : Marie Claire

Life is Beautiful လို့အမည်ရတဲ့ အီတလီရုပ်ရှင်ဇာတ်ကားဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အီတလီမြောက်ပိုင်းရှိ ဂျာမန်ချွေးတပ်စခန်းကို ပို့ဆောင်ခံလိုက်ရတဲ့ ဂျူးလူမျိုးဖခင်တစ်ဦးနဲ့ သားဖြစ်သူတို့ကြားက ဆက်ဆံပုံတွေကို အဓိကပုံဖော်ထားပါတယ်။ စစ်ပွဲအတွင်း ဆိုးရွှားလှတဲ့ ဂျာမန်ချွေးတပ်စခန်းရဲ့ အခြေအနေတွေကို ဂိမ်းတစ်ခုသဖွယ်မြင်ယောင်လာအောင် သားဖြစ်သူကိုသရုပ်ဖော်ပေးခဲ့ပုံတွေ ကာကွယ်စောင့်ရှောက်ခဲ့ပုံကို ရင်သပ်ခံစားရမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

Featured Photo : NewOnNetflixANZ