မကြာခင် သင်္ကြန်ကျတော့မှာပါ။ ပွဲတော်ကာလဟာ နွေခေါင်ခေါင်ကြီးမှာ ကျရောက်တာဖြစ်လို့ သင်္ကြန်မှာ အကဲလွန်ပြီး အပူရှပ်မှာ ၊ ရေဓါတ်ပြတ်လပ်တာနဲ့ နားထဲ ရေဝင်ပြီး ဒုက္ခရောက်မှာပါ ကြိုတွက်ထားတာက ပိုပြီး ဥာဏ်ရှိရာရောက်ပါတယ်။ ဒီတော့ ပွဲတော်ချိန်မှာ ဒီပစ္စည်းလေးတွေ ဆောင်ထားဖို့တော့ လိုပါလိမ့်မယ်။

(၁) Earplugs

Source: Las Vegas Weekly

နားကွဲမတတ်ဆူညံနေတဲ့ ပါတီနဲ့ ပွဲတော်တွေထဲ ကြာကြာနေလေ နားစည် ထိခိုက်ဖို့ အန္တရာယ်ပိုများလေပါပဲ။ Hi-Fidelity Earplugs တွေဟာ ဂီတသံထဲကနေ ဆူညံနေတဲ့ အသံတွေကို ပြန်ခွဲပေးနိုင်လို့ ပါတီပဲသွားသွား ဘားပဲတက်တက် ဆောင်ထားသင့်ပါတယ်။ နားအတွက်လည်း အန္တရာယ်ကင်းသလို ကိုယ့်ပတ်ဝန်းကျင်က အသံတွေကို ပိုကောင်းကောင်း ကြားနိုင်မှာပါ။

(၂) Bandana

Source: The Trend Spotter

Bandanas ဟာ ဘက်စုံသုံးနိုင်တဲ့ လက်ကိုင်ပုဝါလို့ ပြောနိုင်ပါတယ်။ စတိုင်ကျတဲ့ Bandanas တွေဟာ ကိုယ့်ရဲ့ ဖက်ရှင်ကိုပါ ပံ့ပိုးနိုင်သလို ပွဲခင်းထဲက ဖုန်မှုန့်တွေ ပါးစပ်ထဲ မဝင်အောင်လည်း ကာကွယ်ပေးသွားမှာပါ။ ဖက်ရှင်အမြင်ရှိတဲ့သူတွေကတော့ Bandana တွေကို ခေါင်းစီးပုဝါလိုရော လည်စီးပုဝါလိုပါ သုံးကြပါတယ်။

(၃) မျက်မှန်

Source: TakeMeTour’s Blog

ဖုန်တွေ ရေတွေ မျက်လုံးထဲ မဝင်ဖို့ အကောင်းဆုံး ဖက်ရှင်ပစ္စည်းက Eyewear ပါ။ စတိုင်ကျတဲ့ နေကာမျက်မှန်ဟာ ပူပြင်းတဲ့ နေရောင်အောက် အချိန်ကြာကြာနေသူတွေအတွက် မျက်လုံးကျန်းမာရေး ထိန်းသိမ်းဖို့ အကောင်းဆုံး အသုံးအဆောင်ဖြစ်ပါတယ်။

(၄) ရေလုံ ကျောပိုးအိတ်

Source: Etsy

သင်္ကြန်မှာ ကဲမယ်ဆိုရင် စမတ်ဖုန်းတို့ ပိုက်ဆံအိတ်တို့လို ကိုယ့်ရဲ့ မရှိမဖြစ် အသုံးအဆောင်တွေကို ဘောင်းဘီအိတ်ထဲတင် ထည့်ထားလို့ မရတော့ပါဘူး။ ဒီအတွက် ရေလုံတဲ့ ကျောပိုးအိတ်တစ်လုံး ဆောင်ထားဖို့ လိုပါတယ်။ ခပ်သေးသေး ကျောပိုးအိတ်တွေဟာ စမတ်ဖုန်း ၊ အားသွင်းကြိုးနဲ့ တစ်ခြား အသုံးအဆောင်တွေ ထည့်ပြီး သွားလေရာကို အလွယ်တကူ ယူသွားလို့ရမှာ ဖြစ်ပါတယ်။

(၅) Sunscreen

Source: FashionBeans

နေပူပူမှာ ဘယ်လောက်ကြာအောင် ကဲဖြစ်မှာလဲ မသိတာကြောင့် အကောင်းဆုံးက အပူဒဏ်ကြောင့် အသားအရေမပျက်စီးရအောင် နေရောင်ကာ Sunscreen တစ်ခုခု လိမ်းထားသင့်ပါတယ်။ ဖြစ်နိုင်ရင် မျက်နှာပါ လုံမယ့် ဦးထုပ်ပါ ဆောင်ထားသင့်ပါတယ်။ ဒါမှသာ ပွဲတော်ရာသီမှာ အဖျားအနာမရှိ ၊ တက်တက်ကြွကြွ ပျော်ရမှာ ဖြစ်ပါတယ်။