တေးဂီတာက သင့်ကိုရယ်မောစေနိုင်တယ်။ ငြိမ့်ညောင်းသာယာစေတယ်၊ စိတ်အေးချမ်းစေတယ်၊ ဝမ်းနည်းစေနိုင်တယ်၊ ကခုန်စေတယ်။ ဒါ့အပြင် ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အိပ်စက်ခြင်းဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရ တေးဂီတက အိပ်စက်ခြင်းကိုပါအထောက်အကူပြုတယ်လို့ ဆိုပါတယ်။

သုတေသီတွေရဲ့အဆိုအရ နှစ်ခြိုက်စွာအိပ်စက်ခြင်းက နောက်တနေ့မနက်မှာ ပိုမိုကောင်းမွန်စွာနိုးထ လာစေပါတယ်။ မအိပ်ခင် အိပ်ယာပေါ်မှာသက်တောင့်သက်သာလှဲလျောင်းပြီး သီချင်းနားထောင်တဲ့ အခါ သင့်ရဲ့နှလုံးခုန်နှုန်းကို ငြိမ့်ညောင်းတဲ့တေးဂီတနဲ့ စည်းညှိထားသလိုဖြစ်တဲ့ အတွက် ခန္ဓာကိုယ်ကို အပန်းပြေစေပါတယ်။

ဂီတသံကို အာရုံစိုက်နားထောင်တဲ့အခါ သင့်ရဲ့နှလုံး ခုန်သံနှေးလာပြီး သွေးပေါင်ချိန်လည်းကျဆင်း လာတဲ့အတွက် စိုးရိမ်ပူပန်မှုတွေလျော့ပါး သွားပြီး သင်ကိုယ်တိုင် သာယာတဲ့တေးဂီတတပုဒ်လို ခံစားရမှာပါ။ ဒီနေရာမှာ တရားအားထုတ်ချင်သူ တွေဆိုရင်လည်း အိပ်ခါနီးတရားထိုင်(သို့) တရားမှတ်ဖို့ကို အားပေးချင်ပါတယ်။ ဒါကြောင့် အိပ်ရာ မဝင်ခင်သင့်ရဲ့အနားယူမှုကို ပိုကောင်းစေမယ့် သီချင်း (၅) ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Leave this behind

Source : lovelierother

(၂) Small Parade – Tobin Sprout

Source : savannasaurus

(၃) Green Eyes – Coldplay

Source : novembrrain

(၄) Holocene – Bon Iver

Source : Jagjaguwar

(၅) Halo – Beyoncé

Source : Beyoncé

သီချင်းလေးတွေနားထောင်ရင် ကောင်းစွာအိပ်စက်အနားယူနိုင်ကြပါစေ။