လူတော်တော်များများမှာ ရှိကြတဲ့စိတ်ဆန္ဒတစ်ခုက သန်မာဖို့ပါ။ လူတော်တော်များများ သူတို့ရဲ့ သန်မာမူကို ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်ပြသကြပါတယ်။ တစ်ချို့သူတွေဆို သူတို့သွားတွေ ဘယ်လောက်သန်မာတယ်ဆိုတာကို ထရပ်ကားတွေ၊ လေယာဉ်တွေကို သွားနဲ့ ဆွဲပြီး သက်သေပြကြတဲ့သူတွေတောင် ရှိပါတယ်။ အဲ့ဒီထဲကမှ ကမ္ဘာ့လူသန်ကြီး ၅ ဦးကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။

(၁) Phil Pfister

Source: Product Catalogue

အမေရိကန်လူမျိုး Phil Pfister ဟာ သားရဲတစ်ကောင်လိုပါပဲ။ အံ့သြစရာတစ်ခုက သူဟာ ခန္ဓာကိုယ်ကြံ့ခိုင်မယ့် ဘယ်အားကစားနည်းကိုမှ စိတ်မဝင်စားကြောင့် လေ့ကျင့်ခဲ့ခြင်းမရှိခဲ့ပါဘူး။ သူ့ကျူရှင်စရိတ်ပေးနိုင်ဖို့အတွက် သစ်ပင်ခုတ်တဲ့ အလုပ်ကိုပဲ လုပ်နေခဲ့တာပါ။  သူဟာ မီးသတ်သမားတစ်ယောက်ဖြစ်လာတဲ့အချိန်မှာတော့ စခန်းမှာ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို စိတ်ဝင်စားသွားခဲ့ပါတယ်။

အဲ့ဒီလို လေ့ကျင့်ရင်းနဲ့ ၁၉၉၆ ခုနှစ်အရောက်မှာ ကမ္ဘာ့အသန်မာဆုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ နံပါတ် ၄ နေရာချိတ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပထမဆုကို ရရှိခဲ့ပါတယ်။

(၂) Igor Zaripov

Source: Framepool

သူ့ရဲ့ အပြင်ပန်းပုံစံကို ကြည့်ပြီး ဒီစာရင်းထဲမှာ သူပါတယ်ဆိုတာ ယုံဖို့ခက်ပါတယ်။ ဒါပေမယ့် အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလေ။ Igor Zaripov က ကျွမ်းဘားသမားတစ်ယောက်ဖြစ်ပြီး ၃ နှစ်သားအရွယ်ကတည်းက ကစားလာခဲ့တာပါ။ CrossFit ဆိုတဲ့ အလေးတုံးမတဲ့ အားကစား စိတ်ဝင်စားပြီး လေ့ကျင့်ခဲ့တာကြောင့် နောက်ပိုင်းမှာ သူဟာ ပေါင် ၅၀၀ ရှိတဲ့အလေးတုံးတွေကို မနိုင်ခဲ့ပြီး ပေါင် ၃၀၀ ကျော်ရှိတဲ့ ဘတ်စ်ကားကိုလည်း သွားနဲ့ ဆွဲပြခဲ့ပါသေးတယ်။

အဲ့ဒါက သူ့အတွက် အောင်မြင်မှုတစ်ခုဖြစ်လာခဲ့တယ်။ သူဟာ လူသန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ်ပေါ်မှာ ကြွက်သားတွေ ဖုထွက်နေစရာမလိုဘူးလို့ ကမ္ဘာကြီးကို သက်သေပြခဲ့တာပါ။

(၃) Zsolt Sinka

Source: Wow Amazing

Zsolt Sinka  ကို ၁၉၈၁ ခုနှစ်မှာ ဟန်ဂေရီနိုင်တွင် မွေးဖွားခဲ့ပါတယ်။ သန်မာပြီး အားကြီးလွန်းတာကြောင့် သူ့ကို Popeye (Popeye ဆိုတာက အလွန်အင်အားကြီးတဲ့ ကာတွန်းဇာက်ကောင်ရဲ့နာမည်ပါ) လို့နာမည် ပေးထားခဲ့ရပါတယ်။

သူကတော့ ဘတ်စ်ကားကို သွားနဲ့ဆွဲပြခဲ့တာတော့ မဟုတ်ဘူး။ လေယာဉ်ကိုပါ။ လေယာဉ်အမှတ် အေ ၃၂၀ ကို ၅၁ စက္ကန့်အတွင်းမှာ ၁၂၈ ပေရောက်အောင် သူ့ရဲ့ မေးရိုးကိုသုံးပြီး ဆွဲပြသွားခဲ့တာပါ။ သူ့ရဲ့ လျို့ဝှက်ချက်ကတော့ ဆုံးဖြတ်ချက်ချပြီးရင် အဆုံးထိလုပ်တာပါပဲ ဆိုပြီးပြောခဲ့ပါသေးတယ်။

(၄) Vasyl Virastyuk

Source: Youtube

၁၉၇၄ ခုနှစ်ဖွား ယူကရိန်းနိုင်ငံသား Vasyl Virastyuk ဟာ အားကစားကို ဝါသနာထုံသူတစ်ယောက်ပါ။ သူ့ကိုယ်သူ တိုးတက်အောင် ကြိုးပမ်းရင်းအားကစားဘက်မှာ အလားအလာရှိတယ်ဆိုတာ သဘောပေါက်သွားတဲ့အတွက်ကြောင့် Gym ကစားရတာကို သဘောကျလာပါတယ်။

အဲ့ဒီ့နောက်မှာဝိတ်မခြင်းနဲ့ သံလုံးပစ်အားကစားတွေမှာ ဆုတံဆိပ်တွေ ရခဲ့ပါတယ်။ သူဟာ ၁ တန်ကျော်လောက်ရှိတဲ့ ကုန်တင်ကားတွေကို ဆွဲပြပြီး ကမ္ဘာ့အသန်မာဆုံးလူတွေထဲမှာ မှတ်တမ်းဝင်ထားသူ တစ်ယောက်ပါ။

(၅) Dmytro Khaladzhi

Source: The Sun

ဒီစာရင်းထဲမှာပါတဲ့ တခြားလူတွေနဲ့ မတူတဲ့အချက်က Dmytro Khaladzhi ဟာ သူ့နောက်ကျော်ပေါ်မှာ မြင်းတွေသယ်ပြီး ပြခဲ့တာ၊ သွားနဲ့ သတ္တုတွေကို ကွေးပြခဲ့တာတွေကြောင့်ပါ။ ဒါတင်မကပဲ လက်ဗလာနဲ့ သံကို သစ်သားထဲ့ ဝင်အောင်ရိုက်ပြခဲ့ပါသေးတယ်။ သူဟာ သူ့ရဲ့သန်မာမူကို တခြားသူတွေနဲ့ မတူအောင် တမူထူးခြားစွား ထုတ်ပြခဲ့တာပါ။