Sneakers လောကသားတွေအကြားမှာ အရှားပါးဆုံး စာရင်းဝင်တဲ့ Sneakers တွေအကြောင်း ပြောချင်ပါတယ်။ ရှားပါးတဲ့ ပစ္စည်းတွေရဲ့ ထုံးစံအတိုင်း ဈေးလည်း သိပ်ကြီးတဲ့ Sneakers တွေ အကြောင်းပါ။

(၁) Nike Air Yeezy 1 ‘Grammy’

Nike Air Yeezy 1 'Grammy'

Photo: footwearnews

၂၀၀၈ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ ကင်ညေးဝက်စ် စီးခဲ့တဲ့ဖိနပ်ပါ။ Nike နဲ့ သူ့ကုမ္ပဏီ Yeezy တို့ ပေါင်းပြီး ထုတ်ထားတဲ့ဒီဖိနပ်ဟာ ကမ္ဘာ့အရှားဆုံး Sneaker ထဲမှာ ပါပါတယ်။ ဒီဖိနပ်ကို ဒေါ်လာ ၅ သောင်းအထိ ပေးပြီး ဝယ်နေတဲ့လူတွေလည်း ရှိကြပါတယ်။

(၂) DJ Khaled x The Shoe Surgeon Air Jordan 1

DJ Khaled x The Shoe Surgeon Air Jordan 1

Photo: Hypebeast

DJ Khaled ရဲ့ Grateful အယ်လ်ဘမ်ထွက်တဲ့ ၂၀၁၇ ခုနှစ်က ဒီဖိနပ်ထွက်ခဲ့တာပါ။ လော့စ်အိန်ဂျလိစ်က လက်ဖြစ် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်း Shoe Surgeon က အထူးဖန်တီးထားတာ ဖြစ်ပါတယ်။ Air Jordan 1 ကို ၁၈ ကာရက်ရွှေနဲ့ ဖန်တီးထားပြီး သစ်သားဘူးထဲမှာ ထည့်ထားတာပါ။

(၃) Yeezy BOOST 700 VX

Yeezy BOOST 700 VX

Photo: highsnobiety

Yeezy က ထွက်တဲ့ ဖိနပ်တွေ အများကြီးပါ။ BOOST 700 VX က Limited Edition အဖြစ် ထွက်ထားတဲ့ ဖိနပ်ဖြစ်ပြီး Unreleased မော်ဒယ်လည်း ဖြစ်ပါတယ်။ ကင်ညေးဝက်စ်ကိုယ်တိုင် Yeezy BOOST 700 Vx တွေကို ရက်ပ်ပါတွေ ဖြစ်တဲ့ Tekashi 6ix9ine ကို လက်ဆောင်ပေးခဲ့တာပါ။ Adidas နဲ့ ပေါင်းပြီး ထူးဆန်းတဲ့ Colorway နဲ့ ထုတ်ထားတာပါ။

(၄) Backwards Swoosh Air Jordan 1 ‘Shattered Backboard’

Backwards Swoosh Air Jordan 1 'Shattered Backboard'

Photo: Hypebeast

စက်ရုံထုတ်စဉ်က အပြစ်အနာအဆာပါရင် ဖိနပ်တန်ဖိုးကျတယ်ဆိုပေမယ့် အန်ဒရီယာ ကန်ဇီယာနီ အွန်လိုင်းက မှာလိုက်တဲ့ Shatterd Backboard Air Jordan 1s ကတော့ Factrory Flaw ပါပြီး Nike logo ပြောင်းပြန်နဲ့ ရောက်လာခဲ့ပါတယ်။ ဒီလို ရှားပါးတဲ့အမှားတစ်ခုကြောင့် ဒီဖိနပ်ရဲ့ တန်ဖိုးဟာ မူရင်းဈေးထက် အဆ ၉၀၀ တက်သွားပြီး ဒေါ်လာ ၉၆၀၀၀ ဈေးနဲ့ ရောင်းထွက်ခဲ့ပါတယ်။

(၅) ASICS x Afew GEL-Lyte III ‘Black Koi’

ASICS x Afew GEL-Lyte III 'Black Koi'

Photo: Hypebeast

၂၀၁၅ ခုနှစ်က ASICS နဲ့ Koi နဲ့ ပေါင်းပြီး GEL-Lyte III ကို ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က Black Koi လို့ နာမည်ပေခဲ့ပြီး တစ်ရံပဲ ထုတ်ခဲ့ပါတယ္။ ၂၀၁၅ မေလ ၂၃ ရက်မှာ ဒီဖိနပ်ကို လေလံတင်ပြီး ဒူဆယ်ဒေါ့ဖ်မမှာ ရှိတဲ့ ကလေးဆေးရုံကို လှူခဲ့ပါတယ်။

Featured Photo: Hypebeast