အလုပ်တစ်ခုကနေ တစ်ခု ပြောင်းတော့မယ်ဆိုရင် လူတိုင်းလိုလို အနည်းအများ စိတ်ပူတတ်ကြပါတယ်။ အလုပ်သစ် မရသေးခင် အရင်အလုပ်ကနေ ထွက်ထားတဲ့ သူတွေကတော့ ပိုလို့တောင် စိတ်ပူကြမှာပါ။ ဒီလို အလုပ်သစ်ရဖို့ စိတ်အရမ်းမပူရအောင် အခုပြောမယ့် အရာတွေကို ကြိုပြီး စီစဉ်ထားဖို့လိုပါတယ်။

(၁) Resume ကောင်းကောင်း ပြင်သွားပါ

Source: Pexels

အလုပ်တစ်ခုကနေ တစ်ခု ပြောင်းတော့မှာဆိုတော့ ကိုယ့်ရဲ့ CV လည်း အသစ်ပြန်ပြင်စရာလေးတွေ ရှိလာပြီ ဖြစ်ပါတယ်။ အရင်အလုပ်ကနေ အတွေ့အကြုံနဲ့ သိထားတဲ့ ကျွမ်းကျင်မှု ၊ အရေးပါတဲ့ ပရောဂျက်နဲ့ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်တွေကို ထိထိရောက်ရောက် ရေးပြီးကို အလုပ်သစ်ရှာရတော့မှာပါ။

တကယ်လို့ Resume မှာ သိပ်ပြီး မရေးတတ်ဘူးဆိုရင် ကျွမ်းကျင်သူတစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ်နဲ့ ရင်းနှီးတဲ့ အထက်လူကြီးတစ်ယောက်ယောက်ဆီက အကြံယူပြီး Resume ကို ကောင်းကောင်း ပြင်သင့်ပါတယ်။

(၂) Social Networking ကောင်းကောင်း ရှိပါစေ

Source: Unsplash

အလုပ်သစ်ရှာချိန်မှာ ကိုယ့်ရဲ့ Profile ကို အလုပ်ရှင်တိုင်း သဘောကျအောင် ပြင်ရတော့မှာပါ။ Resume ကောင်းကောင်း ရေးထားတာအပြင် LinkedIn ၊ Facebook ၊ Twitter စတဲ့ Social Networking တွေကနေလည်း ကိုယ့်ရဲ့ Employee Profile ကို ထင်ရှားအောင် လုပ်ဖို့လိုပါတယ်။ အလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဘက်တွေ ၊ ပြင်ပက နယ်ပယ်တူ မိတ်ဆွေတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားသင့်ပါတယ်။

(၃) Skills သစ်တွေ သင်ထားပါ

Source: unsplash

ပညာရပ်သစ်တွေ တတ်ထားတာဟာ အလုပ်သစ်ကို အလွယ်ကလေး ရစေတဲ့ အကြောင်းပါ။ ကိုယ်လျှောက်ချင်တဲ့ အလုပ်သစ်က ဘယ်လိုအလုပ်မျိုးလဲ/ ကိုယ်ဘယ်လိုအလုပ်နဲ့ အသက်မွေးသွားမလဲဆိုတာကို တိတိကျကျ စာရင်းလုပ်ပြီး သိထားတတ်ထားသင့်တဲ့ ပညာတွေ သင်ထားသင့်ပါတယ်။

(၄) ကုမ္ပဏီတွေကို လေ့လာထားပါ

Source: Pixabay

ကိုယ်လျှောက်မယ့် အလုပ်နေရာ ၊ ကုမ္ပဏီအကြောင်းအပြင် သူတို့ရဲ့ ထုတ်ကုန်နဲ့ Image အကြောင်းတွေ သိထားတာဟာ အလုပ်အင်တာဗျူးဖြေရာမှာ အမှတ်ပိုရစေမယ့် အချက် ဖြစ်ပါတယ်။

(၅) အင်တာဗျူးအတွက် ပြင်ဆင်ပါ

Source: Pexels

အလုပ်လျှောက်ရင်း အင်တာဗျူးဝင်ဖို့ အခွင့်အရေး ရလာပြီဆိုရင် ဒီအတွက် အကောင်းဆုံး ပြင်ဆင်ရမယ့် အချိန်ရောက်လာပြီ ဖြစ်ပါတယ်။ အင်တာဗျူးကတော့ ကိုယ့်အဖြေကောင်းရင် ကောင်းသလောက် သူတို့ စိတ်ထဲ Impressive ဖြစ်တာနဲ့ လုပ်ခ ၊ လစာ ၊ ရာထူးနေရာပါ ပိုပြီး မြင့်သွားတတ်ပါတယ်။ ဒီအတွက် ကောင်းကောင်း အချိန်ပေးထားပါ။