ယောင်္ကျားဖြစ်ရတာ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်တွေပဲ ကြုံရတတ်တဲ့ ပြဿနာတွေကလည်း မနည်းပါဘူး။

(၁) တန်းစီပြီး ဆီးသွားဖို့ ရှက်တာ

Photo: RMRS

အများသုံး Urinal သန့်စင်ခန်းတွေမှာ ဆီးသွားရတော့မယ်ဆိုရင် ကိုယ့်ဘေးမှာ လူရှိတာနဲ့ ဆီးသွားရခက်တာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကို Shy Bladder Syndrome လို့ ခေါ်ကြပါတယ်။ ရောဂါမဟုတ်တဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ အနားမှာ လူရှိလေလေ ဆီးသွားဖို့ ခက်လေလေပါပဲ။

(၂) မနက်ပိုင်း လိင်အင်္ဂါတင်းမာခြင်း

Photo: One Medical

စိတ်နည်းနည်း ရှုပ်စရာ ဆိုပေမယ့် ဒါကတော့ သင့်ခန္ဓာကိုယ်ဟာ ကျန်းကျန်းမာမာ လုပ်ဆောင်နေတယ်လို့ အချက်ပြနေတာပါ။ ညဘက်အိပ်ရာဝင်ချိန်မှာ ဦးနှောက်ဟာ အနားရပြီးနောက် ကိုယ်တွင်းစနစ်ထဲ တက်စတိုစတီရုန်းတွေ စီးဆင်းစေပါတယ်။ ဒီလို ဟိုမုန်းတိုးတာကြောင့် လိင်တံတင်းမာတောင့်တင်းလာပါတယ်။ ဆီးထသွားလိုက်တာနဲ့ ပျောက်သွားပါလိမ့်မယ်။

(၃) ရုတ်တရပ် လိင်တံတင်းလာခြင်း

Photo: Medical News Today

ဘတ်စ်ကားပေါ်မှာ Sexy ကျကျ မိန်းမလှလေးနဲ့ ထိမိပွတ်မိလို့ဖြစ်ဖြစ် ၊ လမ်းသွားရင်း ကောက်ကြောင်းလှတဲ့ ကောင်မလေးကို ကြည့်မိရင်းဖြစ်စေ ရုတ်တရပ်ကြီး လိင်အင်္ဂါတောင့်တင်းတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါမျိုးက Public မှာဆို ရှက်စရာဖြစ်တတ်လို့ သူများတွေမမြင်အောင် အတော်ကြီး ဖုံးရဖိရတတ်ပါတယ်။

(၄) လက်ကို ဘယ်မှာထားရမလဲ မသိခြင်း

Photo: RMRS

ဒါမျိုးက သူစိမ်းမိန်းကလေးတစ်ယောက်နဲ့ ဓါတ်ပုံရိုက်ချိန်မျိုးမှာ ဖြစ်တတ်ကြပါတယ်။ တစ်နည်းအားဖြင့် စိတ်မလုံခြုံမှု ၊ ဝေခွဲမရဖြစ်မှုနဲ့ အားနည်းမှုကို ပြနေတာပါ။ ဒါကြောင့်ပဲ ဓါတ်ပုံရိုက်ဖို့ ကိုယ်အနား မိန်းကလေးတစ်ယောက် ကပ်လာရင် လက်က လေထဲ ဝဲနေတတ်တာ ဖြစ်ပါတယ်။

(၅) ခံစားချက်ကို ချုပ်ထားရခြင်း

Photo: Pexels

ယောင်္ကျားတွေဟာ ဒေါသကလွဲရင် တစ်ခြားခံစားချက်တွေ နည်းနည်းပဲ ထုတ်ဖော်ပြရမယ်လို့ သတ်မှတ်ထားသလိုမျိုး လူဖြစ်လာတာပါ။ တကယ်က ယောင်္ကျားတွေလည်း ဝမ်းနည်းအားငယ်တဲ့အခါ ၊ စိတ်လေလွင့်ပြီး ထိလွယ်ရှလွယ် ခံစားလွယ်တဲ့အခါ ရင်ဖွင့်ချင်ကြတာပါပဲ။ ဒါပေမယ့်လည်း မာဘိုရိုစီးကရက်ကြော်ငြာထဲက Marlboro Man လို ခံစားချက်ပီးဆေးထိုးထားတဲ့ ရုပ်နဲ့ အံကြိတ်နေရတယ်ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြတာ ဖြစ်ပါတယ်။