ပေါင်းသင်းဆက်ဆံရေးမှာကျွမ်းကျင်ပြီး ခင်စရာကောင်းတဲ့လူတွေဟာ ပတ်ဝန်းကျင်မှာ အမြဲထင်ပေါ်လေ့ရှိကြသူတွေ ဖြစ်ပါတယ်။ ဘယ်သူမဆို ဒီလိုခင်မင်ဖို့ကောင်းတဲ့လူတွေနဲ့ပဲ မိတ်ဆွေဖြစ်ချင်ကြတာမဟုတ်လားဗျ။ ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ခင်ဖို့ကောင်းတဲ့ သူတွေမှာတွေ့ရတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို စာဖတ်သူတို့လေ့လာအတုယူနိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။

(၁) အမြဲပြုံးနေလေ့ရှိတယ်

Smiling man looking at male friends standing with arms around 

Photo : Freepik

ခင်စရာကောင်းတဲ့သူတွေရဲ့ ထူးခြားမှုတစ်ခုက အမြဲလိုလိုပြုံးနေတက်တာပါပဲ။ အပြုံးဟာ ကိုယ်တိုင်လည်း ဆွဲဆောင်မှုရှိစေသလို ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း ဆွဲဆောင်နိုင်တယ်လို့ Psychology Today ရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ သင်ဆိုရင်ရော မျက်နှာရှစ်ခေါက်ချိုးနေသူတွေနဲ့ အမြဲပြုံးရွှင်ပြီး ပျော်ပျော်နေတက်သူမှာ ပြုံးနေတဲ့ လူတစ်ယောက်နဲ့ပဲ မိတ်ဆွေဖြစ်ချင်မှာ မဟုတ်လားဗျ။

(၂) စကားပြောကောင်းကြတယ်

Man looking at his smiling friend pointing his finger on mobile phone

Photo : Freepik

ခင်ဖို့ကောင်းတဲ့သူတွေကို ကြည့်လိုက်ပါ အားလုံးလိုလိုက စကားပြောကျွမ်းကျင်ပြီး တစ်ဖက်လူနားထောင်ချင်စရာကောင်းအောင် သိမ်သိမ်မွေမွေ ၊ နူးနူးညံ့ညံ့ပြောဆိုတက်ကြသူတွေဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့စကားတွေ နားလည်လွယ်မယ့်စကားလုံးတွေနဲ့ နားထောင်သူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ကြသူတွေ ဖြစ်ပါတယ်။

(၃) နားထောင်ကောင်းသူတွေဖြစ်တယ်

Two Focused Young Men Talking

Photo : Freepik

တစ်ဖက်လူရဲ့ ပြောစကားတွေကို သေချာဂရုတစိုက်နားထောင်ပေးတက်ခြင်းကလည်း ပေါင်းသင်းဆက်ဆံရေးမှာ အခရာကျတဲ့အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ စကားပြောတက်ဆိုတက် ကျွမ်းကျင်ရုံနဲ့မကပဲ တစ်ဖက်သားရဲ့ ပြောစကား ၊ တုန့်ပြန်မှုတွေကို သေချာဂရုတစိုက် နားထောင်ပေးတက်ခြင်းကလည်း ပေါင်းသင်းဆက်ဆံရေးမှာ အဓိကအရေးကြီးတဲ့ သော့ချက်တစ်ခုပဲဖြစ်ပါတယ်။

(၄) လိုက်ရောညီထွေ နေတက်ကြတယ်

charming young man sitting in the cafe and smiling happily while working on the laptop

Photo : Freepik

ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေနေတက်ဖို့ကလည်း အရေးကြီးတာပဲ မဟုတ်လား။ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုတည် ဆောက်ရာမှာ တစ်ဖက်လူအကြောင်း ကောင်းကောင်းသိနားလည်ပြီး လိုက်ရောညီထွေဖြစ်အောင် ပြောင်းလဲနေတက်မယ်ဆိုရင် လူချစ်လူခင်များပြီး ခင်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်နေမှာအသေအချာပါပဲ။

(၅) အိုင်ဒီယာကောင်းတွေရှိတယ်

Two smiling friends sitting near window holding coffee cup

Photo : Freepik

ခင်စရာကောင်းတဲ့သူတွေဟာ စိတ်ကူးစိတ်သန်းကောင်းပြီး အိုင်ဒီယာကောင်းတွေအမြဲ ထွက်လေ့ရှိသူတွေဖြစ်ပါတယ်။ ဗဟုသုတကြွယ်ဝပြီး လေ့လာစူးစမ်းလိုစိတ်လည်း များကြပါတယ်။ အကြံဉာဏ်ကောင်းတွေ ၊ အိုင်ဒီယာအသစ်အဆန်းတွေလည်း အမြဲပေးလေ့ရှိတာကြောင့် သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာတော့ ဆရာကြီးအဖြစ်အမြဲနေရာပေးခံရလေ့ရှိသူတွေပဲ ဖြစ်ပါတယ်။

Featured Photo : Freepik