ခိုးကြောင်ခိုးဝှက် အရက်သောက်တတ်သူတွေအဖို့ အရက်အနံ့မထွက်အောင် ဖျောက်ရတာလည်း ပြဿနာကြီးတစ်ရပ်ပါပဲ။ ဒီတော့ ရီဝေရီဝေ အိမ်ပြန်ချိန်တွေမှာ ကိုယ့်ပါးစပ်က အရက်နံ့ မရအောင် ဖျောက်ဖျက်ဖို့ ကူညီနိုင်မယ့်နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။.

(၁) မသောက်ခင်နဲ့ သောက်နေတုန်း အစားစားပေးပါ

Photo: Freepik

အရက်သောက်ချိန်မှာ အစားစားခြင်းဟာ အရက်နံ့ဆိုးထွက်တာ သက်သာအောင် ကူညီပေးနိုင်ပါတယ်။ အစားအသောက်ဟာ အယ်လ်ကိုဟောကို စုပ်ယူပြီး တံတွေးထုတ်မှုကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ အစားစားပေးခြင်းအားဖြင့် အရက်သောက်ချိန် ရေဓါတ်ခမ်းခြောက်မှုကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် အရက်နံ့ထွက်တာ သက်သာအောင် မြေပဲလေးဖြစ်ဖြစ် တခြားစားကောင်းသောက်ဖွယ်လေးဖြစ်ဖြစ် စားပေးဖို့ အကြံပေးချင်ပါတယ်။

(၂) အနံ့ပြင်းတဲ့ စားစရာတွေ စမ်းကြည့်ပါ

Photo: Freepik

ဥပမာ ကြက်သွန်နီတို့ ကြက်သွန်ဖြူတို့ ဖြစ်ပါတယ်။ အနံ့ပြင်းတဲ့ အစားအသောက်တွေ စားပေးလိုက်ခြင်းအားဖြင့် အရက်ကြောင့် ခံတွင်းနံ့ဆိုးထွက်တာ သက်သာစေနိုင်ပါတယ်။ စမ်းကြည့်တာ မမှားပါဘူး။

(၃) ပီကေဝါးပါ

Photo: Freepik

အရက်ဆိုင်သွားမယ်ဆိုရင် အိတ်ကပ်ထဲ ပီကေလေး ထည်သွားဖို့ အကြံပေးချင်ပါတယ်။ ပရုတ်နဲ့ ပူစီနံတို့လို ရနံ့ပါတဲ့ ပီကေဆို ပိုကောင်းပါတယ်။ ပီကေကို များသောအားဖြင့် ဆေးလိပ်နံ့ဖျောက်ဖို့ သုံးတာလည်း ရှိပါတယ်။

(၄) ခံတွင်းသန့်ဆေးသုံးပါ

Photo: Freepik

နောက်တစ်နည်းက ခံတွင်းသန့်ဆေး သုံးဖို့ပါပဲ။ ခံတွင်းသန့်ဆေးဟာ ခံတွင်းနံဆိုးတွေ ဖျောက်ဖျက်ဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်သလို ထိလည်း ထိရောက်မှုရှိပါတယ်။ ဒါကြောင့် အရက်နံ့ဖျောက်ချင်ရင် ခံတွင်းသန့်ဆေးလည်း သုံးသင့်ပါတယ်။

(၅) ကော်ဖီ ဒါမှမဟုတ် ရေသောက်ပါ

Photo: Freepik

ကော်ဖီနဲ့ရေနှစ်မျိုးစလုံးက ကောင်းကျိုးတွေအများကြီးပေးပါတတယ်။ အရက်သောက်ထားသူအတွက် ရေဓါတ်ပြန်ဖြည့်တင်းဖို့ ရေဝဝသောက်ပေးဖို့ လိုသလို အယ်လ်ကိုဟောနံ့ ပျောက်ဖို့ဆိုရင် ကော်ဖီတစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။ ဒါကို ယမကာလုလင်တွေက ကြိုက်ချင်မှ ကြိုက်ပါမယ်။ ဒါပေမယ့် ကော်ဖီသောက်ပေးတာက အရက်နံ့ဖျောက်ဖို့အတွက် မြန်ဆန်ထိရောက်တဲ့နည်းတစ်ခုဆိုတာလည်း ငြင်းမရပါဘူး။