လူသားတိုင်းက အချစ်ခံချင်ကြပြီး သူများကိုလည်း ကိုယ့်ရဲ့အချစ်တွေ ဝေမျှပေးချင်တဲ့သူတွေချည်းပါပဲ။ အချစ်အတွက်ဆိုရင်တောင် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို စွန့်လွှတ်ပစ်ဖို့ဝန်မလေးကြပါဘူး။ တကယ်တမ်းမှာတော့ သမီးရည်းစားဆက်ဆံရေးက ကိုယ့်ဘဝတိုးတက်အောင်မြင်မှုအတွက် ကသိကအောက်ဖြစ်စေပြီး အကျိုးမပေးတဲ့အရာတစ်ခုလို့ ပညာရှင်တွေက ပြောကြားထားပါတယ်။

တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေနေတဲ့အချိန်က ကိုယ်ရည်သွေးဖို့အကောင်းဆုံးအချိန်၊ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် အားစိုက်ထုတ်နိုင်တဲ့အချိန်ပဲဖြစ်ပါတယ်။

ချစ်သူစုံတွဲမရှိတဲ့ တစ်ကိုယ်တည်းသမားတွေ ဘယ်လိုကောင်းကျိုး အားသာချက်တွေ ခံစားရမလဲဆိုတာကို ဒီဆောင်းပါးလေးကတစ်ဆင့် ဖော်ပြပေးလိုက်ရပါတယ်။

မိမိနှစ်သက်တဲ့အရာကို ချုပ်ခြယ်ကန့်သတ်ခံရခြင်းမရှိဘဲ လုပ်ဆောင်နိုင်ခြင်း

Source: Brightside.me

ကိုယ်က ဘောလုံးပွဲစောင့်ကြည့်ချင်ပေမယ့် သူမက ဈေးဝယ်ထွက်ချင်လို့ အဖော်လိုက်ပေးရတဲ့ ဒုက္ခကနေ ကင်းဝေးပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပြီး ကိုယ့်ချစ်သူများ စိတ်ကောက်သွားလေမလားဆိုတဲ့ အတွေးဝင်ပြီး စိုးရိမ်ပူပန်စရာမလိုပါဘူး။

အိပ်ရေးဝဝအိပ်ရခြင်း

Source: freepik.com

အရစ်သန်၊ စိတ်ကောက်သန်တဲ့ ကောင်မလေးကို ချစ်သူတော်ထားရတဲ့ကောင်လေးတွေအဖို့ ညဘက်ဖုန်းပြောနေရင်း၊ စကားပြောနေရင်းကနေ စကားမှားသွားလို့ စိတ်ကောက်သွားရင်တော့ တစ်ညလုံး ချော့ပေတော့ပဲ။ တစ်ကိုယ်တည်းသမားတွေကျတော့ ကိုယ့်ကို စိတ်ကောက်မယ့်သူမရှိတော့ အိပ်ရေးဝဝအိပ်စက်နိုင်တာပေါ့။ အိပ်ရေးဝခြင်းက ကိုယ်ခံအားကောင်းစေတဲ့အပြင် နှလုံးကျန်းမာရေးအတွက်ရော၊ ဆီးချိုရောဂါတွေကိုပါ တစ်ခါတည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ အခင်အမင်မပြတ် အဆက်အသွယ်မပြတ် ပေါင်းသင်းဆက်ဆံနိုင်ခြင်း

Source: freepik.com

ချစ်သူစုံတွဲတွေက သူတို့ရဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ဖို့၊ ယုံကြည်မှုဖလှယ်နိုင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက်အချိန်ပေးရပါတယ်။ ဒီလိုအချိန်ပေးရတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ အချိန်မဖြုန်းနိုင်တော့ဘဲ ကြာလာရင် အနေဝေးသွားတတ်ပါတယ်။ ဒီအချက်က သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ထိခိုက်စေနိုင်ပါတယ်။ တစ်ယောက်တည်းသမားတွေကတော့ သူငယ်ချင်းတွေနဲ့ အဆက်အဆံမပြတ် သွားလာစားသောက်နိုင်တာပေါ့နော်။

အလုပ်လုပ်နိုင်စွမ်းအား တိုးမြှင့်ခြင်း

Source: freepik.com

တစ်ယောက်တည်းနေရတဲ့အခါ အာရုံစိုက်နိုင်စွမ်းအားမြှင့်မားပါတယ်။ ဒါ့ကြောင့်လည်း ပန်းချီပညာရှင်၊ တေးဂီတပညာရှင်၊ စာရေးဆရာ စတဲ့ ပုဂ္ဂိုလ်တွေက သူတို့ ဈာန်ဝင်နေတဲ့အချိန်မှာ ဘယ်သူမှ လာမနှောင့်ယှက်အောင် တစ်ယောက်တည်း အလုပ်လုပ်လေ့ရှိကြပါတယ်။ သင်လည်း တစ်ယောက်တည်းသမားဆိုရင် ကိုယ့်ရဲ့အလုပ်ချိန်မှာ လုပ်ရမယ့်တာဝန်တွေကို အချိန်တိုလေးအတွင်းမှာ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်တာကြောင့် အောင်မြင်ပျော်ရွှင်တဲ့လုပ်ငန်းခွင်ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

ကိုယ် ဦးစားပေးချင်တဲ့အရာကို စိတ်ကြိုက်ဦးစားပေးပိုင်ခွင့်ရှိခြင်း

Source: Brightside.me

ချစ်သူစုံတွဲတွေ မင်္ဂလာပွဲကျင်းပတဲ့အခါ တစ်ယောက်တည်းအကြိုက် စီမံလို့ရပါသလား။ မရပါဘူး။ တစ်ခါတလေ အခန့်မသင့်ရင်တောင် မိဘတွေက ဝင်ရောက်စွက်ဖက်လေ့ရှိပါတယ်။ ဒါက အခြားတစ်ယောက်ရဲ့အကြိုက်ကို ထည့်သွင်းစဉ်းစားပေးနေရတဲ့ သဘောပါ။ တစ်ယောက်တည်းသမားတွေကတော့ သူများအတွက် အလိုလိုက်အကြိုက်ဆောင်စရာမလိုပါဘူး။ ကိုယ် ဦးစားပေးချင်တဲ့အရာကို ကြိုက်တဲ့အချိန်ထလုပ်လိုက်ရုံပါပဲ။

ကဲ… ဘယ်လိုလဲ။ ဒီလိုကောင်းကျိုးတွေ ရှိတာတောင် ရည်းစားထားချင်စိတ်ရှိတုန်းပဲလား။