Comfort Zone သည် သင့်ကို သက်သောင့်သက်သာဖြစ်စေပေမယ့် သင့်ဘဝ အောင်မြင်တိုးတက်ဖို့အတွက်တော့ အတားအဆီးတစ်ခုပဲဖြစ်ပါတယ်။ Comfort Zone ထဲတွင် သင် ခဏတဖြုတ်တော့ နေနိုင်ပေမယ့် အတွေ့အကြုံသစ်များ၊ အခွင့်အလမ်းသစ်များကို လိုချင်တယ်ဆိုရင်တော့ ထိုနေရာက ရုန်းထွက်မှ ဖြစ်မှာပါ။

မိမိဘဝအတွက် အောင်မြင်မှုကို လိုလားတဲ့ ယောကျာ်းများအတွက် Comfort Zone မှ ရုန်းထွက်ခြင်းအားဖြင့် အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

ပိုမိုသန်မာတဲ့ ယောကျာ်းတစ်ယောက်ဖြစ်စေတယ်

reasons for men why they should leave comfort zone

Photo Source: Motivatedandfree.com

Comfort Zone ထဲကနေ စစချင်း ရုန်းထွက်လိုက်တဲ့အခါ သင့်အနေနဲ့ ကြောက်ရွံ့မှုကို ခံစားရကောင်း ခံစားရနိုင်ပါတယ်။ ထိုခံစားချက်သည် သင် ရှေ့ဆက်လျှောက်ရမယ့် လမ်းခရီးက လွယ်ကူမှာမဟုတ်တော့ဘူးဆိုတဲ့ ရှေ့ပြေးလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ထိုကြောက်စိတ်ကို အရေးတယူလုပ်နေမယ်ဆိုရင်တော့ သင့်ကို ကြောက်စိတ်က အနိုင်ယူသွားပါလိမ့်မယ်။

ဒါ့ကြောင့် မိမိက ဘာကို ကြောက်နေသလဲဆိုတာကို အရင်ဆုံးသိအောင် လုပ်ပါ။ ထိုမှတဆင့် မိမိရဲ့ကြောက်စိတ်ကို တဖြည်းဖြည်းချင်း အနိုင်ယူလိုက်ပါ။ တဖြည်းဖြည်းနဲ့ သင်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ သန်မာတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

တီထွင်ဖန်တီးကြံဆမှု ပိုမိုအားကောင်းလာတယ်

reasons for men why they should leave comfort zone

Photo Source: Shutterstock.com

Comfort Zone ထဲမှ ရုန်းထွက်ခြင်းသည် သင့်ကို တီထွင်ဖန်တီးနိုင်စွမ်းများ တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က ပြုလုပ်ထားတဲ့ လေ့လာချက်များအရ ကျောင်းပိတ်ရက်များတွင် အခြားတိုင်းပြည်များသို့ သွားရောက်လည်ပတ်ကာ အတွေ့အကြုံသစ်များရယူသူများက မိမိနိုင်ငံတွင်သာ အချိန်ကုန်ဆုံးသူတွေထက်စာရင် တီထွင်ဖန်တီးနိုင်စွမ်း ပိုမြင့်တာကို တွေ့ရပါတယ်။

မိမိကိုယ်ကို ယုံကြည်မှု ပိုတိုးလာစေတယ်

confident man; reasons for men why they should leave comfort zone

Photo Source: Behappytips.com

Comfort Zone ထဲကနေ ရုန်းထွက်ပြီး မိမိရဲ့ရည်မှန်းချက် ပန်းတိုင်များကို ပြည့်ဝအောင် လုပ်ဆောင်ပါက မိမိကိုယ်ကို ယုံကြည်ချက်များ တိုးမြှင့်လာနိုင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိပါက မည်သည့်အရာကိုမဆို အောင်မြင်နိုင်ပြီး စိတ်ဖိစီးမှုများခြင်း၊ စိတ်ရှုပ်ခြင်းဒဏ်မှလည်း ကင်းဝေးသွားပါလိမ့်မယ်။

မိမိရဲ့ဘဝတိုးတက်မှုအတွက် ပိုမိုအထောက်အကူဖြစ်စေတယ်

reasons for men why they should leave comfort zone

Photo Source: Psemltd.com

ကလေးဘဝ ငယ်ရွယ်စဉ်တုန်းကတော့ အကြောက်တရားကင်းမဲ့ပြီး အရာရာကို စွန့်စားချင်စိတ်ရှိကြပါတယ်။ တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ “ဒီလိုလုပ်လိုက်ရင် ဘယ်လိုများ ဖြစ်သွားမလဲ၊ အဆင်ရောပြေပါ့မလား” စတဲ့ ကျိုးကြောင်းဆင်ခြင်စိတ်လွန်ကဲခြင်းက အကြောက်တရားဆီသို့ တဖြည်းဖြည်းတွန်းပို့နေပါတယ်။ ကျရှုံးမှာကို ကြောက်ရွံ့ခြင်းသည် မိမိရဲ့တိုးတက်မှုလမ်းကြောင်းကို အတားအဆီးဖြစ်စေပါတယ်။ Comfort Zone ထဲက ရုန်းထွက်မှသာလျှင် မိမိရဲ့တိုးတက်ရာ တိုးတက်ကြောင်းအတွက် အထောက်အကူဖြစ်စေမှာပါ။

အတွေ့အကြုံကောင်းနဲ့ အောင်မြင်မှုအသီးအပွင့်များ ခံစားရစေတယ်

reasons for men why they should leave comfort zone

Photo Source: Stratoscale.com

ဘဝကို သက်သောင့်သက်သာနဲ့ပဲဖြတ်သန်းချင်တယ်။ ဘယ်လိုစိန်ခေါ်မှုတွေနဲ့မှ မကြုံဆုံချင်ဘူးဆိုရင်တော့ Comfort Zone ထဲမှာ အေးရာအေးကြောင်း ထိုင်နေနိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အတွေ့အကြုံကောင်းများ၊ အခွင့်အရေးအသစ်များ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Comfort Zone ထဲက ရုန်းထွက်လိုက်ပါ။ ဒါဆိုရင်တော့ သင့်အောင်မြင်မှုအတွက် လိုအပ်တဲ့ စိန်ခေါ်မှုများ၊ အခွင့်အရေးများကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါပြီ။

Source: Hartsteinpsychological.com